အမှုများကို ဥပဒေအရ ရွှေ့ဆိုင်းချိန်းဆိုခွင့်။

13-Aug-21
အမှုများကို ဥပဒေအရ ရွှေ့ဆိုင်းချိန်းဆိုခွင့်။
တရားမမှုများကို ရွှေ့ဆိုင်းချိန်းဆိုခွင့်
××××××××××××××××××××××××
တရားမကျင့်ထုံးဥပဒေ အမိန့် ၁၇၊ နည်းဥပဒေ ၁ အရ တရားရုံးသည် လုံလောက်သောအကြောင်း(sufficient cause)ရှိလျှင် အမှုကြားနာခြင်းကို ရွှေ့ဆိုင်းချိန်းဆိုနိုင်ပါသည်။
--
ရာဇဝတ်မှုများကို ရွှေ့ဆိုင်းချိန်းဆိုခွင့်
××××××××××××××××××××××××
ရာဇဝတ်ကျင့်ထုံးဥပဒေ ၃၄၄(၁) အရ တရားရုံးသည် သင့်လျော်သော အကြောင်းတစ်စုံတစ်ရာကြောင့် (reasonable cause) စစ်ဆေးစီရင်မှု တစ်စုံတစ်ရာကို ရွှေ့ဆိုင်းရန် သို့မဟုတ် ရက်ချိန်းပေးရန် လိုအပ်လာလျှင် သို့မဟုတ် လုပ်သင့်လုပ်ထိုက်ကြောင်း တွေ့ရလျှင် တရားရုံးသည် အကြောင်းပြချက်ရေး၍ မိမိသင့်သည်ထင်သည့်နေ့ရက်သို့ ရွှေ့ဆိုင်းချိန်းဆိုနိုင်သည်။ 
အချုပ်တရားခံအမှုဖြစ်လျှင် တစ်ကြိမ်လျှင် ၁၅ ရက်ထက်ပို၍ ချုပ်မိန့် မပေးနိုင်သည်ကို သတိပြုရပါမည်။
---
တရားရုံးများလက်စွဲတွင်လည်းကောင်း၊ ညွှန်ကြားချက်များတွင်လည်း ကောင်း ကူးစက်ရောဂါကာကွယ်ရန် အမှုကို ရွှေ့ဆိုင်းခြင်း မပြုနိုင် ကြောင်း တားမြစ်ထားချက် မတွေ့ရှိရပါ။ 
ထို့ပြင် ကူးစက်ရောဂါ ကာကွယ်ရန်အကြောင်းသည် လုံလောက်သောအကြောင်း(sufficient cause) သို့မဟုတ် သင့်လျော်သော အကြောင်း (reasonable cause) မဟုတ်ကြောင်း ပြဋ္ဌာန်းချက် မတွေ့ရပါ။ 
---
ထို့ကြောင့် အမှုရွှေ့ဆိုင်းချိန်းဆိုခြင်းသည် 
သက်ဆိုင်ရာအမှုကို စစ်ဆေးနေသော တရားရုံး၏ ဥပဒေအရ အခွင့်အာဏာဖြစ်ပါကြောင်းနှင့် 
လုံလောက်သောအကြောင်း(sufficient cause) သို့မဟုတ် သင့်လျော်သော အကြောင်း (reasonable cause) ဟုတ် မဟုတ်ကို တရားရုံးက မိမိဆင်ခြင်တုံတရားဖြင့် စိစစ်ဆုံးဖြတ်ရန်ဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။
--
crd
 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate