အိမ် ခြံ မြေ အား မေတ္တာဖြင့် ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုမည့်သူများအတွက်

အိမ် ခြံ မြေ အား မေတ္တာဖြင့် ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုမည့်သူများအတွက်

အိမ် ခြံ မြေ အားမေတ္တာဖြင့်ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ် 
ချုပ်ဆိုမည့် သူများအတွက် မိခင် ၊ ဖခင် မှ သားသမီးများ 

အကို၊အမ မှ ညီ ၊ ညီမ သို့ပေးကမ်းလိုသော 

သူများအတွက်လမ်းညွန်
 

၁။ မေတ္တာဖြင့် ပေးကမ်းခြင်း‌မြေပုံ ၊

- ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် 
မိမိပိုင်ဆိုင်သော ဂရန်‌မြေ ၊ မြေပိုင်‌ ။   ‌‌
မြေများကို အထောက်ထားပြုပြီး 
မေတ္တာဖြင့်ပေးကမ်းခြင်း မြေပုံ မြေရာဇ၀င်
လျောက်ထားကူးယူရပါမည် ။ ကြာချိန် ၃၀ ရက်။

လိုအပ်သောစာရွက်စာတမ်များ

* မိမိတို့ပိုင်ဆိုင်သော ဂရန် ၊‌ မြေပိုင်‌ မူရင်း ၊ မိတ္တူ

* မှတ်ပုံတင် မူရင်းမိတ္တူ

* မြေခွန်ပြေစာ ၊ မြေပိုင်‌မြေ ဆို မလိုပါ ။

* ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊‌
မြေစီမံခန့်ခွဲမူ့ဌာနဖွင့်ရက်မှာ တနလာ ၊ ဗုဒ္ဓဟူး ၊ သောကြာ ပါ ။


 

၂။ မြို့နယ်အခွန်ရုံးတွင် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန်တန်ဖိုးသတ်မှတ်ခြင်း
 

___________________________________________
မေတ္တာဖြင့်ပေးကမ်းခြင်း‌‌ မြေပုံရပါက မိမိတို့နေထိုင်ရာ 
မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန သို့သွားရောက်ထွက်ဆိုချက်ပေးရပါမည်။

လိုအပ်သောစာရွက်စာတမ်းများ

* ပေးလိုသောမြေ ၊ အိမ်ဓါတ်ပုံ

* မေတ္တာဖြင့်ပေကမ်းသည့် စာချုပ်

* မေတ္တာဖြင့်ပေကမ်းခြင်း မြေပုံမြေရာဇ၀င်

* မိမိတို့ပိုင်ဆိုင်သောဂရန် ၊‌ မြေပိုင်‌ 

* ပေးသူ မှတ်ပုံတင် ၊ သန်ခေါင်စာရင်း

* လက်ခံသူ မှတ်ပုံတင် ၊ သန်ခေါင်စာရင်း

* မိခင် ၊ ဖခင် ၊ အကို ၊ အမတော်စပ်ကြောင်း ကျမ်းကျိန်

* အဖိုးစားနား ရယူခြင်းမရှိ ၊ မိမိပိုင်သော ၊ 
စီမံခန့်ခွဲလျက်ရှိသော ကျမ်းကျိန်လွှာ ( ပေးသူမှကျိန်ရပါမည်,)

* မိခင်ဖခင်မှ သားသမီးများ ရှိသည့်အနက် တစ်ဦးတည်းသာပေးပါက 
ကျန်မောင်နှမများ သဘောတူသိရှိ‌‌ကြောင်း ၊ ကန့်ကွက်ရန် မရှိကြောင်း 
တစ်ဦးချင်းစီမှ ကျမ်းကျိန်တစ်စောင်ချင်းစီ ( မောင်နှမ ငါးယောက်ဆို 
ကျမ်းကျိန် ကုန်ကျစားရိတ် နဲ့ သွားပြီ ၊ အချက်လက်များ ၊
မှတ်ပုံတင် နံပါတ်များ မမှားစေရန် သတိပြုပါ)

* ပေးသူ ၊ ယူသူ ခံ၀န်ချုပ် ( အခွန်ရုံးမှာ နမူနာတောင်းကြည့်နိုင်ပါတယ် ၊၊ )

* စာချုပ်ပါ သက်သေနှစ်ယောက် နဲ့ မှတ်ပုံတင်မူရင်း

အထက်ဖော်ပြပါ အားလုံးစုံလျှင် ၊ စာရွက်စာတမ်းများအား မိတ္တူ (၃) စုံ ဆွဲပါ ၊
မူရင်းများအားလုံးနှင့် ပေးသူ ၊ ယူသူ ၊ အသိသက်သေများ ၊
ကျမ်းကျိန်ထားသူများပါ လိုက်သွားရပါမည် ။
အခွန်ရုံးရှိ သက်ဆိုင်ရာအရာရှိထံ မှန်ကန်‌ကြောင်း ထွက်ဆိုချက်ပေး ၊
လက်ပွေနှိပ် ၊ ဓါတ်ပုံရိုက်မှတ်တမ်း တင်တာ၀န်ကျအရာရှိမှ လုပ်ပါသည် ၊
( တချို့ရုံးမှာတော့ဓါတ်ပုံမရိုက်ပါ၊၊ ) တခါတရံ တာ၀န်ကျအရာရှိ 
အစည်းဝေးသွားခြင်း ၊ ကွင်းဆင်းသွားခြင်းများရှိပါတယ် ၊
၀န်ဆောင်မူ့ ပေးသူအ‌နေဖြင့် အရာရှိနှင့် ကြိုတင်ချိန်းထားသင့်ပါတယ် ။

* ၂/၃ ပတ် ခန့် ကြာလျှင် ခွင့်ပြုမိန့် ကျပါပြီ ၊ တံဆိပ်ခေါင်းခွန် ၄% ချလံအခွန်ရုံးတွင်ယူပြီး၊
သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်တွင် ငွေသွင်းပါ ၊
ဘဏ်မှ‌ ငွေသွင်းချလံ တပိုင်းပြန်ပေးပါမည် ၊
အဆိုပါ‌ချလံဖြင့် အခွန်ရုံးပြန်သွားပြီးတံဆိပ်ဂေါင်းထုတ်ပါ ။


 

၃။ စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင်မှတ်ပုံတင်ခြင်း
 

__________________________________________
အဆိုပါ တံဆိပ်‌ခေါင်းများရပါက ရန်ကင်းမြို့နယ်ရှိ ၊
စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ခ 0-5%
( အခွန်ရုံးမှ သတ်မှတ်သည့်တန်ဖိုးရဲ့ 0-5% /
သိန်း 100 လျှင် 50000 နှုန်း ) ထပ်မံ ထမ်းဆောင် မှတ်ပုံတင်ရပါမည်။

* လိုအပ်သော စာရွက်စာတမ်းများ

* ပိုင်ဆိုင်မူ့ အထောက်ထား ( ဂရန် ၊ အမည်ပေါက်စာချုပ် )

* ဘဏ် ငွေသွင်းထားသည့် ချလံ

* တံဆိပ်ဂေါင်း ၊ 4% နှင့် မေတ္တာပေးစာချုပ် ၊ မေတ္တာပေး မြေပုံတွဲချုပ်

* သက်သေနှစ်ယောက် နှင့် မှတ်ပုံတင် မူရင်း

* ပေးသူ ၊ ယူသူ နှင့် မှတ်ပုံတင်မူရင်း

* အစိုးရ ရုံးဖွင့်ရက်တိုင်း  နံနက် ၉:၀၀ မှ စတင်မှတ်ပုံတင်ပေးပါသည်။

* မှတ်ပုံတင် စာချုပ်မှာ (၃) ပတ်နေလျှင်ပြန်ရွေးရပါမည်


 

၄-ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင်မြေအမည်ပြောင်းဆောင်ရွက်ခြင်း

____________________________________________

လိုအပ်သောစာရွက်စာတမ်များ

* မိမိတို့ပိုင်ဆိုင်သောဂရန် ၊‌ မြေပိုင်‌ မူရင်း ၊ မိတ္တူ

* မေတ္တာဖြင့် ပေးကမ်းခြင်း စာမှတ်ပုံတင်စာချုပ် မူရင်း ၊ မိတ္တူ

* လက်ခံရရှိသူမှတ်ပုံတင် မူရင်းမိတ္တူ

* မြေခွန်ပြေစာ၊မြေပိုင်‌မြေဆိုမလိုပါ။

* ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊‌
မြေစီမံခန့်ခွဲမူ့ဌာနဖွင့်ရက်မှာ တနလာ ၊ ဗုဒ္ဓဟူး ၊ သောကြာ ပါ

အမူ့တွဲဖွင့်ပြီး ၄၅ ရက် ကြာရင် အမည်ပြောင်းလို့ပြီးပါပြီ ။

လက်ရှိ ဆောင်ရွက်နေသည့် အကြောင်းအရာများပါ။
တခါတရံ ရုံးတွင်းညွန်ကြားချက်များကြောင့် အပြောင်းလဲရှိနိုင်ပါတယ်။
 

 လေးစားစွာဖြင့်မျှဝေခြင်းပါ

Crd; UTZ law firm

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate