မြေ ပိုင်ဆိုင်မှု ( ၁ - က ) စာရင်း ( I.A ) အကြောင်း ။
မြေ ပိုင်ဆိုင်မှု ( ၁ - က )စာရင်း ( I.A ) အကြောင်း။
မြေ စာရင်း ဌာနမှာ ( ၁ - က ) စာရင်း ( I.A) ဆိုတာ
မြေ ပိုင်ဆိုင်မှု အချက် အလက် မှတ်တမ်း တွေကို
မှတ်ပုံတင် စာရင်း တစ်ခု နဲ့ ထိန်းချုပ် ထားတာ ကို
ခေါ်တာပါ ။ မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနနဲ့
မြို့တော် စည်ပင် မှာတော့ TLR ( Town Land Roll)
လို့ခေါ် ပါတယ် ။ မြို့ မြေရာ စာရင်းလို့ မှတ်ယူ နိုင်
ပါတယ် ။ မြို့ကွက် အတွင်းက မြေကွက် တစ်ကွက်
ချင်း၊ ဦးပိုင် တစ်ခုချင်းရဲ့ မြေရာဇဝင် မှတ်တမ်း ဖြစ်
ပါ တယ် ။ မြေကွက် ပိုင်ရှင် တွေကို ဦးပိုင် အမှတ်
တွေနဲ့ ခွဲခြား မှတ်တမ်း တင်ရ ပါတယ် ။ တစ်ဦးတစ်
ယောက်တည်းရဲ့ ပိုင်ဆိုင်မှု တစ်ဆက် တစ်စပ်တည်း
တည်ရှိပြီး လုပ်ကိုင်ခွင့် တစ်မျိုး တစ်စား တည်း ဖြစ်
တဲ့မြေတွေကို ဦးပိုင် တစ်ခုလို့ သတ်မှတ်တာ ဖြစ်တဲ့
အတွက် ပိုင်ဆိုင်မှု မတူ ရင်ဘဲ ဖြစ်ဖြစ် ၊ ပိုင်ဆိုင် မှု
တူ သော်လည်း လုပ်ကိုင်မှု ၊ မြေ အသုံးချမှု မတူရင်
ဖြစ် ဖြစ် ဒါမှ မဟုတ် တစ်ဆက် တစ်စပ်တည်း မ
ဟုတ်ရင် ဖြစ်ဖြစ် ဦးပိုင် ကွဲသွား ပါတယ် ။
မြို့ကွက်တွေ အကွက် သစ်တိုင်း တဲ့အခါ ကွင်း တစ်
ကွင်း ပြန်လည် တိုင်းတာပြီးရင် ဦးပိုင်ခွဲဖို့ အတွက်
ဦးပိုင်စုံစမ်း သတ်မှတ် ခွဲခြားခြင်း (tenure enquire)
လုပ်ကြ ပါတယ် ။ မြို့ မြေမှာ တစ်ဦး တည်းက ပိုင်
နေတဲ့ မြေကွက်တွေ ဖြစ်ပေမဲ့ အိမ်ရာမြေ အဖြစ်သုံး
နေတဲ့အစိတ် အပိုင်းက ဦးပိုင် တစ်ခု၊ ဆွမ်းလောင်းရုံ
အဖြစ်သုံး နေတဲ့ မြေကွက်နဲ့ ဝပ်ရှော့ ဖွင့်ထားတဲ့ မြေ
ကွက်တွေက ဦးပိုင် တစ်ခုစီနဲ့ ခွဲခြားသတ်မှတ် ပေးရ
ပါတယ် ။ အဲဒီ လို ဦးပိုင် သတ်မှတ် ပြီးတဲ့အခါ မှာ
ပိုင်ဆိုင် ခွင့်တွေ ခွဲခြား ရတယ် ။ ပိုင်ဆိုင် ခွင့်တွေ ၊
လုပ်ကိုင် ခွင့်တွေ I.A မှာ မှတ်တမ်း တင် ရပါတယ် ။
ပိုင်ဆိုင်ခွင့် ( tenure) ဆိုတာကို ဘယ်လို သတ် မှတ်
ထား သလဲ ၊ လုပ် ကိုင်ခွင့် ( status ) အမျိုး အစား
တွေက ဘာတွေ ရှိသလဲ ၊ လုပ်ကိုင် တဲ့ အခြေ အနေ
( description ) ဆိုတာ ဘာတွေလဲ ဆိုတာကို သိဖို့
လိုအပ် ပါတယ်။အဲဒီ ပိုင်ဆိုင်ခွင့် ၊ လုပ်ပိုင်ခွင့်၊အခြေ
အနေ ဆိုတာတွေ သိမှသာ တစ်နည်း ဆိုရရင် မြေစာ
ရင်း ဌာနရဲ့ မြေကွက် ပိုင်ဆိုင်မှု စာရင်း ( record of
possession ) ခေါ်တဲ့ ဦးပိုင် မှတ်ပုံတင် စာရင်း (1-A)
ပုံစံတွေကို သဘော ပေါက် နားလည်မှသာ ( I- A) ပါ
ပိုင်ဆိုင်မှု အမျိုး အစားကို မှန်မှန် ကန်ကန် အဓိပ္ပာယ်
ဖွင့်ဆို နိုင်မှာ ဖြစ်ပါတယ် ။
ပိုင်ဆိုင် ခွင့် ( tenure ) ဆိုတာ ကို I-A မှာ အောက်ပါ
အတိုင်း အမျိုးအစား ခွဲထား ပါတယ် ။
( ၁ ) အပိုင်ရ ထားမြေ ၊ ဘိုးဘွား ပိုင်မြေကို O ၊ အချို့
အရပ်မှာ B ၊
( ၂ ) မြေပိုင် အခြေ အနေ ရရှိတဲ့ ( လယ်ဝယ် ထားရှိ
ပိုင် ခွင့်ရှိ သော ) မြေကို C
( ၃ ) အပိုင် ဂရန် ရထားမြေ ကို G
( ၄ ) အငှား ဂရန် မြေကို L
( ၅ ) လိုင်စင် မြေကို H
( ၆ ) အခွင့် မရဘဲ ဝင်ရောက် ကျူး ကျော် နေထိုင် တဲ့
squarter ကို A လို့ ဖော်ပြ သတ်မှတ် ပါတယ် ။ လုပ်
ကိုင်ခွင့် ( status ) အခြေ အနေကို ခွဲခြား ရာမှာ...
( ၁ ) သီးစားနှင့် ကိုယ်တိုင် ပိုင်ဆိုင် လုပ်ကိုင် သူကို O၊
( ၂ )လွှဲပြောင်း အပေါင်ခံ လက်ရောက် ရရှိသူ များကို
M လို့ ခွဲ ပါတယ် ။
လုပ်ကိုင်မှု အခြေအနေ( description ) ကိုသုံးမျိုး ခွဲ
ခြားထား ပါတယ်...
( ၁ ) စိုက်ပျိုးမှု မလုပ်ကိုင်ဘဲ မြေပေါ် နေသူ R
( ၂ ) နေလည်း မနေ ၊ လုပ်လည်း မလုပ်သူ N
( ၃ ) စိုက်ပျိုး လုပ်ကိုင်သူ AG လို့ခွဲခြား သတ်မှတ်
ဖော်ပြထား ပါတယ် ။
အချို့ နေရာ တွေမှာ " န " တွေနဲ့ ပြတာ လည်း ရှိပါ
တယ် ။ အထက်က ဖော်ပြ ခဲ့သလို I.A မှာ ပိုင်ဆိုင်မှု ၊
လုပ်ကိုင်မှုများသတ်မှတ် ထားတဲ့ အင်္ဂလိပ် သင်္ကေတ
တွေ အပြင် မြန်မာ အက္ခရာနဲ့ သင်္ကေတ တွေရှိသေး
တာ ကိုလည်း တွေ့ရတတ် ပါတယ် ။မြို့ကွက် တွေမှာ
သိပ်မတွေ့ ရပေမဲ့ တောကွင်း တွေမှာ တွေ့ရလေ့ ရှိပါ
တယ် ။ O တွေ ၊ B ,M, G L , H တွေဖော်ပြ ထားတဲ့
I . A တွေ ရှိသလို ပိုင်ဆိုင် မှု tenure ) ကို (က) ၊( ၀ )
၊ ( ရ ) တွေနဲ့ ဖော်ပြတဲ့ I . A တွေ လည်းရှိပါ သေး
တယ် ။ အဲဒီ လို မြန်မာ သင်္ကေတတွေ ကို I. A စာရင်း
က ပိုင်ဆိုင် မှုပြ ( tenure) ခေါင်းစဉ် အောက်မှာ တွေ့
ရ တဲ့အခါ I .A မှာ B , O, C , H , A , M စသ ဖြင့်သာ
ရေးသွင်း အညွှန်း ပြတာ တွေ့နေကျ ကြောင့်ပါ ။ဒီလို
မြန်မာ သင်္ကေတတွေ I . Aမှာ ရှိလာ ရခြင်း ဟာ၁၉၅၃
ခုနှစ် လယ်ယာ မြေနိုင်ငံ ပိုင် ပြု လုပ်ရေး လုပ်ငန်း
ကြောင့်ဖြစ်လာ ရတာပါ။ လယ် / နိုင်လုပ်ငန်းဆောင်
ရွက်တဲ့ အခါတစ်ဦး တစ်ယောက် တည်းက ပိုင်နေတဲ့
ဧက ၅၀ အထက် လယ်မြေတွ ၊ ၂၅ ဧက အထက်ယာ
မြေ တွေကို အစိုးရက သိမ်းယူပြီး မြေယာ ချို့တဲ့နဲ့
မြေမဲ့ ယာမဲ့တွေကို တစ်တုံး ထွန်စီ ပြန်ဝေ ပါတယ် ။
ဒါပေမဲ့ ၁၉၅၃ ခုနှစ် လယ် / နိုင် ဥပဒေက လယ်ယာ
မြေ ဆိုတိုင်း သိမ်းယူ ခံရတာ မဟုတ်ဘဲ သိမ်းယူ
ခြင်းကနေ ကင်းလွတ်ခွင့် ပြုခဲ့တဲ့ မြေတွေ လည်း ရှိ
ပါတယ် ။ ဥပဒေ အာဏာ တည်စဉ် ရွာဖြစ် နေတဲ့ နေ
ရာတွေ ၊သာသနာအဆောက်အအုံ အသုံးပြုနေတဲ့ မြေ
တွေ ၊ ဧက၅ဝအောက်လယ် ၊၂၅ ဧကအောက်ယာမြေ
စသဖြင့်ပေါ့ ။အဲဒီ မြေတွေကို မသိမ်း ပါဘူး ။ သိမ်းတဲ့
လယ်ယာ မြေတိုင်းကိုလည်း ပေးခဲ့တာ မဟုတ်ပါဘူး။
အဲဒီရွာမှာ ဝေမရ လို့ ၊ ဝေဖို့မလို အပ်လို့ ၊ လယ်ပိုင်ရှင်
ကိုယ်တိုင်က စွန့်လွှတ်လို့အစိုးရဆီ ပြန်အပ် မြေတွေ
ရှိပါ သေးတယ် ။ အဲဒီ မြေမျိုးကို ပြန်လည် ဝေငှခြင်း
မပြုဘဲ အစိုးရ မြေလို့ သတ်မှတ် လိုက်တဲ့ မြေလို့ ခေါ်
ပါတယ် ။ လယ် / နိုင် ဆောင်ရွက် တာက တစ်နိုင်ငံလုံး
ဆောင်ရွက် မပြီးစီး ခဲ့ပါဘူး ။ အခက် အခဲတွေ ၊ ပြဿ
နာတွေ မျိုးစုံ တွေ့ရတာကြောင့် ၁၉၅၇ ခုနှစ်လောက်မှာ
လယ် / နိုင်လုပ်ငန်း ဆက်မဆောင်ရွက် နိုင်ဘဲ ရပ်ဆိုင်း
သွားရ ပါတယ် ။ သို့ပေမဲ့ လယ် / နိုင် ဆောင်ရွက်ပြီး ခဲ့
တဲ့ ဒေသတွေမှာ (၁ - က) စာရင်း ပုံစံကို မြေစာရင်းပုံစံ
-၂ နဲ့ ရေးသွင်း ရမယ့် အစား မြေစာရင်း ပုံစံ ၂ -က နဲ့
ပြောင်းလဲ ရေးသွင်း စေခဲ့ ပါတယ် ။ လယ်/ နိုင်လုပ်ပြီး
ဒေသ အတွက် I . A ပုံစံသစ် ဖြစ်ပြီး လယ် / နိုင်မလုပ်
ရသေးတဲ့ ဒေသတွေအတွက် ကတော့ မူရင်း I.A ပုံစံကို
ဆက် အသုံးပြု ရပါတယ် ။အဲဒီလို လယ် / နိုင် လုပ်ပြီး
ဒေသက I.A ပုံစံသစ်မှာ မြန်မာလို ရေးသွင်း ချက်တွေ
ကို အောက်ပါ အတိုင်း ရေးသွင်းဖို့ ညွှန်ကြား ခဲ့တဲ့
အတွက်I.A တချို့မှာ မြန်မာ သင်္ကေတ တွေ တွေ့ရခြင်း
ဖြစ်ပါတယ်။
* "က" ကင်းလွတ်ခွင့်ပြုသည့် လယ်ယာမြေများ၊
* "ဝ" ဝေငှသည့် လယ်ယာမြေများ၊
* " ခ " နိုင်ငံတော် အလိုရှိသည့် အတိုင်း သုံးစွဲ နိုင်သည့်
မြေရိုင်း ကို လယ်ယာ စိုက်ပျိုး လုပ်ငန်း လုပ်ခွင့် သို့
တည်း မဟုတ် အခြားနည်း ဖြင့် သုံးစွဲခွင့်ပြုထား သည့်
မြေ ၊
* "ရ" လယ်ယာ မြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ
ပုဒ်မ ၅အရ သိမ်းယူပြီး ဝေငှခြင်း မပြုနိုင်သဖြင့် ကျန်ရှိ
သည့် မြေနှင့် နိုင်ငံတော် အစိုးရထံ ပြန်အပ် မြေများ ။
I . A မှာ အင်္ဂလိပ်စာလုံး သင်္ကေတ တွေနဲ့ မျက်စိယဉ်
နေရာက ခုလိုမြန်မာ သင်္ကေတတွေ တွေ့တဲ့အခါ " ဝ "
လုံးက ဘာလဲ ၊ “ရ ” ကောက်က ဘာလဲ ။ " က " ကြီး
ကိုဘယ်လို ယူဆရမှာလဲ ဆိုပြီးဇဝေဇဝါ ယောင် တောင်
တောင် ဖြစ်တတ် ပါတယ် ။ အမှန် ကတော့ လယ် / နိုင်
လုပ်ငန်း ဆောင်ရွက်ခဲ့တဲ့ ကွင်းတွေ ၊ဧရိယာတွေ မှာသာ
အဲဒီ မြန်မာ သင်္ကေတတွေ ရှိခဲ့ ပါတယ် ။ ရန်ကုန် တောင်
ပိုင်းခရိုင် တို့ ၊ ကျောက်ဆည် ခရိုင်တို့မှာ အများဆုံးတွေ့
လေ့ ရှိပါတယ် ။ လယ် / နိုင် လုပ်ငန်း ကလည်း ၁၉၅၇
လောက်မှာ ရပ် သွားတော့ “ လန ”မလုပ် ရသေးတဲ့ကျန်
ဒေသနေရာ တွေမှာ ရှေးက သတ်မှတ် ထားတဲ့ အင်္ဂလိပ်
စာလုံး သင်္ကေတ များသာ I . A မှာ ရှိပါတယ် ။ ပြီးတော့
အထူး သိစေလိုတဲ့ အချက် ကတော့ လယ် / နိုင်လုပ်ငန်း
ဆောင်ရွက် တယ် ဆိုကတည်းက လယ်ယာ မြေကိုသိမ်း
ယူခြင်း ၊ ပြန်လည် ဝေငှခြင်း ၊ ကင်းလွတ်ခွင့် ပေးခြင်း
ဆောင်ရွက်တာ ဖြစ်လို့ လ / န ဆောင်ရွက် ခဲ့တဲ့ မြေဆို
တာ လယ်ယာ မြေသာ ဖြစ်ပါတယ် ။ မြို့မြေ မပါပါဘူး ၊
တောမြေ သာ ဖြစ်တယ် ဆိုတာ သိဖို့ပါ ။ မြို့တွေ ၊ ရွာ
တွေက ချဲ့ချဲ့ လာတော့ ကာ လက်ရှိ မြို့ကွက် တွေ ထဲက
I . A မှာ ဒီလို“ ဝ "တွေ ၊ “ က ”တွေ ၊ “ရ"တွေ ၊ " ခ "တွေ
တွေ့ပြီ ဆိုရင် ၁၉၅၃ ခုနှစ်က လယ် / နိုင် လုပ်ခဲ့တဲ့ မြေ ၊
တစ်နည်း ပြောရရင် အဲဒီ မြေဟာ ၁၉၅၃ လယ် / နိုင်
ကာလတုန်းက လယ်ယာမြေသာ ဖြစ်ခဲ့တယ် ဆိုတာအသိ
ဝင်ဖို့ပါ ။ ဒီမြေတွေကို ဂရန် တန်းပေးလို့ မရပါဘူး ။ "ဝ"
လုံးကို O ( အို ) လို့ သွား မထင်ပါနဲ့ ။ လယ် / နိုင်လုပ်ပြီး
ဒေသတွေ အတွက် I . A မှာ ရေးသွင်း ရမယ့် ညွှန်ကြား
ချက်တွေကို ကြေး / မြေ မင်းကြီးရုံးက ညွှန်ကြား သတ်
မှတ်ပေး ခဲ့ခြင်း ဖြစ်ပါတယ် ။ မြေပိုင် ဆိုင်မှု ( ၁ - က )
စာရင်း ( I . A ) အကြောင်း သိရှိနိုင်ရန် ဆရာ ဦးဇော်မင်း
( နတ်မောက် ) ၏ မြေယာ စီမံ ခန့်ခွဲရေး နှင့် မြေအသုံး
ချရေး စာအုပ်မှ ထုတ်နှုတ်ကာ တင်ပြခြင်း ဖြစ်ပါတယ်။
မျိုးမင်းထွန်း
Related Posts
ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...
စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...