အိုးအိမ်မှာ ဂရန်လျှာက်ဖို့ ဘာတွေ လိုအပ် ပါသလဲ ။ ဘယ်လောက် ကုန်ကျ ပါသလဲ ။
တရားဝင် သွင်းရတာ ၊ တရားမဝင် သွင်းရတာ စသဖြင့် ဘယ်လောက်
ကြာတတ် ပါသလဲ ။ ဂရန်လျှာက်ဖို့ မြေအကျယ် အနည်းဆုံး ဘယ်လောက်ရှိ
ရပါသလဲ ။ လျှောက်ဖို့ ရည်ရွယ်တာက ( ၂၀ X ၄၀ ) အကွက်ပါ ။
ဗဟန်း ဘိုစိန်မှန် ။ ဆရာစံ အနောက်ပါ ။ အခုလက်ရှိက ဘိုးဘွားပိုင်ပါ ။ အရပ် စာချုပ်နဲ့ပါ ။
မရွှေ့ပြောင်း နိုင်တဲ့ပစ္စည်း မြေယာနဲ့ ပတ်သက်ပြီး တရားဝင် ပိုင်ဆိုင်မှု ရှိဖို့အတွက်
တည်ဆဲ ဥပဒေအရ ဘိုးဘွားပိုင်မြေကို မှတ်ပုံတင် အရောင်းအဝယ် စာချုပ်နဲ့ ဝယ်ထားသူ
ဖြစ်ရမှာဖြစ်ပြီး လက်ရှိ နေထိုင်သူ ဖြစ်ရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထား ကြောင်းသိ
ရပါတယ် ။ လျှောက်ထား လိုသည့် မြေသည် အနည်းဆုံး စတုရန်းပေ ( ၂၀×၆၀ ) ဧရိယာ ရှိရပါမယ်။
လူနေ အိမ်ရာတွေက ဘိုးဘွားပိုင်မြေ ၊ ဂရန်မြေနဲ့ ပါမစ်မြေတွေ ဖြစ်ကြပြီး အများစုမှာ
ဘိုးဘွား ပိုင်မြေတွေ ဖြစ်ကြ ပါတယ် ။ ဘိုးဘွားပိုင်မြေ ပေါ်မှာ နေထိုင် သူတွေက
မှတ်ပုံတင် အရောင်းအဝယ် စာချုပ်နဲ့ ဝယ်ယူ နေထိုင်သူတွေ ၊ အရပ်စာချုပ် အဆင်ဆင့်နဲ့
ဝယ်ယူနေထိုင် သူတွေရှိသလို အထောက်အထားမရှိဘဲ ဘိုးဘွားဘီဘင် လက်ထက်
ကတည်းက စပြီးတော့ လက်ဆင့်ကမ်း နေထိုင်သူတွေ ရှိကြပါတယ် ဘိုးဘွားပိုင်မြေများကို
အမည်ပြောင်း လျှောက်ထား လာပါက အောက်ဖော်ပြပါ အတိုင်း အမျိုးအစား
များခွဲခြား၍ လက်ခံ ဆောင်ရွက်ပေးလျက်ရှိပါသည် −
( ၁ ) အမည်ပြောင်း ၊
( ၂ ) ဦးပိုင်ခွဲ အမည်ပြောင်း ( ဦးပိုင် တစ်ခုကို ခွဲစိတ်၍ အမည်ပြောင်း လျှောက်ထားခြင်း )
( ၃ ) အမည် ဖြည့်စွက်ခြင်း ( မူလ အမည်ပေါ်က်အပြင် နောက်ထပ်တစ်ဦး ၊ နှစ်ဦးအမည်ဖြင့်
အမည်ထပ်မံ ဖြည့်စွက် လျှောက်ထားခြင်း )
( ၄ ) အမည် ပယ်ဖျက်ခြင်း ( မူလနှစ်ဦး ၊ သုံးဦး အမည်ပေါက်မှ တစ်ဦးဦးအား ပယ်ဖျက်ပေးရန်
လျှောင်ထားခြင်း ) ။
- ၂ ။ ဘိုးဘွားပိုင်မြေ အမည်ပြောင်း လျှောက်ထားရာတွင် အောက်ဖော်ပြပါ စာချုပ် စာတမ်းများနှင့်
အထောက် အထားများ လိုအပ်ပါသည် -
( ၁ ) လျှောက်ထားသူ၏ မှတ်ပုံတင် မိတ္တူမှန် ၊
( ၂ ) မြေပုံ ၊ မြေရာဇဝင် မူရင်း ၊
( ၃ ) အမွေဆက်ခံခြင်း ဖြစ်ပါက အဆင့်ဆင့် အမွေဆက်ခံမှု စာချုပ် စာတမ်း မိတ္တူ ၊
( ၄ ) အရောင်းအဝယ် ဖြစ်ပါက အဆင့်ဆင့် အရောင်းအဝယ် ပြုလုပ်သည့် မှတ်ပုံတင် စာချုပ် မိတ္တူမှန် ၊
( ၅ ) အပေး ၊ စွန့်လွှတ် ၊ အမည်ပြောင်း ဖြစ်ပါက မှတ်ပုံတင် ပေးကမ်း စွန့်လွှတ် စာချုပ်မိတ္တူမှန် ၊
( ၆ ) တရားရုံးဒဂရီ ( သို့မဟုတ် ) တရားမပုံစံ ( ၁၀၆ ) ( တရားရုံးမှ အမည်ပြောင်း ပေးရန် အကြောင်းကြားစာ )
( ၇ ) အမည်ပေါက် သေဆုံးပါက သေစာရင်း မိတ္တူမှန် ၊
( ၈ ) အိမ်ထောင် စုဇယား မိတ္တူမှန် ၊
( ၉ ) အဆောက်အဦး ဓါတ်ပုံ ၊
( ၁၀ ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက် ။
၃ ။ အထက် ဖော်ပြပါ အထောက်အထား များဖြင့် အမှုတွဲ တည်ဆောက်ပြီး သတင်းစာ ကြော်ငြာ၍
ကန့်ကွက်မှု မရှိ ၊ အရှုပ်အရှင်း မရှိပါက အမည်ပေါက် ဆောင်ရွက် ပေးနိုင်ပါသည် ။
Credit-OriginalUploder
Related Posts
ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...
စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...