အထူး ကိုယ်စား လှယ်လွှဲစာ SP ( Special Power ) လွှဲယူသည့် နည်းလမ်းနှင့် သတိပြု ရမည့် အချက်များ

16-Nov-21 အခြား
အထူး ကိုယ်စား လှယ်လွှဲစာ  SP ( Special Power ) လွှဲယူသည့် နည်းလမ်းနှင့် သတိပြု ရမည့် အချက်များ

အထွေထွေ ကိုယ်စား အထူး ကိုယ်စားလှယ်လွှဲစာ GP ( General Power )

အထူး ကိုယ်စားလှယ်လွှဲစာ SP ( Special Power ) လွှဲယူသည့် 

နည်းလမ်းနှင့် သတိပြု ရမည့် အချက်များ အထွေထွေ ကိုယ်စားလှယ်လွှဲစာ 

ဆိုသည်မှာ လူတစ်ဦးမှ အခြား လူတစ်ဦးသို့ ၎င်း ပိုင်ဆိုင်သော မရွှေ့  မပြောင်း 

နိုင်သောပ စ္စည်း ၊ ရွှေ့ပြောင်း နိုင်သော ပစ္စည်းနှင့် အရပ်ရပ်ကိစ္စ 

အားလုံး အတွက် ၎င်းကိုယ်တိုင် ဆောင်ရွက် ဘိသကဲ့သို့ ၎င်း ကိုယ်စား လက်မှတ် 

ရေးထိုး လုပ်ကိုင် ဆောင်ရွက် နိုင်စေရန် အတွက် ခန့်အပ်သည့် ကိုယ်စားလှယ် လွှဲခြင်းကို ဆိုလိုသည် ။

အထူး ကိုယ်စား လှယ်လွှဲစာ SP (Special Power) အထူး ကိုယ်စားလှယ်လွှဲစာ ဆိုသည်မှာ 

လူတစ်ဦးမှ မိမိ ပိုင်ဆိုင်ခွင့် အားလုံးထဲမှ တစ်စုံ တစ်ခုကို သီးသန့် ဆောင်ရွက် နိုင်ရန် 

ရည်ရွယ်၍ အထူး ကိုယ်စားလှယ်လွှဲစာ ကို ပေးအပ်ခြင်း ဖြစ်ပါသည် ။ 

( အထူး သဖြင့် အိမ် ၊ ခြံ ၊ မြေ အရောင်း အဝယ် လုပ်ရာတွင် အမည်ပေါက် ပိုင်ဆိုင်သူမှ 

တစ်ဆင့် ဝယ်ယူသို့ ရောင်းချရာတွင် ဝယ်ယူသူ အမည်ပေါက် ရရှိ ရေးအတွက် 

သက်ဆိုင်ရာ ရုံးဌာန အသီးသီးတွင် လိုက်လံ ဆောင်ရွက် နိုင်ရန် အထူး ကိုယ်စားလှယ်လွှဲစာ 

ကိုသာ ပေးကျခြင်း ဖြစ်ပါသည် ။အထူး ကိုယ်စားလှယ်လွှဲစာ SP ( Special Power ) 

 

အကြောင်း သတိပြု ရမည့် အချက်များ

- SP ပေးသည် ဆိုရာ၌ မြေအမည် ပေါက်သူ ကိုယ်တိုင် ပေးရမည် ဖြစ်ပြီး 

( မြေကွက် တစ်ခု၏  SP ရထားသူမှ အခြားသူ တစ်ဦးသို့ ယင်း မြေကွက်နှင့် ပတ်သက်ပြီး 

ထပ်ဆင့် SP လွှဲပေးလို့ မရပါ ။ )

- SP ပေးလို့ ရသော မြေများမှာ ဂရန်မြေ ဘိုးဘွား ပိုင်မြေ ( မြေပိုင်မြေ ) ၊  လန -၃၉ နှင့် ၃ ( ခ ) 

တို့ဖြစ်ပြီး 

စလစ် မြေပါမစ် မြေ ၊ ကျူးကျော်မြေ တို့မှာ SP ပေးလို့ မရပါ ။

- လယ်မြေ နှင့် ဥယျာဉ်ခြံ မြေ တို့တွင် အမည်ပေါက် ပုံစံ ( ၇ ) ကျပြီးပါက SP 

ပေးလို့ ရပါသည် ။

- SP လွှဲအပ် ရာတွင် သက်ဆိုင်ရာ ကြေးတိုင်းနှင့် မြေ စာရင်းရုံးတွင် မှတ်ပုံတင် 

အရာရှိ ရှေ့တွင် လည်းကောင်း ၊ စာချုပ် စာတမ်း မှတ်ပုံတင်ရုံး တွင်လည်းကောင်း  မှတ်ပုံတင်   

ပြီးပေးမှ တရား ဝင်မည် ဖြစ်ပါသည် ။အထွေထွေ ကိုယ်စား လှယ်လွှဲစာ GP (  General Power  ) 

အကြောင်း သတိပြု ရမည့် အချက်များ

- GP ပေးသည် ဆိုရာ၌ မိမိ၏ ပိုင်ဆိုင်သမျှ အရာအားလုံးကို လွှဲအပ် ခံရသူအား မိမိကိုယ်စား

 လုပ်ခွင့် ပေးခြင်း ဖြစ်ပြီး ( GP ရထားသူမှ အခြားသူ တစ်ဦးသို့ ယင်းမြေကွက်နှင့် ပတ်သက်ပြီး 

ထပ်ဆင့် GP လွှဲပေးလို့ မရပါ ။) SP , GP ကို ဘယ်လို လွှဲအပ်မလဲ ။

- သက်ဆိုင်ရာ ကြေးတိုင်း နှင့် မြေစာရင်းရုံး တွင် လည်းကောင်း ၊ စာချုပ် စာတမ်း မှတ်ပုံတင်ရုံးတွင်

လည်းကောင်း လွှဲအပ်သူ ၊ သက်သေ ( ၂ ) ဦးတို့ လက်မှတ် ရေးထိုး၍ လူကိုယ်တိုင် လိုက်ပါ ဆောင်ရွက်ရန် 

လိုအပ် ပါတယ် ။

- လွှဲအပ် သူက နေမကောင်းလို့ ဆေးရုံပေါ် ရောက်နေရင်လည်း ဆေးကုနေကြောင်း အထောက်အထား ၊ 

သတိ ကောင်းကြောင်း အထောက်အထားများ ရယူပြီး သက်ဆိုင်ရာ ရုံးကို ပြင်ပသို့ လိုက်ပါ မှတ်ပုံတင် 

ပေးရန် ( ကော်မရှင်နာ )  လျှောက်ထားပါက သက်ဆိုင်ရာ အရာရှိမှ နေအိမ်သို့ လိုက်ပါ ဆောင်ရွက် 

ပေးမှာ ဖြစ်ပါတယ် ။

- လွှဲအပ်မည့် သူက နိုင်ငံခြား ရောက်နေတာ ဆိုရင်တော့ သူရောက် နေနဲ့ နိုင်ငံမှာ မြန်မာနိုင်ငံ 

ဆိုင်ရာ သံရုံးရှိ တာဝန်ရှိသူ ရှေ့မှောက်မှာ လွှဲအပ်လို့ ရပါတယ် ။ သံရုံး မရှိ ရင်တော့ ကောင်စစ် 

ဝန်ရုံးမှာ လွှဲရပါတယ် ။ သံရုံးရော ၊ ကောင်စစ် ဝန်ရုံးရော မရှိတဲ့ ဒေသ ရောက်နေတာ ဆိုရင်တော့ ရှိတဲ့ 

ဆီသွား လွှဲရမှာ ဖြစ်ပါတယ် ။

- လွှဲအပ်မည့် သူက ရဲအချုပ် ကျနေရင် စခန်းမှူး ၊ တာဝန်မှူး ရှေ့မှောက်မှာ လွှဲရပါတယ် ၊ 

ထောင်ကျ နေတာဆိုရင်တော့ တာဝန်ခံ ထောင်မှူးရှေ့မှာ လွှဲအပ် ရယူ နိူင်ကြပါတယ် ။

Special Power ၊ General Power တွေဟာ အခြေအနေ ( ၇ ) မျိုးမှာ ပြန်လည် ပျက်ပြယ် သွားနိုင် ပါတယ် ။

 

အဲဒီ အခြေအနေ တွေကတော့ -

( ၁ ) SP, GP အားပြန်လည် ရုပ်သိမ်း သောအခါ SP , GP ကိုလွဲပေးသူက အကြောင်း ခိုင်လုံမှု 

ရှိရင် မိမိ သဘောအရ ပြန်လည် ရုပ်သိမ်း နိုင်ပါသည် ။ ထိုသို့ ရုပ်သိမ်း သောအခါ SP , GP တွေဟာ 

ပျက်ပြယ် သွားတတ်တယ် ။

( ၂ ) လက်ခံသူမှငြင်းပယ်၍ ပျက်ပြယ်ခြင်း SP, GP တို့ကို တစ်စုံတစ်ယောက် သောသူက ကိုယ်စားလှယ်လွှဲ 

အပ်ပေး ပေမယ့် လက်ခံရမယ့် သူက အကြောင်း တစ်စုံတစ်ရာ ပြပြီး လက်ခံခြင်း မရှိခဲ့လျှင် ထို SP , GP 

တို့ဟာ ပျက်ပြယ် ပါတယ် ။

( ၃ ) ကိစ္စပြီး ဆုံးလျှင် လည်း ပျက်ပြယ်ပါသည် SP တစ်စောင်ကို အကြောင်းအရာ တစ်ခုဖြင့် လွဲအပ် 

ပေးပါတယ် ။ ဥပမာ - မြေပုံ မြေရာဇဝင် ထုတ်ယူဖို့နဲ့  ခြံစည်းရိုး ခတ်ရန် ။ အဲဒီလို အကြောင်းအရာ နှစ်ခုနဲ့ 

လွဲအပ် ပေးထားတဲ့ SP တစ်စောင်ဟာ မြေပုံ မြေရာဇဝင် ထုတ်ယူဖို့နဲ့  ခြံစည်းရိုးနဲ့ ပတ်သက်တဲ့ ကိစ္စအဝဝ 

ပြီးဆုံးသွားပြီ ဆိုတဲ့ အချိန်မှာ ထို SP သည် ပြီးဆုံးခြင်း ၊ ပျက်ပြယ်ခြင်း သို့ ရောက်ပါတယ် ။

( ၄ ) လွှဲအပ် / လက်ခံသူ တစ်ဦးဦး သေဆုံးခြင်း SP , GP တို့ကို လွှဲအပ်သူ( သို့ ) လွှဲအပ်ခြင်း လက်ခံသူ 

တစ်ဦးဦး သေဆုံး သွားခဲ့လျှင် ထို SP , GP တွေဟာ ပျက်ပြယ်ခြင်း ၊  ပြီးဆုံးခြင်းသို့ ရောက်ပါတယ် ။

( ၅ ) ရူးသွပ်ကြခြင်း အလားတူပင် SP, GP တို့ကို လွှဲအပ် / လက်ခံသူ တစ်ဦးဦး ရူးသွပ် သွားခဲ့ လျှင်လည်း ထို SP , GP 

တို.သည် ပျက်ပြယ်သည် ( သို့ ) ပြီးဆုံးခြင်း သို့ရောက်ပါတယ် ။

( ၆ ) နှစ်ရှည် ထောင်ကျခြင်း SP , GP တို့ကို လွှဲအပ်သူ ( သို့ ) လက်ခံသူ တစ်ဦးဦးသည် နှစ်ရှည် အကျဉ်းထောင် 

ကျခြင်းခံ ခဲ့ရပါမူ ထို SP, GP တို့သည် ပျက်ပြယ်ခြင်း ( သို့ ) ပြီးဆုံးခြင်းသို့ ရောက်ပါတယ် ။

( ၇ ) လူမွဲ အဖြစ်ခံ ယူကြခြင်း SP , GP တို့ကို လွှဲအပ်သူ ( သို့ ) လက်ခံသူ တစ်ဦးဦးက လူမွဲ အဖြစ်ခံယူ လိုက်လျှင် 

အဲဒီ SP , GP တို့ ပျက်ပြယ်ခြင်း ( သို့ ) ပြီးဆုံး သွားပြီးလို့ မှတ်ယူရပါမယ် ။

#ဥပဒေရေးရာ # gp sp အကြောင်း

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate