တိုက်ခန်း ရောင်းဝယ် တဲ့အခါ ဝယ်ခွန် မဆောင်ဘဲ နေခြင်း

တိုက်ခန်း ရောင်းဝယ် တဲ့အခါ ဝယ်ခွန် မဆောင်ဘဲ နေခြင်း

များသော အားဖြင့် တိုက်ခန်း ရောင်းဝယ်တဲ့ အခါမှာ ဝယ်ခွန် မဆောင်ဘဲ 

နေကြတာ များပါတယ် ။ မြေကွက် ကိစ္စတွေ ကတော့ 

အမည်ပေါက် ပြောင်းမယ်ဆိုရင် 

ဝယ်ခွန် ဆောင်ပြီးသား ပြေစာပါမှ ဆောင်ရွက် 

ပေးတာဖြစ်လို့ မဖြစ်မနေ ဝယ်ခွန် ဆောင်ကြတာ ဖြစ်တယ် ။

တိုက်ခန်း တွေမှာတော့ မဖြစ်မနေ 

ဝယ်ခွန် ဆောင်ရမယ့် တင်းကျပ်တဲ့ စည်းမျဉ်း 

လုပ်ထုံး လုပ်နည်း ထုတ်ပြန်ထားတာ မတွေ့ရဘူး ။ 

 

ဒီအချက် ကြောင့်လည်း ဝယ်ခွန်မဆောင်ဘဲ ရောင်းဝယ် 

နေကြတာ ဖြစ်တယ် ‘’ '' သက်ဆိုင်ရာ ဝန်ကြီးဌာနက မြေကွက် 

တန်ဖိုး စံနှုန်း သတ်မှတ် ပေးတာ ရှိပါတယ် ''

 အဲဒီ စံနှုန်းပေါ် မူတည်ပြီး တန်ဖိုးဖြတ်တာ ဖြစ်တယ် ''

တိုက်ခန်း တွေကို စံနှုန်းထား သတ်မှတ် ပေးတာမျိုးပေါ့

 ရန်ကုန်တိုင်း အတွင်းမှာ ရှိတဲ့ မြို့နယ် အလိုက် တိုက်ခန်း 

အထပ်ပေါ်  မူတည်ပြီး တစ်စတုရန်းပေ ပေါ်မှာ တန်ဖိုးစံနှုန်း 

သတ်မှတ် ပေးထား ပါတယ် ။ ဝယ်ခွန် ဆောင်မယ်ဆိုရင် 

အခုသတ်မှတ် ထားတဲ့ စံနှုန်းအတိုင်း ဆောင်ကြ ရမှာပါ

 ဝယ်ခွန် ဆောင်မယ်ဆိုရင် သက်ဆိုင်ရာ တန်ဖိုးဖြတ် အဖွဲ့ထံ 

တိုက်ခန်း ဝယ်ပြီး ရက်ပေါင်း ( ၃ဝ ) အတွင်း လျှောက်ထား ရပါတယ် ။ 

အဲဒီရက် ကျော်ရင်တော့ ဒဏ်ငွေ ပေးဆောင်ရမှာ ဖြစ်တယ်

 

'' အရောင်းအဝယ် စာချုပ် တင်ပြရတာပေါ့''

အရောင်းအဝယ် စာချုပ်နဲ့အတူ ဝယ်သူ ကိုယ်တိုင် သွားရောက်ပြီး 

တန်ဖိုး ဖြတ်ပေးဖို့ လျှောက်လွှာ ဖြည့်စွက် တင်သွင်းရမှာ ဖြစ်တယ် ။ 

အခက်အခဲ မရှိအောင် သက်ဆိုင်ရာ အခွန်ရုံးက ညွှန်ကြားပြသ 

အကူအညီ ပေးသွားမှာ ဖြစ်တယ် ''

'' ဝယ်ခွန် ဆောင်ရင် ဘယ်လို အကျိုးကျေးဇူး ရနိုင်မလဲ ''

'' ဒါကတော့ ရှင်းပါတယ် ။ ပထမဆုံး အချက်ကတော့ ဝင်ငွေရလမ်း 

မဖော်ပြနိုင်တဲ့ ငွေပမာဏက ငွေဖြူအဖြစ် ရရှိသွားမှာ ဖြစ်ပါတယ် ''

'' ပြန်ရောင်းရင် ဘယ်လို ဖြစ်နိုင်သလဲ ''

'' ပြန်ရောင်းရင်တော့ ဝယ်စဉ်က သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ ရောင်းစဉ်က 

ရရှိတဲ့ အမြတ်အစွန်းမှာပဲ ၁ဝ ရာခိုင်နှုန်း ဆောင်ရမှာ ဖြစ်တယ် ။ 

ရောင်းရ ငွေပေါ်မှာ ဆောင်ရမှာ မဟုတ်ဘူး''

''ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ရင်တော့ ဝယ်ခွန်ဆောင်တာက ကောင်းတာပေါ့နော်''

''မှန်ပါတယ် ။ အချို့  တိုက်ခန်းတွေမှာ ပေါင်နှံ ထားတာတွေ ၊ 

အရောင်းထပ် နေတာတွေ ဖြစ်တတ်တယ် ။ 

အဲဒီလို အခြေအနေ မျိုးမှာဆိုရင် ဝယ်ခွန် ပေးဆောင်ထားသူက

ပိုင်ဆိုင်ခွင့် ရမှာမို့ အကောင်းဆုံးကတော့ ဝယ်ခွန် ဆောင်သင့်ကြောင်း 

ဖော်ပြ ပေးလိုက် ပါတယ် ။

 

Credit-OriginalUploder

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate