အိမ် ခြံ မြေ အရောင်း ဝယ် စာချုပ်ကို မှတ်ပုံတင် ပြုလုပ်ရာမှာ ပုံစံ ၁၀၅ / ပုံစံ ၁၀၆ အရေးပါပုံ ။

အိမ် ခြံ မြေ အရောင်း ဝယ် စာချုပ်ကို မှတ်ပုံတင် ပြုလုပ်ရာမှာ     ပုံစံ ၁၀၅ /  ပုံစံ ၁၀၆ အရေးပါပုံ ။

အိမ် ခြံ မြေ အရောင်း ဝယ် စာချုပ်ကို မှတ်ပုံတင် ပြုလုပ်ရာမှာ     ပုံစံ ၁၀၅ /  

ပုံစံ ၁၀၆ အရေးပါပုံ ။ စာချုပ် စာတမ်း မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၂၁ တွင် 

မရွှေ့ပြောင်း နိုင်သော ပစ္စည်း ရောင်းဝယ် / ပေးကမ်း / စွန့်လွှတ်

စသည့် စာချုပ်များ မှတ်ပုံတင် ချုပ်ဆိုလျှင် " မြေပုံ / မြေရာဇဝင် " မပါရှိခဲ့လျှင်

လက်ခံချုပ် ဆိုခြင်း မပြုရ လို့ပါရှိ ပါတယ် ။ မြေပုံ မြေရာဇဝင် ဆိုသည်မှာ 

နှစ်စဉ် အမြဲ ပြောင်းလဲ အတည်ပြု ရေးဆွဲ နေရပါသော" မြို့ပြ မြေစာရင်း "မှ

ကောက် နုတ်ချက် မိတ္တူသာ ဖြစ်ပါ၍ မှန်ကန်မှု ရှိ / မရှိ ဆိုတာကို 

အိုးအိမ် ဦးစီး ဌာန ( သို့ ) မြို့တော် စည်ပင် တို့တွင်သာ တိုက်ဆိုင် စစ်ဆေး 

နိုင်ပါသည် ။ 

 

မြို့နယ် မြေစာရင်းရုံးက ထုတ်ပေးတဲ့ ပုံစံ၁၀၅ ကမြေပုံ  /  ပုံစံ၁၀၆ 

ကမြေရာဇဝင် အဲ့ဒီ နှစ်ရွက် ပေါင်းကို မြေပုံ / မြေရာဇဝင် ဟုခေါ်ပါတယ် ။

မြို့တော် စည်ပင်က ထုတ်ပေးတဲ့ မြေပုံ ကလေး ပါတာကို မြေပုံ ၊ မြေရာဇဝင် 

ပါတဲ့ စာရွက်ကို မြေရာဇဝင် လို့ခေါ်ပြီး ၂ရွက် ပေါင်းလိုက်တော့ မြေပုံ / မြေရာဇဝင်

ဖြစ်သွား ပါတယ်။ သို့သော် အိမ်အသစ် ဆောက်ရင် / အကြီးစား ပြင်ရင် / မှတ်ပုံတင် 

စာချုပ်ချုပ်ရင် / အဝီစိ တွင်းတူးရင် / မြေကွက် ခွဲရင် / ခြံစည်းရိုး ခတ်ချင်ရင် / မှတ်တမ်း 

အဖြင့် သိမ်းထား ချင်ရင် မြို့တော် စည်ပင်မြို့ပြ မြေယာ စီမံခန့်ခွဲမှု ဌာနမှာ 

လျှောက်ထား ရယူနိုင် ပါကြောင်း အကြံပေး လိုပါတယ် ။

 

Crd

အောက်တွင်၁၀၅ / ၁၀၆မြေပုံ မြေရာဇဝင် ပုံစံကို ပူးတွဲ ဖော်ပြ လိုက်ပါသည် ။ 

# ဥပဒေရေးရာ

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate