ရောင်းဝယ် ၊ ပေါင်နှံ ၊ ချေးငှားတဲ့ ကိစ္စတွေ အတွက် ခိုင်မာတဲ့ စာချုပ် စာတမ်း ဖြစ်ဖို့ ဆိုရင်

ရောင်းဝယ် ၊ ပေါင်နှံ ၊ ချေးငှားတဲ့ ကိစ္စတွေ အတွက် ခိုင်မာတဲ့ စာချုပ် စာတမ်း ဖြစ်ဖို့ ဆိုရင်

ရောင်း ဝယ် ၊ ပေါင်နှံ ၊ ချေးငှားတဲ့ ကိစ္စတွေ အတွက် ခိုင်မာတဲ့ စာချုပ် 

စာတမ်း ဖြစ်ဖို့ ဆိုရင် အရောင်း အဝယ်မှာ နှစ်မျိုး ရှိပါတယ် ။ စရန်ပေး စာချုပ်နဲ့ 

စာချုပ် ကြီး ရှိမှာပေါ့ ။ စရန်ပေး စာချုပ်ဆို တာတော့ မှတ်ပုံတင်

စရာ မလိုပါဘူး ။ အပြီးသတ် မချုပ် ရသေး ဘူးပေါ့ ။ စည်းကမ်းချက် တွေ 

တော့ရှိ တာပေါ့ ။ မရောင်းရင် ဘယ်နှစ် ဆတို့ ၊ ပျက်ကွက်ရင် ဘယ် နှစ်ဆတို့ ။ 

ဒါကတော့ လက်ရောက်လည်း ယူထားတာ မရှိ သေးဘူး ။ ငွေလည်း မချေ 

သေးဘူး ။ ဒီ အရောင်း ဝယ် စရန် ပေးစာချုပ်က သိပ်ပြဿနာ မရှိ သေးဘူး ။ 

ပြဿနာ ရှိတာက အိမ် နဲ့ ခြံကို ဝယ်ပြီး စာချုပ် ချုပ်တဲ့ အခါမှာ တချို့က မှတ်ပုံ 

မတင်ဘူး ။ အရပ် စာချုပ်နဲ့ ပဲ ဝယ်လိုက် တယ်အရပ် စာချုပ်နဲ့ ဝယ်ခြင်း

သည် လည်း မရွှေ့ မပြောင်း နိုင်တဲ့ ပစ္စည်းတန်ဖိုး တစ်သိန်းနဲ့

အထက် ဆိုရင် မှတ်ပုံတင် ရုံးမှာ မှတ်ပုံတင်ကို တင်ရမယ် ။ မှတ်ပုံ မတင်ရင်  

တရား မဝင်ဘူး ။ မှတ်ပုံ မတင်ရင် ဒီအိမ်နဲ့ ခြံ ၊ ဒီဥပစာကို သူမပိုင်ဘူး ။ 

တရားဝင် တိုင်တယ် မရဘူး ။ ဒါကြောင့် မလို့ အဲ့ဒီမှာ ပြဿနာတွေ ရှုပ်ကြ တာ ။

နောက်တခါ..ဝယ်ပြီ ဆိုရင် တိုက်ခန်းပဲ ဖြစ်ဖြစ် ရောင်းတဲ့ သူက တိုက်တယ် ရှိရမယ် ။ 

 

ပြီးတော့ သူက Position ရှိရမယ် ။ ပြီးတော့ လည်း ဝယ်တဲ့ လူကို Position လက်ရောက် အပ်ရမယ် ။ 

ဒါ အရောင်း ဝယ်နဲ့ ပတ်သက် တာပေါ့ ။ ပေါင်ပြီ ဆိုရင်လည်း ဒီလိုပဲ ။ ရွှေ့ပြောင်း နိုင်တဲ့ 

ပစ္စည်း ပေါင်တာက လွယ်ပါတယ် ။ အပေါင်ဆိုင်မှာ သွားပေါင် လိုက် ကိစ္စမရှိဘူး ။ အရပ်ထဲ အပေါင်ခံ 

တဲ့သူက လိုင်စင် ရှိရင် အပေါင်ခံ လို့ ရပါတယ် ။ လိုင်စင် မရှိရင် အပေါင်ခံလို့ မရဘူး ။ မရွှေ့ မပြောင်း

နိုင်တဲ့ ပစ္စည်းတွေ ပေါင်ပြီ ဆိုရင် မှတ်ပုံမတင် လို့ကို မရပါဘူး ။ မှတ်ပုံ မတင်ရင် ပေါင်နှံ ခြင်းဟာ တရား 

မဝင်ဘူး ။  ဒါကြောင့် ပေါင်တယ် လို့ အရပ်ထဲမှာ ပြောနေတဲ့ စကားတွေဟာ အမှန် 

ကတော့ အာမခံ ချက် ပေးတာ ၊ တကယ် ပေါင်တာ မဟုတ်ဘူး ။ ပေါင်တာကို 

လုပ်ချင်ရင် တရားဝင် မှတ်ပုံတင် ပါလို့ အကြံပြု ချင်တယ် ။ နောက်တစ်ခါ ချေးတယ် ဆိုတာ 

လည်း ဒီလိုပဲ ။ အချို့ ကျတော့ ငွေချေး သူများ လိုင်စင် မရှိဘူး ။ မရှိဘဲနဲ့ ငွေ ချေးပြီး 

အတိုးယူလို့ မရဘူး ။ အတိုး ယူရင် အဲဒီ လိုင်စင်ကို ဖောက်ဖျက် တဲ့အတွက် သူ့မှာ အပြစ် ရှိတယ် ။

တရားရုံး မှာ သက်သာခွင့် တောင်းရင် သူ့မှာ ငွေချေး စားသူများ လိုင်စင် မရှိတဲ့အတွက် 

ရနိုင်မှာ မဟုတ်ဘူး ။ နောက် .. ငွေချေး လုပ်ငန်း လုပ်ရင် လုပ်ငန်း လိုင်စင် ရှိရဦးမယ် ။ 

လိုင်စင် မရှိဘဲနဲ့ အုပ်စုဖွဲ့ပြီး ငွေချေး ကြတယ် ။ အဲဒါ ကလည်း ထောင်ဒဏ် ငါးနှစ် ထိရှိ ပါတယ် ။ 

တရား မဝင်ဘူး ။ နောက် တစ်ခု ကတော့ လိုင်စင်လည်း မလို ပါဘူး ။

 မိတ်ဆွေ အပေါင်း အသင်း သူမှာ အခက်ခဲ ရှိလို့ ကူညီတဲ့ အနေနဲ့ ကိုယ်က ချေးတာ ။ 

ချေးလို့ ရတယ် ။ ကူညီတာ.. အတိုးယူလို့ မရဘူး ။ ဒီလုပ်ငန်းနဲ့ အသက် မွေးဝမ်း ကြောင်းပြုတာ 

မဟုတ်ရဘူး ။ အသက် မွေးဝမ်းကြောင်း ပြုရင် လိုင်စင် ယူရမယ် ။ မိတ်ဆွေကောင်း အနေနဲ့ 

တစ်ယောက်ရဲ့အခက်အခဲကို ကူညီတာ ဆိုရင် လိုင်စင် မလိုဘူး ။ အတိုး မယူရဘူး ၊ ချေးလို့ ရတယ် ။ 

ချေးတာကို ပြန်ရ လိုမူ ၊ တရားမမူနဲ့ တရားစွဲ တောင်းလို့လည်း ရတယ် ။ 

ဒါဆိုရင် ပေါင်တာ ၊ ချေးတာတာ ၊ ရောင်းတာနဲ့ ပတ်သက်ပြီး အမှား အယွင်း မရှိအောင် 

အဲ့ဒီ နည်းအတိုင်း ဆောင်ရွက် ပါလို့ပဲ အကြံပေး ချင်ပါတယ် ။

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate