လယ်ယာမြေအငြင်းပွားမှုများကို မေးမြန်းသူတို့အတွက်

16-Nov-21 အခြား
လယ်ယာမြေအငြင်းပွားမှုများကို မေးမြန်းသူတို့အတွက်
လယ်ယာမြေအငြင်းပွားမှုများကို မေးမြန်းသူတို့အတွက် မကွေးတိုင်းဒေသကြီး
အစိုးရအဖွဲ့၌ ဖော်ပြထားသော လယ်ယာမြေအငြင်းပွားမှုတိုင်ကြားစာပုံစံကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။ 
မေးမြန်းသော ကိစ္စရပ်တွင် မြေနုကျွန်းကိစ္စပါဝင်လာသဖြင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဖြေရှင်းဆောင်ရွက်ပေးသောပုံစံကို ရွေးချယ်တင်ပြပေးလိုက်ခြင်းဖြစ်ပါသည်။
သို့
ဥက္ကဌ
တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့
ရက်စွဲ . . ၂၀၂၁
အကြောင်းအရာ။ လယ်ယာမြေအငြင်းပွားမှုတင်ပြနိုင်ကြားခြင်း
………….. မြို့နယ်၊ ……………………… ကျေးရွာအုပ်စု၊ ကွင်းအမှတ် ( ……….)၊ ကွင်းအမည် ……………..၊ ဦးပိုင်အမှတ်(…………) ရှိ ယာ/ လယ်မြေဧရိယာ( ………) ဧက ကို…………….. မြို့နယ်၊ ……….. ကျေးရွာ နေ ဦး/ ဒေါ် …………………. မှ ကျူးကျော်ဝင်ရောက်/ ပုံစံ(၇) ထုတ်ယူလုပ်ကိုင်နေသဖြင့် လယ်ယာမြေအငြင်းပွားမှုအား ဖြေရှင်းဆောင်ရွက်ပေး ပါရန် တင်ပြတိုင်ကြားအပ်ပါသည်။
လက်မှတ် -
အမည် -
နိုင်ငံသားစိစစ်ရေးကတ် ပြားအမှတ် -
နေရပ်လိပ်စာ -
ဖုန်းနံပါတ် -
မိတ်တူကို
လက်ခံ
ထို့အပြင် မကွေးတိုင်းအတွင်း နေထိုင်သူပြည်သူတို့အနေဖြင့် အောက်ဖော်ပြပါ ကိစ္စရပ်များကိုလည်း  ဆိုင်ရာဌာနများတွင် လျှောက်ထားဆောင်ရွက်နိုင်ကြောင်း အသိပေးဖော်ပြလိုက်ပါသည်-
- သီးသန့်ရေတိုင်သွယ်ယူခွင့်လျှောက်ထားခြင်း၊ သက်ဆိုင်ရာမြို့နယ်စည်ပင်တွင် စာရွက်ပုံစံတောင်းယူ၍ လျှောက်ထားနိုင်ပါသည်။
- ဗွီဒီယိုလု့ပ်ငန်းသစ် / သက်တမ်းတိုးလျှောက်ထားခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လျှောက်လွှာပုံစံကို တောင်းယူ၍ လျှောက်ထားနိုင်ပါသည်။
- စီးပွားကြော်ငြာဆိုင်းဘုတ်စိုက်ထူခွင့်ပြုပါရန်လျှောက်ထားခြင်း၊ မြို့နယ်စည်ပင် တွင် လျှောက်ထားရန်
- စားသောက်ဆိုင်လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း၊ မြိုနယ်စည်ပင်တွင် လျှောက်ထားရန်
- အဆောက်အအုံဆောက်လုပ်ခွင့်/ ပြင်ဆင်ခွင့်လျှောက်ထားခြင်း၊ မြို့နယ်စည်ပင်
- အုတ်/သဲ/ ကျောက်စရစ်/ မြေနီထုတ်လုပ်ခွင့်လိုင်စင်လျှောက်ထားခြင်း ၊ အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လျှောက်ထားရန်
- မြို့မြေငှားဂရန် လျှောက်ထားခြင်း၊ သက်ဆိုင်ရာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လျှောက်ထားရန်
- အိမ်သုံးမီတာတပ်ဆင်ခွင့်ပြုပါရန်လျှောက်ထားခြင်း၊ မြို့နယ်လျှပ်စစ်မှူး/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ထံသို့လျှောက်ရန်
- သိမ်းဆည်းမြေများအတွက် ဆောင်ရွက်ပေးပါရန် တင်ပြတိုင်ကြားခြုင်း ၊ တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ထံ လျှောက်ထားရန်
- လယ်ယာမြေအငြင်းပွားမှုများကို တင်ပြတိုင်ကြားခြင်း၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
- ပုဂ္ဂလိက အထွေထွေရောဂါကုဆေးခန်းလုပ်ငန်းအတွက် လျှောက်ထားခြင်း၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာန သို့လျှောက်ထားရန်
- ကျေးရွာစက်သုံးဆီအရောင်းဆိုင်များဖွင့်လှစ်ရန် ဒေသခံပြည်သူများလျှောက်ထားနိုင်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၁.၁၁.၂၀၂၀) ရက်စွဲဖြင့် ကျေးလက်ဒေသအသေးစားစက်မှုလုပ်ငန်းများနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး လူမှုအဆင့်အတန်းနှင့် ဝင်ငွေပိုမိုတိုးတက်မြင့်မားစေရေးတို့ အတွက် ကျေးရွာစက်သုံးဆီအရောင်းဆိုင်( Village Mini Pump Station) ဖွင့်လှစ်ရန် အတွက် လျှောက်ထားနိုင်ကြောင်း ကြေငြာခဲ့သဖြင့် အစိုးရအဖွဲ့ရုံးတွင် လျှောက်လွှာပုံစံတောင်းယူ၍ သို့ဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဟုလိပ်စာတပ်ခါ လျှောက်ထားနိုင်ကြောင်းလည်း အသိပေး ဖော်ပြလိုက်ပါတယ်
- အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေထိုင်သူတို့အနေဖြင့်လည်း အထက် ဖော်ပြပါအတိုင်းဆိုင်ရာဌာနများတွင် လျှောက်ထားခြင်းဖြင့် မိမိတို့လိုအပ်နေသော အရာများဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။
- စေတနာများစွာဖြင့် -
- ဆရာကြီးမိုးထက်(၂၆.၁၁.၂၀၂၀) ရက်နေ့ နံနက်(၉) နာရီ(၁၇) မိနစ်

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate