အစ္စလာမ် ဘာသာ၀င်များ ဖြစ်ပေါ်လာသော အခြေအနေအရ ဥပဒေက ကွာရှင်းပေးခြင်း

အစ္စလာမ် ဘာသာ၀င်များ ဖြစ်ပေါ်လာသော အခြေအနေအရ ဥပဒေက ကွာရှင်းပေးခြင်း

ဗုဒ္ဓဘာသာ လင်မယားကိစ္စ တွေကတော့ တော်တော်များများ 

တင်ပြထားပြီးပြီ ယခု တခြားဘာသာဝင်များရဲ့ 

ကွာရှင်းနိုင်မည့် အကြောင်းကို ဆက်လက် ဖော်ပြ သွားပါမယ် ။ 

အစ္စလာမ် ဘာသာ၀င်များ ဖြစ်ပေါ်လာသော အခြေအနေအရ 

ဥပဒေက ကွာရှင်းပေးခြင်း လင်မယား ကွာရှင်းခြင်း အကျိုးဆက်

( ၁ ) လင်ဖြစ်စေ ၊ မယားဖြစ်စေ သေဆုံးသွားပါက ဥပဒေအရ 

လင်မယား ကွာရှင်း ပြတ်စဲပြီး  ဖြစ်သည် ။

( ၂ ) ၁၉၅၃ခုနှစ် ၊ မွတ်စလင် လင်မယား ကွာရှင်းရေး ဥပဒေပုဒ်မ

 ( ၄ ) အရ လင်ဖြစ်စေ ၊ မယား ဖြစ်စေ ၊ အစ္စလာမ် ဘာသာကို 

စွန့်လွှတ်သည်နှင့် တပြိုင်နက် ကွာရှင်း ပြတ်စဲပြီး ဖြစ်သည် ။ 

လင်မယားကွာရှင်းခြင်း၏ အကျိုးဆက် -

အထက်ပါ နည်းလမ်း ( ၄ ) မျိုးအနက် မည်သည့် နည်းလမ်းဖြင့်

ဖြစ်စေ ၊ လင်မယား ကွာရှင်းပြတ်စဲ ပြီးနောက် အောက်ပါတာ၀န်နှင့်

 လုပ်ပိုင်ခွင့် များသည် အကျိုးဆက် အဖြစ်ပေါ်ပေါက် လာသည် ။

 

( ၁ ) ကွာရှင်း ပြတ်စဲပြီးနောက် လင်ဖြစ်စေ ၊ မယားဖြစ်စေ 

နောက်အိမ်ထောင် ပြုခွင့်ရှိသည် ။ 

 

( ၂ ) အမျိုးသမီးက နောက်အိမ်ထောင်ပြုလိုလျှင်- 

( က ) ထိမ်းမြား လက်ထပ်ပြီးနောက် ကိုယ်လက်နှီးနှောမှု မရှိခဲ့လျှင် 

ချက်ချင်း နောက် အိမ်ထောင်ပြု နိုင်သည် ။ 

( ခ ) ထိမ်းမြား လက်ထပ် ပြီးနောက် ကိုယ်လက် နှီးနှောမှု ရှိခဲ့လျှင် 

စောင်းဆိုင်းရန် ကုန်ဆုံးမှ နောက်အိမ်ထောင် ပြုခွင့် ရှိသည် ။ 

 

( ၃ ) ထိမ်းမြား လက်ထပ်ပြီးနောက် ကိုယ်လက်နှီးနှောမှု ရှိခဲ့လျှင်

 အမျိုးသမီးသည် မင်္ဂလာကြေး အားလုံးကို ချက်ချင်း ရပိုင်ခွင့်ရှိသည် ။ 

ကိုယ်လက် နှီးနှောမှု မရှိခဲ့ပါက မင်္ဂလာကြေး၏ ထက်၀က်ရ ပိုင်ခွင့်ရှိသည် ။

 

( ၄ ) လင်နှင့်မယား နှစ်ဦးစလုံးသည် ကွာရှင်းပြတ်စဲမှု ပြန်လည် 

ရုပ်သိမ်း၍ မရတော့သည့် အချိန်အထိ တစ်ဦးနှင့်တစ်ဦး အမွေဆက်ခံ 

ပိုင်ခွင့်ရှိသည် ။ သို့ရာတွင် ပြန်လည် ရုပ်သိမ်း၍ မရတော့သည့် 

အချိန်ကျော် လွန်ပြီးနောက် တစ်ဦးနှင့်တစ်ဦး အမွေဆက်ခံ ပိုင်ခွင့်

မရှိတော့ပေ ။

 

( ၅ ) ကွာရှင်း ပြတ်စဲခြင်းကို ပြန်လည် ရုပ်သိမ်း၍ မရတော့သည့် 

အချိန်ကာလကို ကျော်လွန်ပြီး နောက် ကိုယ်လက် နှီးနှောမှုပြုလုပ်ပါက 

တရား၀င် ပြန်လည် ပေါင်းသင်းခြင်း မမည်ပေ ။ ထိုသို့ ကိုယ် 

လက်နှီးနှော မှုအပေါ်ရရှိသော သားသမီးများသည် တရား၀င်သော 

သားသမီးများအဖြစ် သတ် မှတ်ခြင်းမပြုပေ ။

 

( ၆ ) တာလတ်( ခ် ) နည်းဖြင့် ကွာရှင်းကြောင်း ( ၃ ) ခါကြေညာပြီး 

ကွာရှင်းခြင်းမှလွဲ၍ ကျန်ကွာ ရှင်းနည်းအရ ကွာရှင်းပြတ်စဲခဲ့သော 

လင်မယားသည် ပြန်လည် ထိမ်းမြား လက်ထပ် နိုင်သည်။

 

( ၇ ) တာလတ် ( ခ် ) နည်းဖြင့် ကွာရှင်းကြောင်း ( ၃ ) ကြိမ် ( ၃ ) 

ခါကြေငြာပြီး ကွာရှင်းခြင်း ဖြစ်ပါက လင် ယောကျာ်းသည် ဇနီးအား 

ပြန်လည် ထိမ်းမြား လက်ထပ်ခြင်း မပြုနိင်ပေ ။ သို့ရာတွင် ဇနီးသည် 

နောက် အိမ်ထောင်ပြု၍ ထိုသူနှင့် ကိုယ်လက် နှီးနှောမှု ရှိခဲ့ပြီး 

တရား၀င် ကွာရှင်း ပြတ်စဲလျှင် ပထမ လင်ယောကျာ်းနှင့် ပြန်လည် 

ထိမ်းမြား လက်ထပ်ခြင်းသည် တရား၀င်သည် ။

မှတ်ချက် ။ ။ ဤသတ်မှတ်ချက် ပြဌာန်းထားခြင်းမှာ 

လင်ယောကျာ်း၏ မစဉ်းစား မဆင်ခြင်ဘဲ အလွယ်တကူ 

ကွာရှင်း ပြတ်စဲမှုများကို တားဆီးနိုင် ရန်အတွက် ဖြစ်သည်။

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate