ခိုးရာပါပစ္စည်းကို ဝယ်ယူမိပါက

17-Nov-21 အခြား
ခိုးရာပါပစ္စည်းကို ဝယ်ယူမိပါက

ခိုးရာပါပစ္စည်းကို ဝယ်ယူမိပါက

မိမိဝယ်ယူခဲ့သော ပစ္စည်းသည် ခိုးရာပါပစ္စည်းဖြစ်နေပါက 

ထိုပစ္စည်းကို မိမိဆုံးရှုံးနိုင်သည့် အပြင် ဝယ်ယူစဉ်က

 ခိုးရာပါပစ္စည်းဖြစ်ကြောင်း ယုံကြည်ရန် အကြောင်းရှိလျက်နှင့် 

ဝယ်ယူပါက ခိုးရာပါပစ္စည်းကို မရိုးမဖြောင့်သောသဘောနှင့် 

လက်ခံမှုဖြင့် ပြစ်ဒဏ်ကြခံရမည် ဖြစ်ပါသည်။

ရာဇသတ်ကြီး ပုဒ်မ ၄၁၀ တွင် ခိုးရာပါပစ္စည်းကို

ခိုးယူခြင်းဖြင့်သော်၎င်း၊ ခြောက်လန့်တောင်းယူခြင်းဖြင့်သော်၎င်း ၊

 လုယက်ခြင်းဖြင့်သော်၎င်း၊ လက်ပြောင်းသွားသော ပစ္စည်းသည် ၊

 ထို့ပြင်ရာဇဝတ်မကင်းသော အလွဲသုံးစားမှုပြုခြင်းခံရသော ၊

 သို့တည်းမဟုတ် ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု

 ကျူးလွန်ခြင်းခံရသောပစ္စည်းသည်၊ ထိုသို့လက်ပြောင်းခြင်းကို ၊ 

သို့တည်းမဟုတ် အလွဲသုံးစားပြုခြင်းကို ၊ 

သို့တည်းမဟုတ် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ကျူးလွန်ခြင်းကို 

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၌ဖြစ်စေ ၊  အပ၌ဖြစ်စေ ၊

 ခံရသည်ဖြစ်လျှင် ၊ ခိုးရာပါပစ္စည်းမည်၏ ။

 သို့ရာတွင် ထိုပစ္စည်းသည် ဥပဒေအရ လက်ရှိဖြစ်ထိုက်သူ၏

 လက်သို့နောင်ပြန်လည်ရောက်ရှိသည့်အခါ ၊ ခိုးရာပါ ပစ္စည်းအဖြစ်မှ ရပ်စဲ၏။

ရာဇသတ်ကြီး ပုဒ်မ ၄၁၁ တွင် ခိုးရာပါပစ္စည်းကို 

မရိုးမဖြောင့်သောသဘောနှင့် လက်ခံခြင်းကို

မည်သူမဆို ၊ ခိုးရာပါပစ္စည်းဖြစ်ကြောင်း သိလျက်နှင့် ၊

 သို့တည်းမဟုတ် ထိုသို့ယုံကြည်ရန် အကြောင်း ရှိလျက်နှင့် 

ထိုပစ္စည်းကို မရိုးမဖြောင့်သော သဘောဖြင့် လက်ခံခြင်းသော်၎င်း ၊ 

ဆက်လက်ထားရှိခြင်းသော်၎င်း ပြုလျှင် ၊ 

သုံးနှစ်ထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ၊

 ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ခိုးရာပါပစ္စည်းကို ရိုးသားစွာလက်ဝယ်ရရှိပြီးနောက်

 ခိုးရာပါပစ္စည်းဖြစ်ကြောင်းသိလျက်နှင့် ဆက်လက်ထားရှိလျှင် 

မရိုးမဖြောင့်သောသဘောဖြင့် ဆက်လက်ထားရှိသည့် 

ပြစ်မှုကျူးလွန်သည် (ဘီအယ်လ်အာရ် အတွဲ ၅၊ စာ ၁၃၄) ။ 

မိမိထံတွင် တစ်စုံတစ်ယောက်မှ ပစ္စည်းတစ်ခုခုကိုလာရောင်းပါက 

ပစ္စည်း၏ အနေအထား ၊ ပစ္စည်း၏ဈေးနှုန်း ၊ 

လာရောက်ရောင်းချသူ၏ အခြေအနေကို အကဲခတ်ပြီးမှ 

ပစ္စည်းကို ဝယ်ယူရန်လိုအပ်ပါသည်။ 

မိမိသည် ခိုးရာပါပစ္စည်းကို ဝယ်ယူမိပါက

 ထိုပစ္စည်းကို ပိုင်ဆိုင်ခွင့်ရမည်မဟုတ်ဘဲ

 မူလပိုင်ရှင်၌သာလျှင် ပိုင်ဆိုင်ခွင့်ရှိပါသည်။

 

TH Law firm limited

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate