ကုလသမဂ္ဂရဲ့ အခန်း ( ၇ ) ဆိုတာ ဘာလဲ
ကုလသမဂ္ဂ၏ ပဋိညာဉ်တွင် အခန်း ( ၁ ) မှ အခန်း
( ၁၉ ) အထိရှိပြီး တစ်ခန်းချင်းစီတွင် အပိုဒ်များစွာ
ပါဝင်သည် ။ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏
မြန်မာနိုင်ငံ ဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အန်
ဒရူးက မြန်မာ့အရေးကို ကမ္ဘာကြီးက ပြစ်တင် ရှုတ်ချသည့်
စကားလုံးများနှင့် စောင့်ကြည့်ရုံ ဖြင့် မလုံလောက်ဘဲ အားလုံး
အရေးယူ ဆောင်ရွက် ရမည်ဟု တိုက်တွန်းထားပြီး တုံ့ပြန်
ဆောင်ရွက် နိုင်သော ရွေးချယ်စရာများကို တင်ပြခဲ့သည် ။
ယင်းသို့ တင်ပြရာတွင် အခန်း ( ၇ ) ၏ လုပ်ပိုင်ခွင့် အသုံးပြုရေး
စဉ်းစားကြရန် လည်း ဖော်ပြ ခဲ့သည် ။ နိုင်ငံတကာ ငြိမ်းချမ်းရေး
ထိန်းသိမ်းရန် အခန်း ( ၇ ) က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏
လုပ်ပိုင်ခွင့်များ ပေးထားသည် ။ အခန်း ( ၇ )တွင် အပိုဒ် ၃၉ မှ ၅၁
အထိ ပါဝင်ပြီး အနှစ်ချုပ်မှာ ကမ္ဘာတွင် ငြိမ်းချမ်းရေး ၊ ဂုဏ်သိက္ခာ
နှင့် သာတူညီမျှမှု ထိန်းသိမ်း ( သို့ မဟုတ် ) ဖော်ဆောင် ပေးရန်
ရည် ရွယ်သည် ။
ငြိမ်းချမ်းရေး ၊ ငြိမ်းချမ်းရေး ချိုးဖောက်မှု ( သို့မဟုတ် )
ကျူးကျော်ရန်ကိုမူ အစရှိသည့် ခြိမ်းခြောက်မှု မှန်သမျှကို ဆုံးဖြတ်
ရန်နှင့် စစ်ရေးနှင့် စစ်ရေးအရ မဟုတ်သော ဆောင်ရွက်မှုများ
ပြုလုပ်ရန် အခန်း ( ၇ )က လုံခြုံရေး ကောင်စီကို ခွင့်ပြုထားသည် ။
ဒုတိယ ကမ္ဘာစစ်အပြီး ထူထောင်သော ကုလသမဂ္ဂ၏ ပဋိ ညာဉ်
အနှစ်သာရမှာ စစ်ပွဲမဖြစ် စေရန် ကာကွယ်ရေး ဖြစ်သည် ။ အခန်း
( ၇ ) က နိုင်ငံတကာငြိမ်း ချမ်းရေးနှင့် လုံခြုံရေးကို ထိပါးမှု မှန်သမျှ အ
ခြေအနေပိုမိုမဆိုးရွား အောင် ကာကွယ်ခြင်း ၊ တည်ငြိမ် မှုယိုယွင်း
နေသော တိုင်းပြည်သို့ နိုင်ငံတကာ တပ်ဖွဲ့ဝင်များ ဝင် ရောက်ရာတွင်
တစ်ဆင့်ချင်း တစ်ဆင့်ချင်း အရေးယူဆောင်ရွက်မှု များ ပြုလုပ်ရန်
ပြဋ္ဌာန်းထားသည် ။
"ဘယ်လို အခြေအနေတွေမှာ အခန်း ( ၇ ) လုပ်ပိုင်ခွင့် အသုံးပြုနိုင်
သလဲ " ပဋိပက္ခများ မဖြစ်အောင် တားဆီးခြင်း ( သို့မဟုတ် ) အဆုံး
သတ်ခြင်းဖြင့် နိုင်ငံတကာ ငြိမ်း ချမ်းရေးနှင့် တည်ငြိမ်မှု ထိန်းသိမ်း
စောင့်ရှောက်ရေး လုံခြုံရေး ကောင်စီ၏ လုပ်ပိုင်ခွင့်အတွက် အခန်း
(၇)တွင် ပြဋ္ဌာန်းထားသည့် တာဝန်များနှင့် အခွင့်အာဏာများ က
အခရာကျသည် ။ ငြိမ်းချမ်းရေး ၊ ငြိမ်းချမ်းရေး ချိုးဖောက်မှု
( သို့ မဟုတ် ) ကျူးကျော်ရန်လိုမှုများ အတွက် အခန်း ( ၇ )ကို
အသုံးပြု နိုင်သည် ။
" လုံခြုံရေးကောင်စီအနေနဲ့ တပ်ဖွဲ့ဝင်အင်အား အသုံးပြုဖို့
ဘယ်အချိန် ခွင့်ပြုနိုင်လဲ" နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး
အတွက် ခြိမ်းခြောက်မှု မှန်သမျှကို ဖြေရှင်းရေး အရေးယူ
ဆောင်ရွက်မှု ပြုလုပ်ရန်နှင့် ယင်း အခြေအနေကို ဆုံးဖြတ်ရန် လုံခြုံ
ရေးကောင်စီက လုပ်ပိုင်ခွင့်ရ ထားသည် ။ ယင်းလုပ်ပိုင်ခွင့်ကျင့်
သုံးရာ၌ အားလုံး၏ သဘောတူညီ မှုရသော ဖြစ်စဉ်က နည်းပါး သည် ။
ဗီတိုအာဏာအသုံးပြုခွင့် ရှိသော လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်
ငါးနိုင်ငံရှိ နေသော ကြောင့် ဖြစ်သည် ။ "ဘယ်ပဋိပက္ခတွေမှာ အခန်း
(၇) ကြား ဝင်စွက်ဖက်မှုတွေ လုပ်ခဲ့လဲ" ကိုရီးယား ၊ အာဖဂန်နစ္စတန် ၊
အရှေ့တီမော ၊ ရဝမ်ဒါ ၊ ဆီရီယာလီယွန် ၊ အန်ဂိုလာ၊ ဆို မာလီယာ ၊
ယူဂိုဆလားဗီးယား ၊ အီရတ် ၊ ဟေတီ ၊ ပင်လယ်ကွေ့ စစ်ပွဲ ၊ လစ်ဗျား ၊
လက်ဘနွန်တို့ တွင် အခန်း (၇) ကြားဝင်စွက်ဖက် မှုများ ပြုလုပ်
ခဲ့သည်ကို တွေ့ရ သည်။
တစ်ခု သတိချပ်ရမည်မှာ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်း သိမ်းရေးမစ်ရှင်
စေလွှတ်တိုင်း အခန်း ( ၇ ) လုပ်ပိုင်ခွင့်ကို အသုံး ပြု၍ စေလွှတ်ခြင်း
မဟုတ်ဘဲ အ ခန်း ( ၆ )၏ လုပ်ပိုင်ခွင့်ကို အသုံး ပြုခြင်းလည်း ဖြစ်နိုင်
သည် ။ " အခန်း (၇) မှာ အပိုဒ်လိုက် ဘယ်လိုချိတ်ဆက် ထားသလဲ "
အပိုဒ်တိုင်းတွင် လုပ်ပိုင်ခွင့် အသီးသီးရစေရန် အဆင့်များစွာ
ဖြတ်ကျော်ရသည်။ သို့သော် လုံခြုံရေး မတည်မငြိမ်ဖြစ်နေသော
တိုင်းပြည်သို့ နိုင်ငံတကာတပ်ဖွဲ့ ဝင်များ ဝင်ရောက်ရေးတွင် အပိုဒ် ၄၀၊
၄၁ နှင့် ၄၂ က အခရာကျ သည် ။ အပိုဒ် ၃၉ တွင် မြေပြင် အခြေအနေ
အပေါ် မူတည်၍ မည် သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်
ကို ဆုံးဖြတ် ကြသည် ။ အပိုဒ် ၄၀ တွင် အခြေအနေ ပိုဆိုးလာခြင်း
မရှိအောင် ဦးစွာ တားဆီးသည်။ ယင်းအပိုဒ်ပြီးပါ က ၄၁ တွင် လက်နက်
ကိုင်တပ် မပါဝင်သော အရေးယူဆောင် ရွက်မှုများကို သက်ဆိုင်သူ
များသို့ တိုက်တွန်းနိုင်သည်။ ယင်းသို့ အ ရေးယူ ဆောင်ရွက်မှု များတွင်
စီး ပွားရေး ချိတ်ဆက်မှု ၊ ရထား၊ ရေ ကြောင်း၊ လေကြောင်း၊ စာပို့လုပ်
ငန်း၊ တယ်လီဂရပ်ဖစ်၊ ရေဒီယို နှင့် အခြားဆက်သွယ်ရေးနည်း လမ်းများ၊
သံတမန်ရေး ဆက်ဆံ ရေးများကို တစ်စိတ်တစ်ပိုင်း (သို့ မဟုတ်) လုံးဝ
ဖြတ်တောက်ခြင်း ကဲ့သို့သော ဆောင်ရွက်မှုများ ပြု လုပ်နိုင်သည်။
အပိုဒ် ၄၁ ပါ ပြဋ္ဌာန်းချက် များနှင့် လုံလောက်ခြင်းမရှိ (သို့ မဟုတ်)
မလုံလောက်ပါက ငြိမ်း ချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်း ရန် (သို့မဟုတ်)
ဖော်ဆောင်ရန် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်အင် အား အသုံးပြုခြင်း ကဲ့သို့
သော အ ရေးယူဆောင်ရွက်မှုများ ပြုလုပ် နိုင်သည်။ ယင်းသို့ အရေးယူ
ဆောင်ရွက်မှုတွင် ကုလသမဂ္ဂ၏ ကြည်း၊ ရေ၊ လေတပ်မတော် စစ်ရေး
ပြခြင်း၊ ပိတ်ဆို့တားဆီးခြင်း နှင့် အခြားစစ်ဆင်ရေးများ အကျုံးဝင်သည်။
—Ref: un.org/wikile-ir.info
Related Posts
GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...
ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...
“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...