မြေကိုအရပ်ကတိစာချုပ်နဲ. အရောင်းအဝယ်တွေလုပ်တာ ဥပဒေအရတရားဝင်ပါသလား

မြေကိုအရပ်ကတိစာချုပ်နဲ. အရောင်းအဝယ်တွေလုပ်တာ ဥပဒေအရတရားဝင်ပါသလား

မြေကိုအရပ်ကတိစာချုပ်နဲ. အရောင်းအဝယ်တွေလုပ်တာ ဥပဒေအရတရားဝင်ပါသလား

ကျွန်တော်တို့နယ်တွေမှာ အိမ်ဝိုင်းဖြစ်စေ ၊ မြေကိုဖြစ်စေ အရပ်ကတိစာချုပ်နဲ့ အရောင်းအဝယ်တွေ လုပ် လေ့လုပ်ထရှိပါတယ် ။ ဒီစာချုပ်တွေက ဥပဒေအရ တရားဝင်ပါသလား ။ ပိုင်ဆိုင်မှုအငြင်းပွားတာတွေရှိရင် တရားရုံးမှာ သက်သေခံအဖြစ် တင်ပြလို့ရပါသလား ။ တရားဝင်အောင် ဘယ်လိုလုပ်ရမလဲ ။

ဖြေ။

နယ်တွေမှာ အိမ်ဝိုင်းဖြစ်စေ၊ မြေကိုဖြစ်စေ အရပ်ကတိတွေနဲ့အရောင်းအဝယ်ပြုလုပ်လေ့ရှိပါတယ်။ အဲဒါဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်လူကြီးစသည်အားဖြင့် အနီးအနားက လူတွေကို သက်သေခေါ်ထားပြီး အရပ်စာချုပ်တွေနဲ့ချုပ်ပြီးလက်ရောက်ယူထားလို့ရှိရင် တရားဝင်ပါတယ်။ တရားဝင်တယ်ဆိုပေမဲ့ ဒီပစ္စည်း ကိိုပိုင်ဆိုင်ခွင့် လက်ရောက်ထားသော်လည်းဘဲ ပစ္စည်းပိုင်ဆိုင်မှုအတွက် ဆိုရင်တော့ သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့စာရင်းအင်းဦးစီဌာနကို သွားပြီးတော့ အဲဒီမြေနဲ့ပတ်သက်ပြီး ဒီဝိုင်းမြေထွေက ပုံစံ ( ၁၀၅ ) ( ၁၀၆ ) မြေစာရင်းရုံးမှာ မှတ်ပုံတင်ခွင့်ရှိသလားဆိုတာ သွားမေးရပါမယ်။ မေးလို့သူတို့ကနေပြီးတော့ ပုံစံ ( ၁၀၅ ) ( ၁၀၆ ) ကူးခွင့်ရှိတယ်၊ မှတ်ပုံတင်ခွင့်လဲရှိတယ် ဆိုလို့ရှိရင်တော့ အဲဒီအတိုင်း မှတ်ပုံတင် ထား မယ်ဆိုရင်တော့ တရားဝင်တဲ့ အရောင်းအဝယ်ဖြစ်ပြီးတော့ အဲဒီစာချုပ်စာတမ်းတွေကလည်း တရားရုံး တွေမှာ သက်သေခံတင်ပြလို့ရပါတယ်။

အဲဒီစာချုပ်တွေနဲ့ပတ်သက်ပြီးတော့ အကယ်၍ အရပ်စာချုပ်ပဲဖြစ်တယ်ဆိုရင်တော့ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ ၅၃ ( က ) အရ သူ့ရဲ့လက်ဝယ်မှာပ စ္စည်းရှိနေခြင်းကြောင့် အကယ်၍ အမွေဆိုင်တွေ အရှုပ်အရှင်း တွေ အငြင်းပွားပြီးတော့ ပိုင်ဆိုင်မှုအငြင်းပွားလာတယ်ဆိုရင်တော့ တဖက်က သူ့ကို တရားစွဲလာတယ်ဆိုရင် ပစ္စည်းလွှဲပြောင်းဆိုင်ရာ ဥပဒေပုဒ်မ ( ၅၃ ) ( က ) အရ သူ့လက်ဝယ်မှာ ထားခွင့်ရှိတယ်ဆိုပြီးတော့ ခုခံကာ ကွယ်ပိုင်ခွင့် အခုလိုအခွင့်အရေးရှိပါတယ်

နောက်တစ်ခါ အရပ်စာချုပ်ဆိုတော့ တံဆိပ်ခေါင်းပြဿနာရှိပါတယ်။ အဲဒီတော့ တံဆိပ်ခေါင်းတွေ တရားဝင် အောင်ဘယ်လိုလုပ်ရမလဲဆိုရင် အဲ့ဒါကို ရုံးတော်ကိုသက်သေခံတင်လိုက်မယ်ဆိုရင် တံဆိပ်ခေါင်းဥပဒေပုဒ် ( ၃၃ ) ၁ အရ ဒီတံဆိပ်ခေါင်းကိုသိမ်းကျုံးပြီးတော့ လိုအပ်တဲ့တံဆိပ်ခေါင်းနဲ့ဒဏ်ငွေကိုပေးဆောင်ပြီးတော့မှ ပေးဆာင်ဖို့အတွက်သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနတွေကို ကော်လ္လိတော်အရာရှိခန့်ပြီး သက်ဆိုင်ရာ ကိုအကြောင်းကြားပါတယ်။မြို့နယ်အခွန်ဦးစီးမှူးတွေကလည်း သူတို့ဆီရောက်လာတဲ့ စာချုပ်စာတမ်းတွေကို ကြည့်ရှုပြီးလိုအပ်တဲ့တံဆိပ်ခေါင်းနဲ့ (၁၀) ဆဒဏ်ငွေရိုက်ပါတယ် ။ ရိုက်ပြီးတော့မှ တရားရုံးတွေကိုပြန်ပြီး ပို့ပါတယ်။ ပို့တဲ့အခါကျလို့ရှိရင်အဲ့ဒီစာချုပ်စာတမ်းတွေက တရားဝင်တဲ့အတွက်ကြောင့် တရားမအမှုတွေမှာ သက်သေခံအဖြစ်တင်သွင်းလို့ရပါတယ်ဆိုတဲ့အကြောင်းကို ဖြေကြားလိုက်ပါတယ်။

ဖြေဆိုသူဒဂုံဦးလှမြင့်

အိမ်ခြံမြေဥပဒေအတိုင်ပင်ခံ

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate