အရောင်းအ၀ယ် လုပ်ချိန်မှာ စရန်ငွေ ချတော့မယ် ဆိုရင်
အရောင်းအ၀ယ် လုပ်ချိန်မှာ စရန်ငွေ ချတော့မယ် ဆိုရင်
အိမ် ခြံ မြေ အရောင်းအ၀ယ်ပဲ ဖြစ်ဖြစ် ၊
အခြား အရောင်းအ၀ယ် ပြုလုပ်ချိန်မှာ ခိုင်မာမှု ၊
စျေးကွက်အခြေအနေ ပေါ်မူတည်ပြီးတော့
ပိုင်ရှင်ဘက်က ငွေ ပြန်မအမ်းနိုင်တဲ့
အခြေအနေမျိုးအထိ ၀ယ်ယူသူ အနေနဲ့
စရန်ငွေ ချထားသင့်တယ်လို့ သိရပါတယ်။
စရန်ငွေကို အရောင်းအ၀ယ် ပြုလုပ်တဲ့
တန်ဖိုးငွေ စုစုပေါင်းရဲ့ မည်ရွေ့မည်မျှပေးရမယ်လို့
ပုံသေသတ်မှတ်ထားတာ မရှိသလို
မည်မျှ ပေးရမယ်လို့ အစဉ်အလာ အတိအကျ မရှိပါဘူး။
စရန်ငွေ ပေးခြေရာမှာ ၀ယ်သူအနေနဲ့ သတိပြုရမယ့် အချက်မှာ
အရောင်းအ၀ယ် ပြုလုပ်တဲ့ မြေကွက် ၊ အဆောက်အုံကို
မိမိ စရန်ငွေပေးထားစဉ် ကာလအတွင်း မိမိထက် စျေးပိုပြီး
စျေးကောင်းပေးသူ ၊ စျေးပိုပေးသူ ပေါ်ပေါက်လာရင်
ဖော်ပြပါ စရန်ငွေရဲ့ နှစ်ဆကို လျော်နိုင်အောင်
လုံလောက် စိတ်ချရတဲ့ စရန်ငွေကို ပေးချေဖို့ ဖြစ်ပါတယ်။
ရောင်းသူ အနေနဲ့လည်း လုံလောက်ခိုင်မာတဲ့ ၊
စိတ်ချရမယ့် စရန်ငွေကိုသာ လက်ခံသင့်ပါတယ်။
မဖြစ်စလောက် မပြောပလောက်တဲ့ စရန်ငွေကို လက်ထဲပိုက်ပြီး
အကြောင်းကြောင်းကြောင့် မ၀ယ်ဖြစ်တော့တဲ့ ၀ယ်သူကို
လူမှုရေးငဲ့တဲ့ အနေနဲ့ စရန်ငွေကိုလည်း အဆုံးခံစေပြီး
မသိမ်းပဲ ကာလရှည်စွာ စောင့်မျှော်နေရင် အဲ့သည့်
အရောင်းအ၀ယ် လည်း မဖြစ် ၊ တခြား ၀ယ်လက်ကောင်းကိုလည်း
ဆုံးရှုံးပြီး အချိန်ကုန် လူပန်း ဖြစ်မှာကို သတိပြုဖို့ လိုအပ်ပါတယ်။
အလားတူ တချို့ ရောင်းသူအနေနဲ့ ရောင်းချမယ့်
အဆောက်အအုံရှိ အိမ်ငှားတွေ ရဲ့ အိမ်လခ တွေ ၊ စပေါ်ငွေ တွေ
ပြန်အမ်းဖို့ မြေကိစ္စတွေ ရှင်းလင်းဖို့စတဲ့
ငွေကြေး လိုအပ်ချက်တွေ ရှိနိုင်တာကြောင့်
ရောင်းသူအနေနဲ့ စရန်ငွေကို လက်ခံရာမှာ
မိမိ အခြေအနေအလျှောက် အဲသည် စရိတ်စကတွေကိုလည်း
ထည့်သွင်းစဉ်းစားပြီးမှ စရန်ငွေကို လက်ခံဖို့ လိုအပ်ပါသည်။
၀ယ်သူအနေနဲ့ စရန်ငွေ မပေးချေမီ အစစအရာရာ
အသေးစိတ်လေ့လာ ဆုံးဖြတ်ပြီးမှ ပေးချေသင့်ပါတယ်။
စရန်ငွေ ပေးချေပြီးမှ အရောင်းအ၀ယ် သဘောတူစာချုပ်ပါ
စည်းကမ်းတချို့ကို မကြိုက်လို့ ဖြစ်စေ၊ ထပ်မံ ဖြည့်စွက်စရာရှိလို့ ဖြစ်စေ
ထပ်မံ ဆွေးနွေးဖို့ ရှိလာရင် စရန်ငွေ ပေးထားပြီး ဖြစ်တာကြောင့်
၀ယ်သူအနေနဲ့ အားနည်းချက် ရှိနေမှာဖြစ်ပါတယ်။
အိမ်ခြံမြေ ၀ယ်ယူရာမှာ အရေးကြီးတဲ့ အချက်အချာတစ်ခုမှာ
မြေအကျယ်အ၀န်း စာချုပ်ပါအတိုင်း အမှန်အကန် အတိအကျ
ရှိမရှိကို စစ်ဆေးပြီးမှ စရန်ငွေပေးခြေဖို့ လိုအပ်ပါတယ်။
Crd: ဥပဒေရေးရာ
Related Posts
ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...
လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...
ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...