ဂရန်မြေကို အရပ်စာချုပ်ဖြင့် ၀ယ်ယူလျှင် ပိုင်ဆိုင်မှုခိုင်မာသလား ?

ဂရန်မြေကို အရပ်စာချုပ်ဖြင့် ၀ယ်ယူလျှင် ပိုင်ဆိုင်မှုခိုင်မာသလား ?

ဂရန်မြေကို အရပ်စာချုပ်ဖြင့် ၀ယ်ယူလျှင် ပိုင်ဆိုင်မှုခိုင်မာသလား ?

ဂရန်မြေကို အရောင်းအဝယ်ပြုလုပ်ကြတဲ့အခါ တန်ဖိုးငွေကျပ် ၁၀၀နှင့်

အထက်ရှိ မရွှေ့မပြောင်းနိုင် သည့်ပစ္စည်းကို မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်လိုအပ်သဖြင့် 

မှတ်ပုံတင်စာချုပ် ချုပ်ဆိုမှသာ တရားဝင်အရောင်း အဝယ်စာချုပ်ဖြစ်ပါမည်။

 အချို့အရောင်းအဝယ်ပြုလုပ်ကျရာတွင် အရပ်ကတိအရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီး 

ဂရန်အမည် ပြောင်းသူထံမှ ကိုယ်စားလှယ်လွှဲစာပြုလုပ်ထားပြီး 

ဆက်လက်ဆောင်ရွက်ခြင်းမပြုဘဲ နေထိုင်နေကြပါသည်။

ကိုယ်စားလှယ်လွှဲစာသည် ပေးအပ်သူ၊ လက်ခံသူ သေဆုံးသွားသည့်အချိန်၊ 

ပေးအပ်သူမှ ပြန်လည်ရုပ်သိမ်း သွားသည့်အချိန်အခါများတွင် 

ဆက်လက်ဆောင်ရွက်၍ မရတော့ပါဘူး။ 

ထိုအခါမှ မှတ်ပုံတင်စာချုပ်ချုပ်ဆိုလိုလျှင် 

သက်ဆိုင်ရာခရိုင်တရားရုံးသို့ မှတ်ပုံတင်စာချုပ်ချုပ်ပေး စေလိုမှု 

တရားစွဲဆိုပြီး တရားရုံးမှ သက်သေများကို စစ်ဆေး၍ 

ပိုင်ဆိုင်မှုမှန်ကုန်ပါက အမိန့်ချပေးမှဖြစ်ပါသည်။ 

အမိန့်ချပြီးမှ တရားလိုသည် အမိန့်အပေါ်အတည်ပြုဆောင်ရွက်ရန်

 တရားမဇာရီမှု့ ဆက်လက်ဖွင့်ပြီး တရားရုံးမှ တာဝန်ပေးအပ်ခြင်းခံရသူက

 ရောင်းသူကိုယ်စားမှတ်ပုံတင်စာချုပ်ချုပ်ဆိုပေးမှာဖြစ်ပါတယ်။ 

ထိုသို့ဆောင်ရွက်ပါက အချိန်ကြာမြင့်မှု၊ ရှေ့နေခကုန်ကျစရိတ်၊ 

တရားရုံးကုန်ကျစရိတ်နှင့် အချိန်ကြာမြင့်မှုများစွာရှိနိုင်ပါတယ်။ 

ထို့အတွက်ကြောင့် ဂရန်မြေကို ဝယ်ယူသူများအနေဖြင့် 

အောက်ပါလုပ်ငန်းစဉ်အတိုင်း တဆက်တည်း လုပ်ဆောင်ထားမှသာ 

တရားဝင်ပိုင်ဆိုင်မှုခိုင်မာမှာဖြစ်ပါသည်။

- စရန်ပေးစာချုပ် ချုပ်ဆိုခြင်း။

- ရောင်းသူကို အရောင်းမြေပုံ/မြေရာဇဝင် ကူးခိုင်းခြင်း။

- မြေငှားဂရန် အမည်ပေါက်မှန်ကုန်မှု ရှိ/မရှိ စစ်ဆေးခြင်း။

- နိုင်ငံပိုင် သတင်းစာတွင် အရောင်းအဝယ်နှင့်ပတ်သက်၍ ကန့်ကွက်သူ ရှိ/မရှိ ကြော်ငြာထည့်သွင်း ခြင်း။

- မှတ်ပုံတင်အထူးကိုယ်စားလှယ်လွှဲစာ ပြုလုပ်ခြင်း။

- အပြီးသတ်ငွေပေးချေခြင်းစာချုပ် ချုပ်ဆိုခြင်း။

- ရန်ကုန်တိုင်းကာလတန်ဖိုးစိစစ်ရေးအဖွဲ့သို့တင်ပြ၍ မြေနှင့်အိမ်တန်ဖိုးသတ်မှတ်ခြင်း။

- မြို့နယ်အခွန်ဦးစီးဌာနတွင် ကာလတန်ဖိုးစိစစ်ရေးအဖွဲ့မှသတ်မှတ်ပေးသည့်တန်ဖိုးအပေါ် ဝယ်ယူခွန် ထမ်းဆောင်ခြင်း။

- တံဆိပ်ခေါင်းခွန်ထမ်းဆောင်ခြင်း။

- ရန်ကုန်မြို့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း။

 စသည့် အဆင့်ဆင့်ဆောင်ရွက်ပြီးမှသာ အရောင်းအဝယ်သည် 

တရားဝင်အရောင်းအဝယ်အဆင့်သို့ ရောက်မည်ဖြစ်ပါသည်။

ထိုသို့ချုပ်ဆိုထားသော မှတ်ပုံတင်စာချုပ်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊

 မြို့ပြ စီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနတွင် မြေအမည်ပေါက်ပြောင်းလဲရန်လျှောက်ထားရမှာဖြစ်ပါသည်။

အထက်ပါအတိုင်း ဆောင်ရွက်ပြီး တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း၊ 

မြေငှားဂရန်တွင် မိမိအမည် ပေါက်ပြောင်းလဲခြင်းများ ဆောင်ရွက်ပြီးမှသာ

 မိမိပိုင်ဆိုင်သောမြေအဖြစ် တာဝန်ဝင်ပိုင်ဆိုင်မှု အထောက် အထားရရှိမှာဖြစ်ပါသည်။

 ထိုမှသာ မိမိတို့စီးပွားရေးလုပ်ငန်းများအတွက် မြေငှားဂရန်အပေါင်ထားပြီး 

ဘဏ်တွင် ချေးငွေလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ 

ထို့ကြောင့် မြေငှားဂရန်အမျိုးအစားမြေကွက်ကို ဝယ်ယူသူများ အနေဖြင့် 

တရားဝင်ပိုင်ဆိုင်မှုရရှိရန် မှတ်ပုံတင်စာချုပ်ချုပ်ဆိုမှသာ နောက်တစ်ချိန်

ပြန်လည်ရောင်းချရာတွင်လည်း အဆင်ပြေချောမွေ့မှာဖြစ်ပါသည်။

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate