စည်ပင်တိုက်ခန်း သက်တမ်းတိုး အသေးစိတ်

16-Nov-21 အခြား
စည်ပင်တိုက်ခန်း သက်တမ်းတိုး အသေးစိတ်

ဆရာမနက်ကတင်ထားတဲ့ စည်ပင်တိုက်ခန်း အကြောင်းကိုတော့သိပြီ။ 

သက်တမ်းတိုး ဖို့ကြတော့ အသေးစိတ် သိချင်ပါတယ်။ 

ဖော်ပြပေးပါ ခင်ဗျား။  

မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှုးရုံး သို့ တိုက်ခန်းများ
အမည်ပြောင်း လျှောက်ထားရာတွင် 
အောက်ဖော်ပြပါ အချက်များကို 
သတ်မှတ် လျှောက်လွှာပုံစံ နှင့်အတူ ပူးတွဲ တင်ပြရမည်.....

ကိုယ်တိုင်ရေး လျှောက်လွှာ (၁) စောင်

အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ 
ထုတ်ပေးသော အဆောက်အအုံ နေထိုင်ခွင့်စာချုပ် (သို့)
သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ၏ 
တိုက်ခန်း နေရာချထားခြင်း လက်မှတ် (၁) စောင်

တိုက်ခန်း လွှဲပြောင်း လက်ခံခြင်း သဘောတူစာချုပ် မိတ္တူ (၁) စောင်

သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်၏ 
တိုက်ခန်း ပိုင်ဆိုင်သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက် (၁) စောင်

တိုက်ခန်း လွှဲပြောင်းသူ၊ တိုက်ခန်း လက်ခံသူ တို့၏ မူရင်း နှင့်
တိုက်ဆိုင် စစ်ဆေးထားသော နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ (၁) စောင်

တိုက်ခန်း လွှဲပြောင်းသူ၏ လိုင်စင်ဓါတ်ပုံ (၂) ပုံ

တိုက်ခန်း လွှဲပြောင်းသူ၏ မူရင်းနှင့် 
တိုက်ဆိုင် စစ်ဆေးထားသော အိမ်ထောင်စုစာရင်း မိတ္တူ (၁) စောင်

တိုက်ခန်း လွှဲပြောင်းသူ၏ အမည်ပြောင်းလဲခြင်းအား 
ကန့်ကွက်ရန် မရှိကြောင်း ဝန်ခံကတိပြုချက် (၁) စောင်

ရေခွန်ပေးဆောင်ပြီး ပြေစာမိတ္တူ(သို့) လွှဲပြောင်းလက်ခံသူမှ 
တိုက်ခန်းနှင့် ပတ်သတ်သည့် ကြွေးကျန်ကိစ္စများ 
တာဝန်ယူဖြေရှင်းမည့် ဝန်ခံကတိပြုချက် (၁) စောင်

အထက်ပါ စာရွက် စာတမ်းများ စုံလင်စွာ 
တင်ပြ လျှောက်ထားနိုင်ပြီး ဌာနမှ စိစစ်မှုများ ပြုလုပ်ကာ 
အောက်ပါ လုပ်ငန်းစဉ်များ အတိုင်း ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

(က) တိုက်ခန်း အမည်ပြောင်း လျှောက်ထားချက် ကို 
စိစစ်ပြီး လွှဲပြောင်းသူ နှင့် လက်ခံသူ တို့ ကိုယ်တိုင်
လက်ထောက် ဌာနမှူး (မြေရာ) ၏ ရှေ့တွင်
လက်မှတ်ရေးထိုး လွှဲပြောင်းပေးရမည်။

(ခ) လျှောက်ထားသူ မှ သက်မှတ် ဝန်ဆောင်ခ 
ပေးသွင်းပြီးမှ အမည်ပြောင်းခွင့်ပြုမည်။

(ဂ) တိုက်ခန်း လွှဲပြောင်းသူ ကိုယ်တိုင်
လာရောက် လွှဲပြောင်းခြင်း မပြုပါက နေ့စဉ် သတင်းစာတွင် 
ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာစေမည်။

 (အမည်ပြောင်းသူမှ ကြော်ငြာခကို ကျခံရမည်)

(ဃ) သတ်မှတ်ထားသော ကာလအတွင်း ကန့်ကွက်ချက် မရှိပါက 
အမည်ပြောင်း လျှောက်ထားသူမှ မူလ အဆောက်အအုံ နေထိုင်ခွင့်
စာချုပ်အား ပယ်ဖျက်၍ အမည်ပြောင်း လျှောက်ထားသူအမည်ဖြင့် 
ချုပ်ဆိုထားသော စာချုပ်ကို ဆက်လက် ချုပ်ဆိုပေးပါမည်။

(င) ကော်မတီက စီမံခန့်ခွဲလျှက်ရှိသော တိုက်ခန်းများ၏ 
သတ်မှတ်ထားသော မြေဌားခ ကို နေထိုင်သူများထံမှ 
တိုက်ခန်း အမျိုးအစားအလိုက် သတ်မှတ်ထားသည့်
ဘဏ္ဍာရေးနှစ်အလိုက် ကော်မတီက ကောက်ခံသွားမည် ဖြစ်ပါယ်။

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate