ကျေးရွာမြေကို ပိုင်ဆိုင်မှု ခိုင်မာအောင် ဆောင်ရွက်ခြင်း

ကျေးရွာမြေကို ပိုင်ဆိုင်မှု ခိုင်မာအောင် ဆောင်ရွက်ခြင်း

 ကျေးရွာမြေဆိုတာ ပိုင်ဆိုင်မှု အထောက်အထား မရှိပါဘူး ။ 

ကျေးရွာ အတွင်းက မြေများသည် သာမန် အားဖြင့် ဦးပိုင်ခွဲ မထားသလို 

ဦးပိုင်လိုက် မြေရာဇဝင် မှတ်တမ်း မထားပါဘူး ၊ မြေတစ်ကွက် ချင်းအတွက် 

ဧရိယာ စာရင်းလည်း မရှိပါဘူး ။ ကျေးရွာမြေတစ်ခုကို ပိုင်ဆိုင်မှု ခိုင်မာအောင်

 ပိုင်ဆိုင်မှု မှတ်တမ်းရရှိရန် ကျေးရွာဂရန် လျှောက်ထားခြင်း ၊ 

လယ်ယာမြေမှ ကင်းလွတ်ကြောင်း ဝန်ခံချက် လက်မှတ် - ၃ ( က ) 

လျှောက်ထားခြင်း စသည် ဖြင့် ဆောင်ရွက် နိုင်ပါသည် ။ ထိုသို့ လျှောက်ထား 

ဆောင်ရွက်ရန်အတွက် အောက်ပါ စာရွက်စာတမ်းများ လိုအပ်မည် ဖြစ်ပါသည် ။

ကျေးရွာ မြေငှားဂရန် လျှောက်ထားခြင်းကို သက်ဆိုင်ရာ ခရိုင်အထွေထွေ 

အုပ်ချုပ်ရေး ဦးစီးဌာနတွင် လျှောက်ထားရမှာ ဖြစ်ပြီး အောက်ပါ 

စာရွက်စာတမ်း အချက်အလက်များ လိုအပ်မှာ ဖြစ်ပါသည် ။ 

(က) လျှောက်ထားသူ အမည် ၊ အမျိုးသား မှတ်ပုံတင် အမှတ် ၊ 

နေရပ်လိပ်စာနှင့် အလုပ်အကိုင် ၊ 

(ခ) လျှောက်ထားသူသည် ကျေးရွာအတွင်း အမှန်တကယ် နေထိုင်သူ 

ဖြစ်ရပါမည် ။

(ဂ) လျှောက်ထားသူ ပါဝင်သည့် အိမ်ထောင်စု စာရင်း ပုံစံ ( ၆၆ / ၆ )၊ 

( ဃ ) အခြား အရပ်ဒေသမှ ပုံစံ ( ၁၀ ) ဖြင့် တရားဝင် ပြောင်းရွှေ့ လာပါက 

တစ်ဆက် တစ်စပ်တည်း ( ၁၂ )နှစ် နေထိုင်မှုရှိသူ ။

( င ) လျှောက်ထားသော မြေတည်နေရာ မြေကွက်၊ ဦးပိုင်အမှတ်၊ မြေကွက် 

အမှတ် ၊ လမ်း သို့မဟုတ် နယ်မြေဒေသ ၊ 

( စ ) လျှောက်ထေား မြေ၏ အလား ( ၄ )ရပ် ( အရှေ့ ၊ အနောက် ၊ တောင် ၊ 

မြောက် အရပ်ရှိ မြေများ ) ၊ 

( ဆ ) လျှောက်ထား မြေပေါ်တွင် တည်ဆောက်မည့် အဆောက်အအုံ၏ 

အရွယ်အစားနှင့် ဆောက်လုပ်မည့် ပစ္စည်းအမျိုး  အမည်များ ၊ ( ဥပမာ - 

တိုက်အိမ် ၊  ပျဉ်ခင်း ၊ ပျဉ်ကာ ၊ သစ်တိုင်အိမ် ) 

( ဇ ) မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၏ 

သက်သေခံ မြေစာရင်းပုံစံ ( ၁၀ ၅ /  ၁၀၆ ) ။ 

( ဈ ) အဆောက်အအုံ ဘေးမြင်/ရှေ့မြင် ဓာတ်ပုံ (၂)ပုံ။

( ည ) လျှောက်ထား မြေအား ပိုင်ဆိုင်ကြောင်း အထောက်အထား ။

( ဋ ) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ။

( ဌ ) မြေယာပိုင်ဆိုင်မှု အရှပ်အရှင်း ကင်းရှင်းကြောင်း ကိုယ်တိုင် ဝန်ခံချက် ။

 

အထက်ပါ စာရွက်စာတမ်း အထောက်အထား များဖြင့် တင်ပြရမှာ ဖြစ်ပြီး ဌာနမှ 

အောက်ပါလုပ်ထုံး လုပ်နည်းများ အတိုင်း စိစစ်ဆောင်ရွက် ပါတယ် ။

ခရိုင်အုပ်ချုပ်ရေးမှူးသည် ဂရန်လျှောက်ထားမြေ(၁)ဧကအောက်ဖြစ်ပါက 

အမှုတွဲကိုစိစစ်၍ မြေငှား ဂရန်ထုတ်ပေးပါသည်။ (အောက်  မြန်မာပြည်မြေ

 နှင့် အခွန်နည်း ဥပဒေ - ၅၁(ခ)နှင့် အောက် မြန်မာပြည်မြို့နှင့် ကျေးရွာမြေ

 များနည်း ဥပဒေ - ၉ ) အရ ဖြစ်ပါတယ် ။

လျှောက်ထား မြေသည် မြေဧရိယာ ( ၁ ) ဧကအထက်မှ ( ၅ ) ဧက အထိဖြစ်ပါက 

တိုင်းဒေသကြီး /  ပြည်နယ် အုပ်ချုပ်ရေးမှူးထံ အမှုတွဲတင်ပြ၍ 

တိုင်းဒေသကြီး /  ပြည်နယ် အုပ်ချုပ်ရေးမှူး၏ ခွင်ြ့ပုချက်ဖြင့် ခရိုင်အုပ်ချုပ် 

ရေးမှူးမှ မြေငှားဂရန်ထုတ်ပေးပါသည်။

မြေဧရိယာ ( ၅ ) ဧက အထက် လျှောက်ထား လာပါက တိုင်းဒေသကြီး / 

 ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် အထွေထွေ အုပ်ချုပ်ရေး

 ဦးစီးဌာန ( ရုံးချုပ် ) သို့ ဆက်လက်တင်ပြ၍  ညွှန်ကြားရေးမှူး 

ချုပ်မှတစ်ဆင့် ပြည်ထောင်စု အစိုးအဖွဲ့ ရုံးဝန်ကြီး ဌာနသို့ တင်ပြ၍ 

ခွင့်ပြုချက် ရယူရပါမည် ။

ပြည်ထောင်စု ဝန်ကြီး၏ ခွင့်ပြုချက် ရရှိပါက ( အောက်မြန်မာ ပြည်မြေ 

နှင့်အခွန်နည်း ဥပဒေ - ၅၁ ( ခ) ( ဂ ) အရ အောက် မြန်မာပြည်မြို့နှင့် 

ကျေးရွာမြေများ နည်းဥပဒေ - ၉  ( ဂ )အရ  နှစ်ရှည် မြေငှားဂရန် 

ပေးရန် သက်ဆိုင် ရာခရိုင် အုပ်ချုပ်ရေးမှူးအား လုပ်ပိုင်ခွင့် အပ်နှင်းပြီး 

ဂရန်ထုတ် ပေးမည် ဖြစ်ပါသည် ။

 

ပေးသွင်းရမည့် မြေခွန်နှုန်း ထားကတော့ မြို့နယ်အလိုက် သက်ဆိုင်ရာ 

တိုင်းအစိုးရမှ သတ်မှတ်ချက် အတိုင်းပေး သွင်းရမှာ ဖြစ်ပါတယ် ။

 လယ်ယာမြေမှ ကင်းလွတ်ကြောင်း ဝန်ခံချက် လက်မှတ် ၃ ( က )

လျှောက်ထားခြင်း ဆိုတာ ၂၀၁၂ခုနှစ် ၊ လယ်ယာမြေ ဥပဒေပုဒ်မ ၃ ( က ) အရ 

လယ်ယာမြေဟူသော စကားရပ်တွင် မြို့နယ် နိမိတ် ၊ ကျေးရွာနယ် နိမိတ် 

အတွင်းရှိ လူနေအိမ်ရာများ ၊ ဘာသာရေး အဆောက်အဦနှင့် ပရိဝုဏ်များ ၊  

အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသော မြေများ မပါဝင်ဟူသော 

စကားရပ်အရဆိုပါက လယ်ယာမြေမှ ကင်းလွတ်ကြောင်း ဝန်ခံချက် 

လက်မှတ်ကို ၃ ( က ) ကို ဆိုလိုပါတယ် ။

၃(က) Certificate ထုတ်ပေးရန် ရန်ကုန်မြို့တော် စည်ပင်ယာရေး 

ကော်မတီမှ လုပ်ထုံးလုပ်နည်း ထုတ်ပြန်ဆောင်ရွက် နေသော်လည်း ကျန်ဒေသ 

များအတွက် ဗဟိုလယ်စီအဖွဲ့မှ ယနေ့ထိ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း 

မရှိသေးပါဘူး ။ ဒါကြောင့် ညွှန်ကြားချက် ရမှသာ ရရှိနိုင်မှာ ဖြစ်ပါကြောင်း 

တင်ပြလိုက် ရပါတယ် ။

ထို့ကြောင့် ၃ ( က ) မြေကို ဝယ်ယူမည် ဆိုလျှင် အဆိုပါ သက်သေခံ 

လက်မှတ်ကို စစ်ဆေးယူရမှာ ဖြစ်ပါတယ် ။ အဆိုပါ သက်သေခံ လက်မှတ်မှန်ကံခြင်း 

ရှိ / မရှိကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းဆိုလျှင် 

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ၊ မြို့ပြ စီမံကိန်းနှင့်  

မြေစီမံခန့်ခွဲမှုဌာန တွင် စစ်ဆေး နိုင်ပါတယ် ။ ဝယ်ယူတဲ့အခါတွင် အရောင်းအဝယ်

 စာချုပ် အဆက်ဆက်ကို စစ်ဆေးရယူဖို့ လိုပါတယ် ။  ၃( က )မြေကို ဝယ်ယူသူသည် 

မှတ်ပုံတင်စာချုပ်ဖြင့် ဝယ်ယူရမှာ ဖြစ်ပြီး မှတ်ပုံတင် စာချုပ်ချုပ် ဆိုရန် ဝယ်ခွန်၊ 

တံဆိပ်ခေါင်းခွန်၊ မှတ်ပုံတင်ခများကို ပေးသွင်းရမှာဖြစ်ပါတယ်။ အဆိုပါမှတ်ပုံတင်အရောင်းအဝယ် စာချုပ်ကို တင်ပြပြီး ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃(က)အရ လယ်ယာမြေ ဟူသော စကားရပ်တွင် အကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ်တွင် ဝယ်ယူသူအမည်သို့ အမည်ပြောင်း လျှောက်ထားရမှာ ဖြစ်ပါသည် ။ 

ဆရာကြီးဦးမိုးထက်

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate