မြေကို ဂရန်ပေါက်အောင် ဘယ်လို လုပ်ရမလဲ ။

 မြေကို ဂရန်ပေါက်အောင် ဘယ်လို လုပ်ရမလဲ ။

ပေ ၂၀ မြေကို ဂရန်ပေါက်အောင် ဘယ်လိုလုပ်ရမလဲ။ 

ကျွန်မတို့က ရပ်ကွက်ထဲက ဂရန်ရထားတဲ့ 

ပေ ( ၄၀*၆၀ ) မြေကွက်မှာ ပေ ၂၀ ကို

လွန်ခဲ့တဲ့(၂) နှစ်လောက် ကတည်းက ဝယ်ပြီး နေထိုင်တာပါ ။

ဂရန်ကိုတော့ မူလ ပိုင်ရှင်ကယူထားပါတယ်

ဝယ်ထားတဲ့ ကိုယ့်မြေကို ဂရန် အမည်ပေါက်အောင်

ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာကို သိလိုပါတယ်

မြေဆိုတဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစွည်းကို အရောင်းအဝယ် ပြုလုပ်တဲ့အခါမှာ 

စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ပြီး ဝယ်ယူရပါတယ်

မှတ်ပုံတင်ထားတဲ့ စာချုပ်ရှိ ထားရင်တော့ သက်ဆိုင်တဲ့ 

ဂရန် ထုတ်ပေးတဲ့ ဌာန မှာဆောင်ရွက်လို့  ရပါတယ်

အကယ်၍များ အရပ်စာချုပ်ဖြင့် ဝယ်ယူထားတယ် ဆိုရင်တော့ 

ဒီစာချုပ်ကို မှတ်ပုံတင်စာချုပ် ဖြစ်ဖို့ ပြန်လည်ချုပ်ဆိုရပါမယ်

ဝယ်ထား တာကလည်း လွန်ခဲ့တဲ့ ( ၂ ) နှစ်လောက် ကတည်းက ဖြစ်တဲ့အတွက် 

စာချုပ်စာတမ်း ဥပဒေ မှာတော့ စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း ( ၁၂၀ ) အတွင်း 

မှတ်ပုံတင်ဖို့ လျှောက်ထား ရပါတယ်

အခုဟာက ( ၂ ) နှစ်လောက်ရှိ နေပြီဆိူတော့ မှတ်ပုံတင်စာချုပ် 

ချုပ်ပေးဖို့ လျှောက်ထားတဲ့ အခါမှာ စာချုပ်စာတမ်း ရုံးက ငြင်းပယ်တာတို့ ၊ 

ဒဏ်ကြေးတိူ့ သတ်မှတ်မှာပါ.

အကယ်၍ ကိုယ့်ကိုရောင်းသူ သက်ရှိထင်ရှား ရှိနေသေးတယ် ဆိုရင် 

ရောင်းသူကို ပြန်လည် ခေါ်ယူပြီး

မှတ်ပုံတင် စာချုပ်ချုပ်ဆို ခိုင်းရပါမယ်

မှတ်ပုံတင်စာချုပ် ရှိလာတဲ့ အခါကျမှသာ စည်ပင်သာယာရေး ကော်မတီကို 

မှတ်ပုံတင်စာချုပ်နဲ့ ပူးတွဲပြီး ဦးပိုင် ခွဲစိတ်ပေးဖို့နဲ့ ဂရန်ကို ခွဲစိတ်ထုတ်ပေးဖို့ လျှောက်ထားရပါမယ်

ဌာန ရဲ့လုပ်ထုံး လုပ်နည်း များအရ လုပ်ပေးပိုင်ခွင့်ရှိသလို 

လျှောက်ထား သူအနေနဲ့လည်း ရပိုင်ခွင့် ရှိပါတယ်.

ဌာနရဲ့ လုပ်ထုံး လုပ်နည်း အရတော့ ပေ ( ၂၀ .)/

စတုရန်းပေ ၁၂၀၀ ထက်လျော့နည်း ရင်တော့ လုပ်ပေး ပိုင်ခွင့် မရှိပါဘူး

အခုဟာက ပေ ၂၀ ကွက်တိရှိနေတာဖြစ်တဲ့အတွက်

လုပ်ထုံး လုပ်နည်းများ နှင့်အညီ ဆက်လက် ဆောင်ရွက် သွားမယ် ဆိုရင်တော့

ကိုယ့်အမည်ပေါက်ဖြစ်ဖို့ရာ လွယ်ကူပါလိမ့်မယ်

Credit-OriginalUploder#DVBLAWLAB

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate