မြန်မာ့ ဆန္ဒထုတ်ဖော်သူများ လက်စွဲ - ထိန်းသိမ်း ဖမ်းဆီး ခံရချိန်တွင် သင်၏ ရပိုင်ခွင့်များ ( Your protest rights when detained and arrested)

15-Aug-21 အခြား
မြန်မာ့ ဆန္ဒထုတ်ဖော်သူများ လက်စွဲ - ထိန်းသိမ်း ဖမ်းဆီး ခံရချိန်တွင် သင်၏ ရပိုင်ခွင့်များ ( Your protest rights when detained and arrested)

              ရဲတပ်ဖွဲ့၏ မတရား ဖမ်းဆီး ချုပ်နှောင်ခြင်း မခံရပိုင်ခွင့်

သင်သည် မတရားဖမ်းဆီး ချုပ်နှောင်ခြင်း မခံရ စေရ ။ ( ဖွဲ့စည်းပုံ 

အခြေခံ ဥပဒေ ၊ ပုဒ်မ ၂၁ ( ခ ) နှင့် ၃၇၆ ။ ပြစ်မှုဆိုင်ရာ ဥပဒေ ၊   

ပုဒ်မ ၃၃ ၊ ပုဒ်မ ၃၃၉ - ၃၄၂ နှင့် ၃၄၈ ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၊ 

ပုဒ်မ ၆၁ ၊ ၁၀၀ ၊  ၁၆၇ နှင့် ၄၉၁ ။) မတရား ဖမ်းဆီး ချုပ်နှောင်မှု 

အတွက် သင်သည် ရဲတပ်ဖွဲ့ထံမှ နစ်နာကြေး တောင်းပိုင်ခွင့် ရှိသလို 

ဖမ်းဆီး ချုပ်နှောင်မှုသည် တရားဥပဒေ နှင့်အညီ  ဖြစ်မ ဖြစ်ကို 

စစ်ဆေးရန် ပြည်ထောင်စု တရားလွှတ်တော် ချုပ်ထံ လျှောက်ထား 

ပိုင်ခွင့် ရှိသည် ။ ( ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၊ ပုဒ်မ ၃၇၈ ။ ပြစ်မှုဆိုင်ရာ 

ဥပဒေ ၊ ပုဒ်မ ၃၃၀ ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၊ ပုဒ်မ ၈၀ နှင့် ၄၉၁ )

သင်သည် ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခံရပါက တရားရုံးသို့  ဦးတိုက်

လျှောက်၍ တိုင်ကြား ပိုင်ခွင့် ရှိသည် ။ ( ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၊ 

ပုဒ်မ ၃၇၆ ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၊  ပုဒ်မ ၈၁ ၊ ပုဒ်မ ၁၆၇ ။) 

သင်သည် ( အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်ထိ ချမှတ် နိုင်သည့် ပြစ်မှု 

များအတွက် ) 

 

                 စစ်ဆေး မေးမြန်း ခံနေရစဥ် ကာလအတွင်း သက်သေ 

အထောက်အထား မခိုင်လုံကြောင်း တွေ့ရှိပါက သင်သည် 

လွတ်မြောက်ခွင့် ရှိသည် ။ ( ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၊ ပုဒ်မ ၁၆၉ ။)

မတရား ဖမ်းဆီးခြင်းနှင့် ရှာဖွေ စစ်ဆေးခြင်း မခံရပိုင်ခွင့်

သင်သည် ဖမ်းဆီး ခံရချိန်၌ အင်အား အလွန်အကျွံ သုံးခြင်းကို ဖြစ်စေ ၊ 

လိုအပ်သည် ထက်ပို၍ ဖိနှိပ် ချုပ်ချယ်ခြင်း ကိုဖြစ်စေ မခံရစေရ ။ 

( ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၊ ပုဒ်မ ၅၀ ) သင်သည် ရဲတပ်ဖွဲ့၏ 

လေးလေး စားစား ဆက်ဆံမှုကို ရပိုင်ခွင့်ရှိသည် ။ ( ရဲလက်စွဲ ၊ 

အပိုဒ် ၁၀၅၆ ) သင်သည် ရဲတပ်ဖွဲ့၏ ကာကွယ် စောင့်ရှောက်မှုကို 

ရပိုင်ခွင့် ရှိသည် ။

 

 ( ရဲလက်စွဲ ၊ အပိုဒ် ၁၀၈၆ )

        ရဲတပ်ဖွဲ့သည် ရှာဖွေ စစ်ဆေးမှု ပြုလုပ်ရန် တရားရုံးက ထုတ်ဆင့်သည့် 

ရှာဖွေဝရမ်း လိုအပ်သည် ။ ရဲသည် လူတစ်ယောက်ထံမှ သိမ်းဆည်းရမိသော 

ပစ္စည်းစာရင်းကို ရေးသားပြုစု၍ ထိုစာရင်း၏ မိတ္တူကို ပေးရမည် ။ သို့သော် 

တစ်ခါတစ်ရံတွင် ရဲများက သင့်ထံမှ ရှာဖွေ စစ်ဆေးခွင့် ရရှိရန် ထိုစာရင်းကို 

ပြ၍ အသုံးပြု တတ်ကြသည် ။ ( ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၊ 

ပုဒ်မ ၉၆ - ၁၀၃ ။ ရဲလက်စွဲ ၊ အပိုဒ် ၁၀၆၄ ။ တရားရုံးများ လက်စွဲ ၊ အပိုဒ် ၄၀၁ ။ 

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို 

ကာကွယ်ပေးရေး ဥပဒေ ၊ အပိုဒ် ၈ ။) သင်သည် ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်း

ဆိုင်ရာနှင့်  လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု မခံရစေရ ။ ( ပြစ်မှုဆိုင်ရာ ဥပဒေ ၊ 

ပုဒ်မ ၃၅၄ နှင့် ၅၀၉ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် သင်းသိန်း

(အပေါင်း ၃ ဦး ) ၊ ၂၀၀၂ ၊ မြန်မာနိုင်ငံ တရားစီရင်ထုံးများ ၃၆ )

ညှဥ်းပန်းနှိပ်စက် မခံရပိုင်ခွင့် သင်သည် ညှဥ်းပန်းနှိပ်စက်ခြင်း (သို့မဟုတ်) 

ကြမ်းတမ်း ရက်စက်စွာ ဆက်ဆံခြင်း မခံရစေရ ။ (ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ 

ပုဒ်မ ၄၄ နှင့် ၃၅၃ ။ 

 

        ပြစ်မှုဆိုင်ရာ ဥပဒေ ၊ ပုဒ်မ ၃၃၀ - ၃၃၁ ၊  ပြည်သူ့ ရဲတပ်ဖွဲ့ 

စည်းကမ်း ထိန်းသိမ်းရေး ဥပဒေ ၊ ပုဒ်မ ၁၇ ( ဆ ) ။ အပြည်ပြည်ဆိုင်ရာ 

လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၅ ။) သင်သည် စစ်ဆေးမေးမြန်း 

ခံရနေစဥ် ထိခိုက် နာကျင်အောင် ပြုလုပ်ခြင်း မခံရစေရ ။ (ပြစ်မှုဆိုင်ရာ ဥပဒေ ၊ 

ပုဒ်မ ၃၃၀ - ၃၃၁ ) သင်သည် အနိုင့်အထက် ခြိမ်းခြောက်၍ ဖြစ်စေ ၊ ကတိ 

တစ်စုံတစ်ရာ ထား၍ဖြစ်စေ ဖိအားပေး စည်းရုံးခြင်း မခံရစေရ ။ 

(ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၊ ပုဒ်မ ၃၄၃ )

 

 

      ရဲတပ်ဖွဲ့က ဖြောင့်ချက်ရရန်အတွက် စစ်ဆေးမေးမြန်းနေစဥ် ညှဥ်းပန်းနှိပ်

စက်ပါက (သို့မဟုတ်) လက်မခံနိုင်သော လုပ်ရပ်တစ်ခုခု ပြုလုပ်ပါက သင်သည် 

အမှုစစ်အရာရှိထံ တိုင်တန်းခွင့်ရှိသည်။ ထိုအရာရှိက မဖြစ်မနေ စုံစမ်းစစ်ဆေး 

ပေးရမည် ။ (ရဲလက်စွဲ၊ အပိုဒ် ၁၆၉၃) သင်သည် ရဲ၏ ညှဥ်းပန်းနှိပ်စက်မှုကို ရဲတပ်ဖွဲ့

ထံမတိုင်ဘဲ တရားရုံးသို့ တိုင်တန်း ရမည် ။ ထိခိုက် ဒဏ်ရာ ရရှိမှုများ ကိုလည်း 

ကြားနာစစ်ဆေးမှု ပြုလုပ်နေစဥ် အတောအတွင်း မှတ်တမ်းတင် ထားပေးရန် 

တရားသူကြီး များကို တောင်းဆို သင့်သည် ။ (ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၊ 

အပိုဒ် ၂၀၀)

 

ဖြောင့်ချက်မပေးဘဲ နေပိုင်ခွင့်

       သင့်ထံတွင် မဖြစ်မနေ ဖြောင့်ချက် ပေးရန် တာဝန် မရှိကြောင်း သင့်ကို 

ကြိုတင် အသိပေး ထားရမည် ။ ( ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၊ ပုဒ်မ ၁၆၄ ။)

သင်သည် ဖြောင့်ချက် ပေးရန် အတင်းအကျပ် ဖိအားပေး မခံရ စေရ ။ 

( သက်သေခံ ဥပဒေ ၊ ပုဒ်မ ၂၄ ။ ပြည်သူ့ရဲများ စည်းကမ်း ထိန်းသိမ်းရေး ဥပဒေ ၊ 

ပုဒ်မ ၁၃ ။ နိုင်ငံတကာ ပြည်သူ့ ရေးရာနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူ 

စာချုပ် (ICCPR) အပိုဒ် ၁၄ ( ၃ )) ။ သင့်ဆန္ဒ အလျောက် ( အလိုအလျောက် ) 

ထုတ်ဖော် ပြောကြားသော ဖြောင့်ချက်ကိုသာ သက်သေခံချက် အဖြစ် အသုံးပြု 

နိုင်သည် (ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၊ ပုဒ်မ ၁၆၄ ) ။ သင့်အနေဖြင့် အကျပ်ကိုင် 

သောကြောင့် ဖြောင့်ချက် ပေးရခြင်း ၊ မမှန်မကန် ဖြောင့်ချက် ပေးခြင်းနှင့် မစဥ်းစား 

မဆင်ခြင်ဘဲ ဖြောင့်ချက် ပေးခြင်းတို့ကို ရှောင်ကြဥ် သင့်သည် ။

သင်သည် ပြစ်မှုတစ်ခုကို ကျူးလွန်သည်ဟု မထွက်ဆိုဘဲ နေပိုင်ခွင့် ရှိသည် ။ 

(ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ ပုဒ်မ ၃၄၂  ( ၁ )( က )။ နိုင်ငံတကာ ပြည်သူ့ရေးရာနှင့် 

နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (ICCPR) ၁၄(၃)(ဆ)။

သင်သည် တရားသူကြီးတစ်ဦး၏ မေးခွန်းများကို မဖြေဆိုဘဲ နေပိုင်ခွင့် ရှိသည် ။

 (ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၊ ပုဒ်မ ၃၄၂ ( ၂ ) ( ၃ ))။

 

Download မြန်မာ့ ဆန္ဒထုတ်ဖော်သူများ လက်စွဲ (PDF) >> http://freeexpressionmyanmar.org/.../myanmar-protesters...

 

 

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate