ဝယ်ထားတဲ့ ပါမစ် မြေကွက်က ပါမစ်အမည်ပေါက် ထံကတစ်ဆင့် ဝယ်ထားတဲ့ ပါမစ်မြေကွက် မူရင်းစာရွက် ပျောက်သွားတာ ။ အသစ်ပြန် လျှောက်လို့ ရပါသလား

16-Nov-21 အခြား
ဝယ်ထားတဲ့ ပါမစ် မြေကွက်က ပါမစ်အမည်ပေါက် ထံကတစ်ဆင့် ဝယ်ထားတဲ့ ပါမစ်မြေကွက် မူရင်းစာရွက် ပျောက်သွားတာ ။ အသစ်ပြန် လျှောက်လို့ ရပါသလား

ဝယ်ထားတဲ့ ပါမစ် မြေကွက်က ပါမစ် အမည်ပေါက်ထံက

တစ်ဆင့် ဝယ်ထားတဲ့ ပါမစ်မြေကွက် မူရင်းစာရွက် 

ပျောက်သွားတာ ။ 

အသစ်ပြန် လျှောက်လို့ ရပါသလား သိပါရစေ ။

ဓာတ်ပုံ မြေချ ပါမစ် မြေကွက် တွေကို ထုတ်ပေးထားက 

ရန်ကုန်မြို့  ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန 

ထုတ်ပေး ထားပါတယ် ။ 

အိုးအိမ် မြေချ ပါမစ်ကို မူလ အမည်ပေါက်ရှိ ၊ 

မရှိသိလိုတာပဲ ဖြစ်စေ ၊ အတု နဲ့ အစစ်

 ခွဲခြား သိချင်လို့ပဲ ဖြစ်ဖြစ် ၊ မြေချပါမစ် 

ပျောက်သွားလို့ ဘယ်လို ဆောင်ရွက် ရမယ်ဆိုတာ

 သိလိုရင်ပဲ ဖြစ်စေရန် ကုန်တိုင်း အိုးအိမ်ရုံးမှာပဲ

 သွားပြီး စုံစမ်းကြတယ် ။

 

 အဲဒီရုံးက သက်ဆိုင်ရာ မြို့နယ် တာဝန်ခံက ရှင်းပြ ပေးပါတယ် ။

အခုတော့ မြို့သစ် မြေကွက် ပါမစ် တွေကို အိုးအိမ်ကနေ

 မြို့တော် စည်ပင် မြေယာဌာနကို လွှဲပြောင်းလိုက်ပြီလို့ သိရတယ် ။

ဒီတော့ အကောင်းဆုံး အကြံပြုချင်တာကတော့ 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနက 

လက်ခံ ဆောင်ရွက် ပေးနေတဲ့ လိုအပ်မယ့်

အချက်အလက်တွေကို ပြောပြလိုက်မယ် ။ 

ပထမဆုံး မြေချပါမစ် အမည်ပေါက်ကို ပြန်ရှာရမယ် ။ 

တွေ့ခဲ့ရင် အမည်ပေါက် ကိုယ်တိုင် 

မြေချပါမစ်ပျောက်ဆုံးသွားကြောင်း မိမိမြေကွက်ရှိတဲ့

 ရပ်ကွက်ရုံးက ရပ်ကွက် အုပ်ချုပ်ရေးမှူး ထံမှာ

 ထောက်ခံချက် သွားယူရမယ်။ 

အဲဒီ မြေချပါမစ် ပျောက်ဆုံးကြောင်း ထောက်ခံချက်ကို 

တင်ပြပြီး သက် ဆိုင်ရာ မြို့နယ်ရဲစခန်းက ထပ်ဆင့်

 ထောက်ခံချက် ယူရမယ် ။

အဲဒီထောက်ခံချက် ( ၂ ) ခုရရင် အိမ် အပြောင်းအရွှေ့

 ပြုလုပ်စဉ် မြေချပါမစ်များ ပျောက်ဆုံး သွားကြောင်း 

ပါမစ် အမည်ပေါက် က တရားရုံးမှာ ကျမ်းကျိန်ရမယ် ။ 

အဲဒီ ( ၃ ) မျိုး စုံရင်တော့ အမည်ပေါက်ရဲ့  နိုင်ငံသား

 ကတ်ပြားမူရင်းနဲ့ မိတ္တူ ( ၁ ) စုံစီ ယူဆောင်ပြီး 

ရန်ကုန် မြို့တော် ခန်းမမှာ ရှိတဲ့ မြေယာဌာနမှာ 

လျှောက်လွှာဝယ်ပြီး ပါမစ်ပျောက်လို့ဂရန်အသစ် 

မြေဌားစာချုပ် ထုတ်ပေးပါရန် လျှောက်ထားရမယ် ။ 

မြေယာဌာနက ညွှန်ပြတဲ့အတိုုင်း သတင်းစာမှာ 

ကန့်ကွက်ရန် ရှိ /  မရှိ ကြော်ငြာရမယ်။

 

လျှောက်ထားတဲ့ မြေကွက် ကွင်းဆင်း စစ်ဆေးလိမ့်မယ်။

အဲ…တစ်ခုတော့ ကြိုပြီးပြောထားရဦးမယ်။

ဂရန်သစ် မလျှောက်မီ ကတည်းက ကိုယ်ရထားတဲ့ 

မြေကွက်ထဲမှာ အိမ်ဆောက်ပြီး လျှောက်ထားသူ 

ကိုယ်တိုင် နေရမယ်။ 

မြေကွက်မှာလာပြီး ကွင်းဆင်း စစ်ဆေးတဲ့

မြေတိုင်း တာဝန်ခံနဲ့ မြေကွက်လျှောက်သူ

ကိုယ်တိုင် ကိုယ့်မြေကွက် ကိုယ့်အိမ်ရှေ့မှာ

နှစ်ယောက်တွဲပြီး ရိုက်ထားတဲ့ ဓာတ်ပုံကို 

မြေယာဌာနမှာ တင်ပြရမယ် ။

အဲဒီလို အချက် အလက်တွေ စုံပြီးရင်

မြေကွက်ရှိတဲ့ အုပ်ချုပ် ရေးမှူးရုံးနဲ့  မြို့နယ် အုပ်ချုပ် ရေးမှူးရုံး

တို့မှာ ဂရန်သစ် လျှောက်ထားမှုနဲ့ ပတ်သက်လို့ 

ကန့်ကွက်နိုင်ကြောင်း ကြော်ငြာ ရသေးတယ် ။ 

သတင်းစာနဲ့ အုပ်ချုပ်ရေးမှူး ရုံးတွေမှာလည်း 

ကန့်ကွက်သူ မရှိတော့ဘူး ဆိုရင်တော့ ဌာနက

ဂရန် ထုတ်ပေး နိုင်ဖို့အတွက် အဆင့်ဆင့်

ဆောက်ရွက် ပေးရတယ် ။ 

ဂရန်အသစ် ထုတ်ဖို့ အကြောင်း ကြားလာရင် 

(ပေ ၄၀ x ပေ ၆၀) မြေကွက်ဖိုးငွေ ပေးသွင်းရတယ်။ 

ငွေသွင်းခွင့် ရရင်တော့ ဂရန် မြေငှားစာချုပ်ကိုမကြာခင်

 သွားရောက် ထုတ်ယူလို့ရပါပြီ။

Photo credit ကူးယူဖော်ပြပါသည်။

 သိပါရစေ။

 

ဓာတ်ပုံမြေချ ပါမစ်မြေကွက်တွေကိုထုတ်ပေးထားက 

ရန်ကုန်မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပေးထားပါတယ်။ 

အိုးအိမ် မြေချ ပါမစ်ကို မူလ အမည်ပေါက်ရှိ ၊ မရှိသိလိုတာပဲ ဖြစ်စေ ၊ 

အတု နဲ့ အစစ် ခွဲခြားသိချင်လို့ပဲ ဖြစ်ဖြစ် ၊ မြေချပါမစ် 

ပျောက်သွားလို့ ဘယ်လို ဆောင်ရွက် ရမယ်ဆိုတာ 

သိလိုရင်ပဲ ဖြစ်စေ ရန်ကုန်တိုင်း အိုးအိမ်ရုံးမှာပဲ

သွားပြီး စုံစမ်းကြတယ် ။ 

အဲဒီရုံးက သက်ဆိုင်ရာ မြို့နယ် တာဝန်ခံက ရှင်းပြပေးပါတယ် ။

အခုတော့ မြို့သစ် မြေကွက် ပါမစ်တွေကို

အိုးအိမ် ကနေ မြို့တော် စည်ပင် မြေယာဌာနကို

လွှဲပြောင်း လိုက်ပြီလို့ သိရတယ် ။

ဒီတော့ အကောင်းဆုံး အကြံပြုချင်တာကတော့

ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊

မြို့ပြ စီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနက

 လက်ခံ ဆောင်ရွက် ပေးနေတဲ့ လိုအပ်မယ့်

အချက်အလက်တွေကို ပြောပြလိုက်မယ် ။ 

ပထမဆုံး မြေချ ပါမစ် အမည်ပေါက်ကို ပြန်ရှာရမယ် ။ 

တွေ့ခဲ့ရင် အမည်ပေါက် ကိုယ်တိုင် မြေချပါမစ်

ပျောက်ဆုံး သွားကြောင်း မိမိ မြေကွက်ရှိတဲ့

ရပ်ကွက်ရုံးက ရပ်ကွက် အုပ်ချုပ်ရေးမှူး ထံမှာ 

ထောက်ခံချက် သွားယူရမယ် ။ 

အဲဒီ မြေချပါမစ် ပျောက်ဆုံးကြောင်း ထောက်ခံချက်ကို 

တင်ပြပြီး သက်ဆိုင်ရာ မြို့နယ်ရဲစခန်းက 

ထပ်ဆင့် ထောက်ခံချက် ယူရမယ် ။

 

အဲဒီ ထောက်ခံချက် ( ၂ ) ခုရရင် အိမ် အပြောင်းအရွှေ့ 

ပြုလုပ်စဉ် မြေချပါမစ်များ ပျောက်ဆုံး သွားကြောင်း 

ပါမစ် အမည်ပေါက် က တရားရုံးမှာ ကျမ်းကျိန်ရမယ် ။

အဲဒီ ( ၃ ) မျိုး စုံရင်တော့ အမည်ပေါက်ရဲ့  နိုင်ငံသား

ကတ်ပြား မူရင်းနဲ့  မိတ္တူ ( ၁ ) စုံစီ ယူဆောင်ပြီး 

ရန်ကုန် မြို့တော် ခန်းမမှာ ရှိတဲ့ မြေယာဌာနမှာ

လျှောက်လွှာ ဝယ်ပြီး ပါမစ် ပျောက်လို့ ဂရန်အသစ် 

မြေဌားစာချုပ် ထုတ်ပေးပါရန် လျှောက်ထား ရမယ် ။ 

မြေယာဌာနက ညွှန်ပြတဲ့အတိုုင်း သတင်းစာမှာ 

ကန့်ကွက်ရန်ရှိ  / မရှိ ကြော်ငြာ ရမယ် ။

လျှောက်ထားတဲ့ မြေကွက် ကွင်းဆင်း စစ်ဆေး လိမ့်မယ် ။

အဲ…တစ်ခုတော့ ကြိုပြီး ပြောထား ရဦးမယ် ။ 

ဂရန်သစ် မလျှောက်မီ ကတည်းက ကိုယ်ရထားတဲ့ 

မြေကွက်ထဲမှာ အိမ်ဆောက်ပြီး လျှောက်ထားသူ ကိုယ်တိုင် နေရမယ် ။

မြေကွက်မှာ လာပြီး ကွင်းဆင်း စစ်ဆေးတဲ့ မြေတိုင်း တာဝန်ခံနဲ့

မြေကွက် လျှောက်သူ ကိုယ်တိုင် ကိုယ့်မြေကွက် ကိုယ့်အိမ်ရှေ့မှာ

နှစ်ယောက်တွဲပြီး ရိုက်ထားတဲ့ ဓာတ်ပုံကို မြေယာဌာနမှာ တင်ပြရမယ် ။

အဲဒီလို အချက်အလက်တွေ စုံပြီးရင် မြေကွက်ရှိတဲ့ အုပ်ချုပ် ရေးမှူးရုံးနဲ့ 

မြို့နယ် အုပ်ချုပ် ရေးမှူးရုံး တို့မှာ ဂရန်သစ် လျှောက်ထားမှုနဲ့ 

ပတ်သက်လို့ ကန့်ကွက် နိုင်ကြောင်း ကြော်ငြာ ရသေးတယ် ။ 

သတင်းစာနဲ့ အုုပ်ချုပ်ရေးမှူး ရုံးတွေမှာလည်း ကန့်ကွက်သူ မရှိတော့ဘူး

ဆိုရင်တော့ ဌာနက ဂရန် ထုတ်ပေး နိုင်ဖို့အတွက်

အဆင့်ဆင့် ဆောက်ရွက် ပေးရတယ် ။ 

ဂရန်အသစ် ထုတ်ဖို့ အကြောင်း ကြားလာရင် ( ပေ ၄၀ x ပေ ၆၀ ) 

မြေကွက်ဖိုးငွေ ပေးသွင်း ရတယ် ။ 

ငွေသွင်းခွင့် ရရင်တော့ ဂရန် မြေငှါးစာချုပ်ကို မကြာခင်

 သွားရောက် ထုတ်ယူ လို့ရပါပြီ ။

 

Photo credit ကူးယူ ဖော်ပြပါသည်  ။

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate