စက်မှုဂရန် လျှောက်ချင်ပါတယ် ဘယ်ကနေ စတင် လုပ်ဆောင်ရမှာလဲ

စက်မှုဂရန် လျှောက်ချင်ပါတယ် ဘယ်ကနေ စတင် လုပ်ဆောင်ရမှာလဲ

သူ့ရဲ့ လုပ်ငန်းစဉ် တွေကဘာလဲ သိချင်ပါတယ် ။ 

ပုဂ္ဂလိက မြေငှား ဂရန် / စက်မှုမြေ ငှားဂရန် ရယူလိုသူမှ 

ဆောင်ရွက်ရမည့် အချက်များ

--------------------------------------

ဂရန် အငှား ဂရန် ၊ စက်မှု မြေငှား ဂရန်နှင့် လိုင်စင် လျှောက်

ထားရာတွင်  အောက်ဖော်ပြပါ အချက်အလက်များ ဖော်ပြပါရှိ ရမည်ဖြစ်ပြီး 

သက်ဆိုင်ရာ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ လိပ်မူလျှောက်ထား 

ရမည် ဖြစ်ပါသည် -

 

( က )    လျှောက်ထားသူ အမည် ၊ အမျိုးသား မှတ်ပုံတင်အမှတ် ၊ 

နေရပ်လိပ်စာ နှင့် အလုပ်အကိုင် ၊

 

( ခ )     လျှောက်ထားသော မြေတည်ရှိရာ ရပ်ကွက် ၊ ဦးပိုင်အမှတ် ၊ 

မြေကွက်အမှတ် ၊ လမ်း သို့မဟုတ် နယ်မြေဒေသ ၊

 

( ဂ )     လျှောက်ထားမြေ၏ အလား ( ၄ ) ရပ်( အရှေ့ ၊ အနောက် ၊ တောင် ၊ 

မြောက်အရပ်ရှိ မြေများ )၊

 

( ဃ )    လျှောက်ထားသော မြေပေါ်တွင် ဆောက်လုပ်မည့် အဆောက်အအုံ၏ 

အရွယ်အစားနှင့် ဆောက် လုပ်မည့် ပစ္စည်းအမျိုး အမည်များ ၊

 ( ဥပမာ - တိုက်အိမ် ၊ ပျဉ်ခင်း ၊ ပျဉ်ကာ ၊ သစ်တိုင်အိမ် )

 

( င )     လျှောက်ထားသော မြေကို မည်ကဲ့သို့ အသုံးချရန် ရည်ရွယ်ချက် ၊ 

( ဥပမာ - အဆောက်အအုံ ဆောက်လုပ်ရန် ၊ လူနေထိုင်ရန် သို့မဟုတ် စက်မှုလက်မှု 

လုပ်ငန်း လုပ်ကိုင်ရန် )

 

( စ )     လျှောက်ထားသော မြေ၏ နယ်နိမိတ် သတ်မှတ် တိုင်းတာ ထားခြင်း 

ရှိ / မရှိ ၊ ( အောက် မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေ များနည်း ဥပဒေ-၁၁ ၊ အထက် 

မြန်မာနိုင်ငံ မြေနှင့် အခွန်နည်းဥပဒေ - ၆၂ )

 

( ဆ )    လျှောက်လွှာနှင့်အတူ လျှောက်ထားသော မြေ၏ မြေပုံ ( ၂ )ပုံ ၊ မြေပုံတွင် 

လျှောက်ထား သောမြေ၏ အကျယ်အဝန်း အလား ( ၄ ) ရပ်နှင့် မြေအမျိုးအစား 

သို့မဟုတ် ပိုင်ဆိုင်ခွင့်ဖော်ပြရန် ၊ ထိုမြေပုံ ( ၂ ) ပုံအနက် ( ၁ ) ပုံမှာ သက်သေခံ 

နိုင်ရန်အတွက် သတ်မှတ် ရုံးခွန်တံဆိပ် ခေါင်းကပ်ပြီး ၊ လယ်ယာမြေ 

စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူးက လက်မှတ်ရေးထိုးထားသည့် 

ပုံစံ ( ၁၀၅ ) မြေပုံ ( ၂ ) ပုံဖြစ်ရမည် ၊

 

( ဇ )     လျှောက်ထားသည့် မြေ၏ ရာဇဝင်မြေ စာရင်းပုံစံ ( ၁၀၆ )  

( လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရှိ ၁-က မှတ်ပုံတင် 

စာရင်းစာအုပ်မှ ကောက်နုတ်ချက် မိတ္တူမှန် တစ် စောင် ) ၊

 

( ဈ )     လျှောက်ထားမြေ ပေါ်တွင် ဆောက်လုပ်မည့် အဆောက်အအုံ 

ပုံစံ ( ၂ ) ပုံ /  ပုံစံမှာ ရှေ့မြင် Front Elevation နှင့် ဘေးမြင် Side Elevation 

ဖြစ်ရမည် ၊

 

( ည )    ဂရန်အသစ် လျှောက်ထားခြင်း ဖြစ်ပါက မြေကွက်ရရှိ ကြောင်း 

မြေပေးမိန့် ပါရှိရမည် ၊

 

( ဋ )     ဂရန် ၊ အငှား ဂရန် ၊ စက်မှု မြေငှား ဂရန်နှင့် လိုင်စင် 

လျှောက်လွှာပေါ်တွင် ရုံးခွန် တံဆိပ် ခေါင်းကပ်ထား ပါရှိရမည် ၊

 

( ဌ )     လျှောက်ထားမြေသည် လယ်ယာ စိုက်ပျိုးမြေ ဖြစ်ပါက 

လယ်ယာမြေအား အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့် ( လ /  န - ၃၉ ၊ 

လယ - ၃၀ - က ) ၊ လယ - ၃၀ - ခ )၊

 

( ဍ )     မြေငှားဂရန် သက်တမ်းတိုး / အသစ်လဲ လျှောက်ထားခြင်း ဖြစ်ပါက 

မူရင်း မြေငှားဂရန် စာချုပ် ပူးတွဲ ပါရှိရမည် ၊

 

( ဎ ) မြေငှားဂရန် အမည်ပြောင်း လျှောက်ထားခြင်း ဖြစ်ပါက 

မူရင်းမြေငှား ဂရန်စာချုပ်ပါရှိ ရမည့်အပြင် မူလပိုင်ရှင်ထံမှ 

လျှောက်ထားသူသို့ မြေလွှဲပြောင်း ပေးခဲ့သည့် တရားဝင် အထောက်အထား 

စာချုပ်စာတမ်း များပါရှိရမည် ။ ( အရောင်းအဝယ် ပြုလုပ်ရယူခဲ့ ပါက 

တရားဝင် မှတ်ပုံတင် အရောင်းအဝယ် စာချုပ် ပါရှိရမည် ။)

ပုဂ္ဂလိက ဂရန် /စက်မှု မြေငှားဂရန်အတွက် ဌာနမှ ဆောင်ရွက်ပေး 

ရမည့် လုပ်ငန်းစဉ်များ

 

------------------------------

ခရိုင်အထွေထွေ အုပ်ချုပ်ရေး  ဦးစီးဌာန ၊ ခရိုင် အုပ်ချုပ်ရေးမှူးသည် 

လျှောက်ထား လာသော လျှောက်လွှာကို သတ်မှတ်ထားသည့် အချက်အလက်များ 

ပြည့်စုံမှု ရှိ /  မရှိ စိစစ်ပြီး  ပြည့်စုံမှုရှိပါက အမှုတွဲ မှတ်ပုံစာရင်း စာအုပ်တွင် 

မှတ်တမ်းတင် စေရန်နှင့် အမှုတွဲ ဖွင့်လှစ်မည် ဖြစ်ပါသည် ။ အချက်အလက်များ 

မပြည့်စုံပါက လျှောက်ထားခြင်းကို ပယ်နိုင်ပါသည် ။ (အောက်မြန်မာပြည် မြို့နှင့်

 ကျေးရွာမြေများ နည်းဥပဒေ - ၁၅ )အမှုတွဲ ဖွင့်လှစ်ပြီး ပါက အမှုတွဲ 

တွင်ပါရှိသော လျှောက်ထားသူ တင်ပြသည့် 

အချက်အလက်များ ပြည့်စုံ မှန်ကန်မှု ရှိ /  မရှိကို စိစစ်တင်ပြရန် မြို့နယ် 

အုပ်ချုပ်ရေးမှူး ( လက်ထောက် ကော်လိတ္တော် အရာရှိ ) ထံ ပေးပို့ရမည် ဖြစ်ပါသည် ။

မြို့နယ် အုပ်ချုပ်ရေးမှူးသည် လျှောက်ထားမြေနှင့် ပတ်သက်၍ 

အောက်ဖော်ပြပါ အချက် အလက်များကို စိစစ်တင်ပြရန် မြို့နယ် 

လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနသို့ အမှုတွဲ ပေးပို့ရမည် -

 

( က )    လျှောက်ထား မြေရာဇဝင် ၊ ( ၁ - က စာရင်းအရ )

( ခ )     လျှောက်ထား မြေသည် နိုင်ငံတော်အစိုးရက ချထားပိုင်ခွင့်ရှိသောမြေ ဟုတ် /  မဟုတ် ၊

( ဂ )     လျှောက်ထား မြေကို နိုင်ငံတော် အစိုးရက အသုံးပြုရန် သတ်မှတ်လျာ ထားခြင်း ရှိ / မရှိ၊

( ဃ )    လျှောက်ထား မြေပေါ်တွင် ကျူးကျော် နေထိုင်သူများ ရှိ / မရှိ ၊

( င )     လျှောက်ထား မြေကို ဂရန် ၊ အငှားဂရန်၊ လိုင်စင် စသည့်များ ထုတ်ပေးခဲ့ခြင်း ရှိ / မရှိ ၊ 

အကယ်၍ ရှိခဲ့လျှင် အမှုတွဲနံပါတ်နှင့် ခုနှစ်ကို ဖော်ပြရန် ဖြစ်ပါသည် ၊

( စ )     လျှောက်ထား မြေကို လျှောက်ထားသူ အပြင် အခြားသူများက မြေပုံ ကူးယူခြင်း ၊ 

လျှောက်ထားခြင်းများ ရှိ /  မရှိ ၊

( ဆ )    လျှောက်ထားမြေပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်ထားခြင်း ရှိ/ မရှိ၊

( ဇ )     လျှောက်ထားမြေနှင့် အလားတူ မြေပေါ်တွင် မြေငှားခ၏ ၇၅ % ကျသင့်ငွေကို ဖော်ပြရန် ၊

( ဈ )     လျှောက်ထားမြေနှင့် အလားတူ မြေပေါ်တွင် ရောင်းဈေး၏ ၆ % ကျသင့်ငွေကို 

ဖော်ပြရန် ဖြစ်ပါသည် ၊ ( စက်မှုမြေငှား ဂရန်အတွက် ရောင်းဈေး၏ ၁၂ % ကျသင့် ငွေကို ဖော်ပြရန် )

( ည )    လျှောက်ထားမြေ အတွက် စည်းကြပ်ရန် မြေငှားခသင့်ငွေကို တွက်ချက် 

ဖော်ပြပေးရန် ဖြစ်ပါသည် ။

 

လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ အထက်အပိုဒ်ပါ အချက်အလက်များ 

အပေါ် စိစစ်  ပြန်ကြားလာသည့် မြေရာဇဝင်အရ နိုင်ငံတော်အစိုးရက ချထားပေး 

ပိုင်ခွင့်ရှိသော မြေဖြစ်လျှင် ဂရန် ၊ လိုင်စင်ချ ထားပေးခြင်းကို ကန့်ကွက်ရန် ရှိ / မရှိ ၊ 

ကန့်ကွက်လိုသူရှိက ( ၁၅ )ရက် အတွင်း ကန့်ကွက်နိုင်ကြောင်း မြို့နယ်

 အုပ်ချုပ်ရေးမှူးက ကြော်ငြာ ရပါမည် ။ သတ်မှတ်ရက် အတွင်း ကန့်ကွက်လွှာများ 

ရရှိပါက စုံစမ်းစစ်ဆေးပြီး အကြောင်းပြချက် ခိုင်လုံလျှင် လျှောက်ထားချက်ကို 

ပယ်ခွင့်ရှိသည် ။ ကန့်ကွက်ချက်သည် ခိုင်လုံမှုမရှိ လျှင်သော် လည်းကောင်း ၊ သတ်မှတ်ရက် 

ကုန်ဆုံးလျှင် သော်လည်းကောင်း မြေငှားဂရန် ထုတ်ပေးခွင့် ပြုနိုင်ရေး အတွက် မြို့နယ် 

အုပ်ချုပ်ရေးမှူးသည် ယင်းမြေ နေရာသို့ သက်ဆိုင်ရာ မြေတိုင်းစာရေး နှင့်အတူ 

ကိုယ်တိုင် ကွင်းဆင်း ကြည့်ရှု စစ်ဆေးပြီး ခရိုင်အထွေထွေ အုပ်ချုပ်ရေး  ဦးစီးဌာနသို့ 

 ပြန်လည် ပေးပို့ရမည် ။ ခရိုင်အုပ်ချုပ် ရေးမှူးသည် ဂရန်လျှောက် ထားမြေ ( ၁ ) 

ဧက အောက်ဖြစ်ပါက  အမှုတွဲကို စိစစ်၍ မြေငှားဂရန် ထုတ်ပေး နိုင်ပါသည် ။

 

 ( အထက် မြန်မာပြည် မြေနှင့် အခွန်နည်း ဥပဒေ - ၅၁ ( ခ ) နှင့် အောက်

 မြန်မာပြည် မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ - ၉ )

လျှောက်ထား မြေသည် မြေဧရိယာ ( ၁ )ဧကအထက်မှ ( ၅ ) ဧကအထိဖြစ်ပါက 

တိုင်းဒေသကြီး / ပြည်နယ် အုပ်ချုပ်ရေးမှူးထံ အမှုတွဲတင်ပြ၍ တိုင်းဒေသကြီး / ပြည်နယ် 

အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ခရိုင် အုပ်ချုပ်ရေးမှူး ( ကော်လိတ္တော် အရာရှိ ) မှ 

မြေငှားဂရန် ထုတ်ပေး နိုင်ပါသည် ။ မြေဧရိယာ ( ၅ ) ဧကအထက် လျှောက်ထား လာပါက

 တိုင်းဒေသကြီး / ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် အထွေထွေ အုပ်ချုပ်ရေး 

ဦးစီးဌာန ( ရုံးချုပ် ) သို့ ဆက်လက်တင်ပြ၍  ညွှန်ကြားရေးမှူး ချုပ်မှ တစ်ဆင့် ပြည်ထောင်စု 

အစိုးရအဖွဲ့ ရုံးဝန်ကြီးဌာနသို့ တင်ပြ၍ ခွင့်ပြုချက် ရယူ ရပါမည် ။

ပြည်ထောင်စုဝန်ကြီး၏ ခွင့်ပြုချက် ရရှိပါက အထက် မြန်မာနိုင်ငံ မြေနှင့် အခွန်နည်း 

ဥပဒေ - ၅၁ ၊ ခ ( ဂ )အရ အောက် မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ - ၉ 

( ဂ )အရ နှစ်ရှည် မြေငှားဂရန် ပေးရန် သက်ဆိုင်ရာ ခရိုင် အုပ်ချုပ်ရေးမှူး

 ( ကော်လိတ္တော် အရာရှိ ) အား လုပ်ပိုင်ခွင့် အပ်နှင်းရန် ဖြစ်ပါသည် ။

 

Credit-OriginalUploder

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate