အဆောက်အဦး ပြီးစီးကြောင်း လက်မှတ် (BCC) မရသေးသော တိုက်ခန်းကို ဝယ်ယူနေထိုင်ခြင်း၏ အားနည်းချက်
အဆောက်အဦး ပြီးစီးကြောင်း လက်မှတ် (BCC) မရသေးသော
တိုက်ခန်းကို ဝယ်ယူနေထိုင်ခြင်း၏ အားနည်းချက်
အဆောက်အဦး ပြီးစီးကြောင်းလက်မှတ် (BCC) ရရှိမှသာ
တိုက်ခန်းများတွင် တရားဝင်လူနေထိုင်ခွင့်ရရှိ မှာဖြစ်ပါသည်။
ကန်ထရိုက်တာများသည် အဆောက်အဦး ဆောက်လုပ်ခြင်းအတွက်
အခွန် ဆောင်ရန်ကို ရှောင်ရှားရန်
အဆောက်အဦး ပြီးစီးကြောင်း လက်မှတ် (BCC)
မလျှောက်ထားဘဲ နေထိုင်နေကျတာကို တွေ့ရပါ တယ်။
အဆောက်အဦး ပြီးစီးကြောင်း လက်မှတ် (BCC) မရသေးသည့်
အဆောက်အဦးသည် ကိုယ်ပိုင် မီတာ လျှောက်ထားလို့ မရသေးပါဘူး။
တစ်တိုက်လုံးအတွက် စုပေါင်းအသုံးပြုသည့် မီတာ
တစ်လုံးထဲကို နေထိုင်သည့်အခန်းများ အချိုးကျထည့်ဝင် ကျခံရပါတယ်။
ထိုသို့ အချိုးကျထည့်ဝင်ကျခံခြင်းသည် ကုန်ကျစရိတ်များပြားခြင်း၊
မီအား လုံလောက်စွာ အသုံး မပြုနိုင်ခြင်း စသည့် ဒုက္ခတွေရှိပါသည်။
အဆောက်အဦး ပြီးစီးကြောင်း လက်မှတ် (BCC) လျှောက်ထားဖို့
မည်သူ့တွင် တာဝန်ရှိသလဲဆိုလျှင် ကန်ထရိုက်တာနှင့် မြေရှင်
ချုပ်ဆိုသော စာချုပ် ပေါ် မူတည်ပြီး နှစ်ဦး အချိုးကျ ထည့်ဝင် ကျခံရန်
(သို့မဟုတ်) ကန်ထရိုက်တာ တစ်ဦးတည်းကျခံရန် ဆုံးဖြတ်ရမှာဖြစ်ပါသည်။
တိုက်ခန်း ဝယ်ယူသူများက စုပေါင်း အခွန်ဆောင်ရန် တာဝန်မရှိပါ။
တိုက်ခန်း ဝယ်ယူသူများကို ရောင်းချသည့်အခါ
လူနေထိုင်ခွင့် ရရှိရန်အတွက် အဆောက်အဦး ပြီးစီးကြောင်း လက်မှတ်
(BCC) ရရှိအောင် ဆောင်ရွက်ပေးရမည့်တာဝန်သည် ရောင်းသူနှင့်သာ သက်ဆိုင်ပါသည်။
အဆောက်အဦး ပြီးစီးကြောင်း လက်မှတ် (BCC) ခွင့်ပြုချက် မကျမီ
လူနေထိုင်သည့် ကိစ္စအတွက် သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီမှ
စစ်ဆေးတွေ့ရှိ၍ ဒဏ်ငွေ ကောက်ခံခြင်းများ ရှိလာပါကလည်း
ဒဏ်ငွေကျခံရန် တာဝန်သည်လည်း
ကန်ထရိုက်တာ (သို့မဟုတ်) မြေရှင်ကသာ တာဝန်ယူကျခံရမှာဖြစ်ပါ သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥပဒေပုဒ်မ-၃၁၂(င)အရ
ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက် နေထိုင်ခြင်း ၊ အသုံးပြုခြင်း အတွက်
နေ့စဉ် ငွေဒဏ် ကျပ်တစ်သောင်းမှ ကျပ်ငါးသောင်းထိ
ပြစ်ဒဏ် ချမှတ်နိုင်သည်အထိ အရေးယူ ခံရနိုင်ပါတယ်။
အဆောက်အဦး ပြီးစီးကြောင်း လက်မှတ် (BCC) မကျသေးသည့်
တိုက် ဖြစ်သည့်အတွက် ကိုယ်ပိုင် လျှပ်စစ်မီတာ တပ်ဆင်ရန် ကိစ္စကိုလည်း
ထည့်သွင်း စဉ်စားရပေမည်။
ကိုယ်ပိုင် လျှပ်စစ်မီတာ တပ်ဆင်ရန် အတွက် ကုန်ကျစရိတ်ကို
မည်သူ ကျခံမလဲ ဆိုတာလည်း အရေးကြီးကိစ္စအဖြစ် ပါဝင်လာပြန်သည်။
လျှပ်စစ် မီတာတစ်လုံးကို ၅သိန်းကျော်ကုန်ကျနေသည့် ခေတ်ကာလတွင်
အရောင်းအဝယ်စာချုပ်တွင် ကြိုတင် ညှိနှိုင်း ချုပ်ဆိုထားခြင်း မရှိပါက
ရောင်းသူများ ဖြစ်သော ကန်ထရိုက်တာ နှင့် မြေရှင် တို့သည်
တိုက်ခန်း ဝယ်ယူသူထံ မှ ကုန်ကျစရိတ် ထပ်မံ ကောက်ခံခြင်းများ ရှိနေပါသည်။
ထို့ကြောင့် အထက်ပါကိစ္စများကို စတင်ဝယ်ယူသည့်အချိန်က
စာချုပ်ချုပ်ရာတွင် ထည့်သွင်းချုပ်ဆို ထားမှသာ
အခန်း ဝယ်ယူသူများ အနေဖြင့် ပိုမို စိတ်ချရမှာဖြစ်ပြီး
စာချုပ်တွင် မပါဝင်ပါက ကန်ထရိုက်တာ နှင့် မြေရှင် သည်
တိုက်ခန်း ဝယ်ယူသူများကို အချိုးကျ ထည့်ဝင်ခိုင်းခြင်း ၊
ကုန်ကျစရိတ် ကောက်ခံခြင်းများ ရှိနိုင်ပါတယ်။
ထို့အတွက် တိုက်ခန်း ဝယ်ယူမည်ဆိုလျှင်
အဆောက်အဦး ပြီးစီးကြောင်းလက်မှတ် (BCC) ခွင့်ပြုချက်
မရရှိသေး သည့် တိုက်ခန်းများကို မဝယ်ယူသင့်ကြောင်း
အဆောက်အဦးပြီးစီးကြောင်းလက်မှတ် (BCC) ရရှိပြီး
လူနေထိုင် ခွင့်ရပြီးသား တိုက်ခန်းကိုရွေးချယ်ဝယ်ယူခြင်းဖြင့်
အထက်ကဖော်ပြထားသည့် ကိစ္စများကို ရှောင်ရှားနိုင်မှာ ဖြစ်ပါသည်။
(အောက်တွင်bcc နမူနာပုံစံကိုပူးတွဲဖော်ပြပေးလိုက်ပါတယ်။ )
Crd: ဥပဒေရေးရာ
Related Posts
GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...
ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...
“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...