နယ်မှာ ဂရန်လျှောက်ရင် ဘယ်လောက်ကြာသလဲ

13-Aug-21
နယ်မှာ ဂရန်လျှောက်ရင် ဘယ်လောက်ကြာသလဲ
မျိုးမင်းထွန်း
ယခင်က မြေငှားဂရန် ထုတ်ပေးမှုများ၌ မြေဧရိယာ (၁)ဧကအထိကို ရက်ပေါင်း(၄၀) အတွင်း ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပေးပါသည်။
မြေဧရိယာ (၁)ဧကအထက်မှ (၅)ဧကအထိကို ရက်(၆၀)အတွင်း ပြည်နယ်တိုင်း အုပ်ချုပ်ရေးမှူး၏ စိစစ်ခွင့်ပြုချက်ဖြင့် ခရိုင်ထွေအုပ်မှ ထုတ်ပေးပါသည်။ 
မြေဧရိယာ(၅)ဧက အထက်ကို (၈၁)ရက်အတွင်း ရုံးချုပ်၏ ခွင့်ပြုချက်ဖြင့် ခရိုင်ထွေအုပ်မှ ထုတ်ပေးပါသည်။
ယခုထပ်မံ၍ ပြင်ဆင်ဖြေလျှော့ ပေးထားသည့် လုပ်ထုံးလုပ်နည်းများအရ -
(၁) ဧကအထိကို ၃၂ ရက်၊
(၁) ဧကမှ (၅)ဧကထိ ၄၈ ရက်၊
(၅) ဧကအထက်ကို ၇၃ ရက်လို့ ညွှန်ကြားထားပါကြောင်း..။
ထို့သို့ သတ်မှတ်ရက်များအတွင်း ထုတ်ပေးသွားနိုင်ရေး ဆင့်ကဲ ကြပ်မတ်ဆောင်ရွက်ရန်၊ သတ်မှတ်ထား သည့် အချိန်အတွင်း မြေငှားဂရန်များ ထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန်လို့ ရုံးချုပ်က ညွှန် ကြား ထားရှိပါ သည်။ (ယခုသတ်မှတ်ချက်မှာ အမှုတွဲစတင်ဖွင့်လှစ်သည့်နေ့မှ ဂရန်ထုတ်ပေးသည့်နေ့အထိ ရေတွက်ခြင်း ဖြစ်ပါသည်။ ဂရန်လျောက်သောမြေက အရှုပ် အရှင်းကင်းပြီး အချက်အလက် ပြည့်စုံသော မြေဖြစ်ရပါမည်။ လျောက်ထားသူ မြေပိုင်ရှင်ဘက်က အချက်အလက် ပြည့်စုံရန်၊ အရှုပ်အရှင်း ကင်းရန်လို အပ်ပါသည်။ ကန့်ကွက်ခြင်း၊ အရှုပ်အရှင်းများရှိခြင်း၊ အချက်အလက် မပြည့်စုံခြင်းများရှိပါက အချိန်ကြန့် ကြာခြင်း၊ မြေဂရန်မရနိုင်ခြင်းများ ရှိနိုင်ပါသည်။)
ထို့အပြင် မြေဂရန်နှင့်ပတ်သက်၍ လိုက်နာ ဆောင်ရွက်ရန် အချက်များအနေနဲ့ မြေငှားဂရန်၊ လိုင်စင်များ ချထားပေးခြင်းသည် ပြည်သူလူထု၏ စိတ်ချယုံကြည်မှု ရှိစေခြင်းအပြင် နိုင်ငံတော်အတွက် ထိုက်သင့်သည့် အခွန်ငွေ ရရှိစေခြင်းဖြစ်သဖြင့် မြေငှားဂရန် လျှောက်ထားခြင်း မရှိသေးသူများအား လျှောက်ထားလာစေရေး စည်းရုံးဆောင်ရွက်သွားရန်၊ သက်တမ်းလွန် ဂရန်များအား ဂရန်သက် တမ်းတိုး လျှောက်ထားစေရေး အဆင့် ဆင့် စိစစ်ကြပ်မတ် ဆောင်ရွက်သွားရန်၊
စကွာတာ ကျူးကျော်မြေများနှင့် စနစ်တကျ ကျူးလွန်မြေများကို ကွင်းဆင်းတိုင်းတာ၍ ဒဏ်ကြေးအဖြစ် အထက်မြန်မာနိုင်ငံတွင် အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်နည်းဥပဒေ(၅၁) (ဈဈ)အရ မြေငှားခနှုန်းထား၏ (၃)ဆ စည်းကြပ် ကောက်ခံသွားရန်နှင့် အောက်မြန်မာနိုင်ငံတွင် အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ ပုဒ်မ ၁၉ အရ မြေငှားခနှုန်းထား၏ (၅)ဆ စည်း ကြပ်ကောက်ခံသွားရန်၊
မြို့မြေငှားဂရန်များ ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်နိမိတ်အတွင်း ပါဝင်သော်လည်းမူလစိုက်ပျိုးမြေအမည် ပေါက်လျက်ရှိသော မြို့မြေအဖြစ် သတ် မှတ်ထားခြင်း မရှိသေးသော မြေများအား မြို့မြေအဖြစ် မြေအမျိုး အစားပြောင်းလဲ သတ်မှတ်နိုင်ရေး တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန် ဆောင်ရွက်သွား ရန်၊
မြို့မြေများအား ကွက်စိပ်တိုင်းတာနိုင်ရန်အတွက် Boundary Officer နှင့် Demarcation Officer ခန့်အပ် တာဝန်ပေးနိုင်ရေး အမြန်တင်ပြဆောင်ရွက်ရန်၊
မြေငှားဂရန်အသစ် ထုတ်ပေးခြင်းများနှင့်ပတ်သက်၍ မြေယာဥပဒေ၊ လုပ် ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြု ထုတ်ပေးသွားရန်၊ ပြည်သူလူထုနှင့် ဌာနဆိုင်ရာများအကြား အုပ်ချုပ်မှုအားနည်းချက်များ၊ အခြားအဂတိ လိုက် စားမှုများ မဖြစ်ပေါ်စေရေးအတွက် ပြည်သူလူထု၏ အကျိုးစီးပွားကို တည်ဆဲဥပဒေများ၊ လုပ်ထုံးလုပ် နည်း များနှင့်အညီ မှန်မှန်ကန်ကန်နှင့် မြန်မြန် ဆန်ဆန် ဆောင်ရွက်ပေးသွားရန်၊
သို့ဖြစ်၍ မြေစီမံခန့်ခွဲရေး ဥပဒေများနှင့်အညီ မြေယာ စီမံခန့်ခွဲရေးကိစ္စများကို အထက်ပါ ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်သွားရန် ရုံးချုပ်မှ ညွှန်ကြားထားပါကြောင်း သိရှိနိုင်ရန် တင်ပြလိုက်ရပါသည်။
(ဂရန်လျောက်ထားရာမှ ကာယကံရှင်က ပါဝင်ပြည့်စုံရမည့် အချက်များကို ပူးတွဲ တင်ပေးလိုက်ပါတယ်။ ရုံးအလိုက် အနည်းငယ် ကွဲပြားနိုင်ပါတယ်။ မြေနဲ့ ပတ်သက်တဲ့ မြေခွန်ပြေစာတို့၊ ရောင်းဝယ်စာချုပ်တို့၊ SP, GP တို့လဲ ယူသွားရပါတယ်။ ခရိုင်ထွေအုပ် ရုံးမှာ လျောက်လွှာယူပြီး လျောက်ထား ရပါမယ်။)
(ဒီညွှန်ကြားချက်က ရန်ကုန်မြို့မပါ ကျန်မြို့များအတွက်သာ ဖြစ်ပါသည်။ ရန်ကုန်တွင် မြို့တော်စည်ပင်မှ ဂရန်ထုတ်ပေးပါသည်) ။
Credit Myo Min Tun

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate