ခဏခဏ လာမေးကြလွန်းလို့ ပြန်လည် ဖော်ပြ ပေးလိုက် ပါတယ် ။

ခဏခဏ လာမေးကြလွန်းလို့  ပြန်လည် ဖော်ပြ ပေးလိုက် ပါတယ် ။

    လင်မယား အတူမနေ/မထောက်ပံ့/အဆက်အသွယ် မလုပ်ပါက 

နှစ်ဘယ်လောက်ကြာအလိုအလျောက်  ပြတ်ဆဲပါသလဲ ဟူသော 

အများစု သိချင်သည့် မေးခွန်းအား........အချက်အလက် အစုံအလင်နှင့်

သိစေရန် ပြန်လည် မျှဝေ ပေးလိုက် ပါသည် ။

 

လင်ဖြစ်သူ နေအိမ်မှ စွန့်ခွာပြီး ၃ နှစ်တိုင်အောင် အဆက်အသွယ် 

အထောက်အပံ့ မရှိရင်သော် လင်မယား အဆက်အသွယ် အထောက်အပံ့

မရှိလဲ တရားဝင် မကွာရှင်းသေးသ၍ လင်မယားအရာ မပျက်ယွင်းပါ။

 

လင်ဖြစ်သူ နေအိမ်မှစွန့်ခွာပြီး ၃ နှစ်တိုင်အောင် အဆက်အသွယ် 

အထောက်အပံ့ မရှိရင်သော်၎င်း နောက်အိမ်ထောင် ပြု ရင်သော်၎င်း 

မယား၏ ကိုယ်စိတ်နှစ်ပါး ဆင်းရဲစေရန် နေ့စဉ်နဲ့အမျှ နှိပ်စက်နေရင်

သော်၎င်း မယားအား လက်ရောက်မှု့ တစ်ကြိမ် ကျူးလွန် ယုံမျှဖြင့်၎င်း 

(မယားမှ တရားရုံးမှာ ကွာရှင်းခွင့် လျှောက်ထား နိုင်ပါသည် )။

 

ကျိူးကြောင်း ဆီလျော်မှု့ မရှိသော အကြောင်းပြချက်နဲ့ 

မယားသည် နေအိမ်မှစွန့်ခွာကာ ၁ နှစ်တိုင် အဆက်အသွယ်မလုပ် / 

ပြန်ပေါင်းရန် မကြိုးစားလျှင်၎င်း အိမ်ထောင်ရေး ဖောက်ပြန်ရင် သော်၎င်း 

(လင်ဖြစ်သူဖက်မှ တရားရုံးတွင် ကွာရှင်းခွင့် တောင်းနိုင်ပါသည်)။

 

လင်မယား အရာမြောက်ဖို့ လက်ထပ် စာချူပ်လုပ်ရန် / မင်္ဂလာ

ဆွမ်းကျွေး / မင်္ဂလာဆောင်ကျင်းပ စတာတွေမလိုဘဲ ပတ်ဝန်းကျင်မှာ 

လင်မယားလို အထင်အရှား ပေါင်းသင်းနေထိုင်ယုံနဲ့ တရားဝင် လင်မယားအရာ 

မြောက်ပါသည်။

 

ရပ်/ ကျေးရုံး / ရှေ့နေ စသူတို့ရှေ့၌ ( ကွာရှင်းခြင်း ကတိစာချုပ်) 

မဟုတ်သော စာချူပ် လက်မှတ်ရေးထိုး ကွာရှင်းခြင်းသည် ဥပဒေအရ 

တရားမဝင်သော်လည်း သက်သေအဖြစ် တင်ပြခွင့် ရှိသည် ။

 

သတင်းစာထဲတွင် တဖက်သတ် ကွာရှင်း ပြတ်စဲကြောင်း ကြေငြာခြင်း 

များသည် ကာယကံရှင်နှင့် ၎င်းတို့ ပတ်ဝန်းကျင် သိစေရန် မျှသာ ဖြစ်ပြီး 

ဥပဒေအရ တရားမဝင်ပါ ။ 

 

viber /messanger/ voice record စတာတွေနဲ့ အိမ်ထောင်ရေး 

ဖောက်ပြန်ကြောင်း သက်သေတွေဟာ သက်သေခံ တင်ပြခွင့် ရှိပေမယ့် 

ခိုင်မာမှု့ မရှိတဲ့အပြင် တဖက်မှ ချေပဖို့ အခွင့်အလမ်း များစွာ ရှိနေတာကို 

ဂရုပြု ရပါမယ် ။ active ဖြစ်တဲ့ video file သာလျင် မိမိဖက်က အသာစီး

ရနိုင်မယ့် သက်သေ ဖြစ်သည် ။

 

ကွာရှင်းပြီးသော လင်မယားတို့သည် ပြန်လည် ပေါင်းသင်းပါက 

လူသိ / နတ်ကြား ပေါင်းသင်း ရမှာဖြစ်ပြီး ဆိတ်ကွယ်ရာ အရပ်များတွင် 

အလျဉ်းသင့်သလို ဆက်ဆံယုံမျှဖြင့် ယခင် ကွာရှင်းထားသော စာချူပ်အား 

အလိုအလျောက် မပျက်ပြယ်နိုင်ပါ (အချုပ် အားဖြင့် ) မြန်မာ့ ထုံးတမ်းအရ

 မြန်မာ / ဗုဒ္ဓဘာသာဝင် များသည် လင်မယား ကွာရှင်း ကိစ္စများ၌ စာချူ ပ် / 

စာတမ်းမလို ကာယကံရှင် ၂ ဦး၏ လွတ်လပ်သော ဆန္ဒသာအဓိကဟု 

စီရင်ထုံးများစွာမှာ ဖော်ပြထား သော်လည်း စီရင်ထုံး ဆိုသည်ကား ပြဌာန်း

ဥပဒေ မဟုတ်သည့်အတွက် အငြင်းပွား စရာဖြစ် လာပါက နစ်နာမှု့များစွာ 

ကြုံ တွေ့ရမှာဖြစ်၏ ။ တလင်တမယား စနစ်ကျင့်သုံးရေး ဥပဒေဟူသော

 (ငရဲ ဥပဒေ) တည်မြဲနေစဉ်အတွင်း ကွာရှင်းမည် ဆိုပါက တရားရုံးများ

တွင်သာ စိတ်အချ ရဆုံး ဖြစ်၏ ။

 

လင်မယား အတူမနေ / မထောက်ပံ့ / အဆက်အသွယ် မလုပ်ပါက 

နှစ်ဘယ်လောက် ကြာရင် အလိုအလျောက် ပြတ်ဆဲပါသလဲ ဟူသောအများစု 

သိချင်သည့် မေးခွန်းအား.…

၎င်းလင်မယား ၂ ယောက်ထဲမှ တစ်ယောက်ယောက် (တမလွန် ခရီး)

 နှင်မှသာ အလိုလို ပျက်ဆဲ နိုင်ပါသည် ။

 

( လေးစားလျက်)

#Credit

 

 

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate