အိမ်ဂရန်ကို အပေါင်ထားပြီး ငွေချေးယူထားလို့ ပြန်မဆပ်နိုင်ပါက အိမ်ကို သိမ်းဆည်းနိုင်ပါသလား

အိမ်ဂရန်ကို အပေါင်ထားပြီး ငွေချေးယူထားလို့ ပြန်မဆပ်နိုင်ပါက အိမ်ကို သိမ်းဆည်းနိုင်ပါသလား

အိမ်ဂရန် ကို အပေါင်ထားပြီး ငွေချေးယူထားလို့ ပြန်မဆပ်နိုင်ပါက အိမ်ကို သိမ်းဆည်းနိုင်ပါသလား 

============================

 

အိမ် ဂရန်ကို အပေါင်ထားတယ်ဆိုတာ ရပ်ကွက်ထဲမှာ ထားတာလား၊ 
ဒါမှမဟုတ်ရင် ဘဏ်မှာ အပေါင်ထားတာ လား ။ 
ရပ်ကွက်ထဲမှာ အပေါင်ထားရင် အဲ့ဒီလူသည် အပေါင်ခံခွင့် ၊ 
ပိုင်ခွင့် ရှိရဲ့လား ဆိုတဲ့အပိုင်းလေးတွေ စဉ်းစားရမှာ ဖြစ်ပါတယ်။ 
သို့သော် အပေါင်ထားပြီး ငွေချေးတဲ့အခါမှာ အတိုးမပါဘဲနဲ့ 
ပြန်ဆပ်ခိုင်းတဲ့ အခါမျိုး ကျရင်လည်း သူ့ကို တရားမကြောင်းအရ 
တရားစွဲဆိုပြီး မြေကို လက်ရောက် ရလိုမှုတွေနဲ့ စွဲသွားရင် 
အိမ်ပါသွား နိုင်ပါတယ်။ ဘဏ်ဆိုရင်တော့ ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းအရ 
အိမ်ကို သိမ်းပိုင်ခွင့်ရှိပါတယ်။ ဘဏ်က ထိန်းသိမ်းထားမှာမဟုတ်ဘဲ 
ဒီအိမ်ကို ချိတ်ပိတ်သိမ်းဆည်းပြီးတော့ လေလံပစ်ပြီး 
ဘဏ်က ငွေပြန်ရအောင် ယူမှာပါ။ 

ပုဂ္ဂလိက အနေနဲ့ကတော့ အသေးစားငွေရေးကြေးရေး အဖွဲ့များ ဥပဒေအရတော့ 
သူသည် ငွေချေးပိုင်ခွင့်ရှိရင် လည်း တရားမဥပဒေများအရ 
ဒီမြေနဲ့ အိမ်ကို လက်ရောက်ယူမှု တရားမကြောင်းစွဲ ပြီးလုပ်ပါလိမ့်မယ်။ 
ရပ်ကွက်ထဲမှာ ကိုယ့်အချင်းချင်း အပေါင်ထားတဲ့ ကိစ္စကတော့ နဂိုတည်း က 
ဥပဒေက ခွင့်မပြုထားတဲ့ကိစ္စကို လုပ်ထား တာဖြစ်တဲ့အတွက် 
ပေါင်သူကော အပေါင်ခံသူကော နှစ်ယောက်စလုံးက ဥပဒေကို 
ကျုးလွန်နေကြတာ ဖြစ်လို့ ဒီကိစ္စအပေါ်မှာ ဝေဖန်ချက်မပေးလိုပါဘူး ။ 
နည်းနည်းလေးဖြည့်ပြောချင်တာက ဂရန်ကို ပေါင်ထားတယ်ဆိုရင် 
ဂရန်မှာ ပါတဲ့စည်းကမ်းချက်တွေ ကို ဖတ်ကြည့်ပါ ။ 
ဂရန်ထုတ်ပေးတဲ့ ကောလိတော် အရာရှိရဲ့ ခွင့်ပြုချက် မရရှိဘဲ 
ဘာတွေမလုပ်ရဘူးဆိုတဲ့  တားမြစ်ချက်တွေ ပါပါတယ်။ 
အဲဒီတားမြစ်ချက်ကို လုပ်လိုက်တာနဲ့ ကောလိ တော် အရာရှိက 
အဲဒီသူ့ ဂရန်ကို ဖျတ်သိမ်းပြီး မြေပေါ်က နှင်ပိုင်ခွင့်လည်း ရှိပါတယ်။ 
ဒါကိုလည်း ဂရန်ရတဲ့ သူတွေအနေနဲ့ သိထားဖို့ လိုပါတယ်။


 

Credit  #DVBLawLab #DVBtvnews

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate