ကာလစည်းကမ်းသတ်ကျော်လွန်သွားသည့်ကြွေးမြီကိုဘယ်လိုတောင်းဆိုနိုင်သနည်း ။

ကာလစည်းကမ်းသတ်ကျော်လွန်သွားသည့်ကြွေးမြီကိုဘယ်လိုတောင်းဆိုနိုင်သနည်း ။
ကာလစည်းကမ်းသတ်​ကျော်လွန်သွားသည့်​ကြွေးမြီ
သည်မည်သည့်အခါတွင်မျှ​တောင်းဆိုခွင့်မရှိ​တော့ပဲ
အမြဲတန်းဆုံးရှုံးသွား​သည့်ကြွေးမြီဖြစ်သွားပါသလား ​ကြွေး
မြီအများတင်ရှိ​နေပါကမြီရှင်အတွက်သက်သာခွင့်မရ
နိုင်​တော့ဘူးလားဟုအချို့သိချင်ကြမည်ဖြစ်ပါသည် ။
မကြာခဏ​မေးမြန်းကြသည့်​မေးခွန်းတစ်ခုလည်းဖြစ်
ပါတယ် ။
ကာလစည်းကမ်းသတ်အက်ဥပ​ဒေ ပုဒ်မ ၃ တွင်ကာလ
စည်းကမ်းသတ်​ကျော်လွန်ပြီးမှတင်သွင်းလာသည့်တ
ရားမကြီးမှု့နှင့်အယူခံမှု့များကိုတဘက်ကကာလစည်း
ကမ်းသတ်နှင့်စပ်လျဥ်း၍ထု​ချေခြင်းမပြု​သော်လည်း
ပလပ်ရမည်ဟုပြဌာန်းထားပါသည် ။
​ကြွေးမြီများ​တောင်းဆိုရမည့်ကာလစည်းကမ်းသတ်
ကာလသည် ၃ နှစ်ဖြစ်​ကြောင်းအများသိပြီးဖြစ်ပါသည်။
မြီရှင်များအ​နေဖြင့်ကာလစည်းကမ်းသတ်​ကျော်လွန်ပြီး
​ကြွေးမြီတစ်ခုကိုကိုမည်သို့​တောင်းဆိုနိုင်မည်ဆိုသည့်
ပြဿနာသည် မကြာမကြာကြုံရ​လေ့ရှိပါသည် ။အထူး
သဖြင့်ဘဏ်များ​​တွေ့ကြုံရ​လေ့ရှိသည့်ပြဿနာဖြစ်ပါ
သည် ။
ပဋိဥာဥ်အက်ဥပ​ဒေ ပုဒ်မ ၂၅ ( ၃ )တွင်​အောက်ပါအတိုင်းပြဌာန်းထားပါသည် ။
၂၅ (၃)။ ။ မြီရှင်က​ကြွေးမြီရရန်ရှိသည့်အတွက်ကာလစည်းကမ်းသတ်အက်ဥပ​ဒေအရအချိန်ကာလကုန်လွန်
ခြင်း​ကြောင့် တရားစွဲဆို၍မ​တောင်းနိုင်သည့်အခါတွင်​သော်
လည်း​ကောင်း ၊ အမှုတွင်သာမန်အားဖြင့်ဖြစ်​စေ အထူး
အားဖြင့်ဖြစ်​စေ အခွင့်အ​ရေးလွှဲအပ်ထား​သောကိုယ်စားလှယ်က​သော်လည်း​ကောင်း ​ကြွေးမြီအားလုံး
ကို ဖြစ်​စေသို့မဟုတ် အချို့အဝက်ကိုဖြစ်​စေဆပ်​ပေးမည်ဟု
စာ​ရေးသားလက်မှတ်​ရေးထိုးသည့်ကတိမဟုတ်လျှင်
ပျက်ပြယ်သည် ။
ပဋိဥာဥ်အက်ဥပ​ဒေပုဒ်မ ၂၅ (၃) အရမြီစားက၎င်း​ပေးရန်ရှိသည်​ကြွေးမည်ကို​ပေးဆပ်မည်ဖြစ်​ကြောင်းစာဖြင့်
​ရေးသားလက်မှတ်​ရေးထိုးဝန်ခံချက်ပြုလုပ်​ပေးပါက
ကာလစည်းကမ်းသတ်ကာလထပ်မံ​ရေတွက်ခွင့်ရသဖြင့်
တရားစွဲဆိုခွင့်ထပ်မံရရှိ​စေပါသည် ။
ကာလစည်းကမ်းသတ်အက်ဥပ​ဒေ ပုဒ်မ ၂၉ (၁ )တွင်
" ဤအက်ဥအ​ဒေပါမည်သည့်အချက်ကမျှ ပဋိဥာဥ်
အက်ဥပ​ဒေပုဒ်မ ၂၅ ကို မထိခိုက်​စေရ " ဟုပြဌာန်း
ထားသဖြင့် ကာလစည်းကမ်းသတ်ဥပ​ဒေသည် ပဋိဥာဥ်
အက်ဥပ​ဒေပုဒ်မ ၂၅ ကိုချွင်းချက်ပြုထားရာ​ရောက်ပါ
သည် ။
ဤမျှဆိုပါက ကာလစည်းကမ်းသတ်​ကျော်လွန်သည့်
​ကြွေးမြီများအတွက် မည်သို့ကုစားနိုင်သည်ဆိုခြင်းကို
အရိပ်အမြွက်သိနိုင်ပြီဖြစ်ပါသည် ။
U aung kyaw min

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate