စတိုးဆိုင်က ဝယ်ပြီးချုပ်တဲ့ စာချုပ်တံဆိပ်ခေါင်းခွန် မပြည့်ရင် တရားမဝင် ဖြစ်နိုင်သလား-----

12-Aug-21
စတိုးဆိုင်က ဝယ်ပြီးချုပ်တဲ့ စာချုပ်တံဆိပ်ခေါင်းခွန် မပြည့်ရင် တရားမဝင် ဖြစ်နိုင်သလား-----
ကျွန်မကအရပ်ပွဲစားတစ်ယောက်ပါ.အခန်းအ​ေရာင်းအဝယ်/ဌားရမ်းတဲ့ ကိစွတွေမှာ စတိုးဆိုင်ကဝယ်တဲ့ စာချုပ်နဲ့ဘဲ လုပ်လေ့ရှိပါတယ်.အဲ့ဒီစာချုပ်တွေက ရောင်းမှား ဝယ်မှား ဖြစ်လို့ ပြသာနာတက်လာရင် တံဆိပ်ခေါင်းခွန်မပြည့်လို့ဆိုပြီး သက်သေခံအဖြစ်ကပယ်ဖျက်ခံရနိုင်ပါသလား.တရားဝင်တဲ့စာချုပ်ဖြစ်အောင် တံဆိပ်ခေါင်းခွန်ဘယ်လောက်တန်ဖိုးရှိတဲ့ စာချုပ်နဲ့ချုပ်ဆိုရမလဲဆိုတာသိလိုပါတယ်.
အရောင်းအဝယ် စာချုပ်တို့.အဌားစာချုပ်တိူ့လုပ်တဲ့အခါမှာ အလွယ်တကူဘဲ စတိုးဆိုင်ကအသင့်ရိုက်ပြီးသား စာချုပ်ကိုဝယ်ပြီးချုပ်လေ့ရှိကြပါတယ်.အဲ့လို စာချုပ်ချုပ်တဲ့အခါမှာ ဥပဒေဘောင်ဝင် ၊ မဝင် ဆိူတဲ့ ပြသာနာပေါ်ပေါက်လာပါတယ်
ဒီလိုစာချုပ်တွေဟာ တရားဝင် ၊မဝင်ဆိုတဲ့ အပိုင်းကတော့ နိုင်ငံတော်ကပြဌာန်းထားတဲ့စာချုပ်စာတမ်းဥပဒေဆိုတာရှိပါတယ်.ပဋိဉာဥ်ဥပဒေ၊ ပစွည်းလွှဲပြောင်းခြင်းဥပဒေ၊ တံဆိပ်တော်ခွန်ဥပဒေ နဲ့ အခ​ွန်ဥပဒေ တွေမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေနဲ့ ညီညွှတ်ခြင်းမရှိပါဘူး
နှစ်ဦးသဘောတူစာချုပ် ချုပ်မယ်ဆိုရင် ထိုက်သင့်တဲ့ ရုံးခွန်တော်ကတော့ 
၂၀၁၄ ခုနှစ် ပြည်ထောင်စု လွှတ်တော် 
ဥပဒေ အမှတ် ၁၄ ​​
တံဆိပ်ခေါင်းဥပဒေ ပြင်ဆင်တဲ့ ဥပဒေဖြစ်တဲ့ 
အပိုဒ် ၅ ၊ အပိုဒ်ခွဲ (ဃ)အရ ၃၀၀ ကျပ်တန် တံဆိပ်ခေါင်းနှင့် ချုပ်မှသာလျှင် ဥပဒေ အရ တရားဝင်မှာဖြစ်ပါတယ်.
အသင့်ရိုက်ထားတဲ့ စာချုပ်တွေဟာ ဆိုရင်ပုံစံတူတွေဖြစ်ပါတယ်. ဒါပေမဲ့ ချုပ်ဆိုတဲ့လူများဟာ အကြောင်းခြင်းရာ ကွဲပြားပါလိမ့်မယ်.
ပုံစံတူစာချုပ်တွေဟာ ကွဲပြားတဲ့အကြောင်းချင်းရာတွေ မပါတဲ့အတွက် တစ်စုံတစ်ရာ ပြသာနာပေါ်ပေါက်လာရင် ဖြေရှင်းရခက်ပါတယ်.
ဖြေရှင်းရခက်တဲ့အတွက် စာချုပ်အမျိုးအစားသည်
တစ်ခု နှင့်တစ်ခု တူချင်မှ တူမှာပါ.​အကြောင်းချင်းရာလဲ တူချင်မှတူမှာပါ. ဒါ့ကြောင့် ဥပဒေ အရ 
အပေါ်ကပြောခဲ့တဲ့ ဥပဒေ တွေနဲ့ဘောင်ဝင်အောင် 
ချုပ်ဆိုသင့်ပါတယ်
တံဆိပ်တော်ခွန် ဥပဒေ ပုဒ်မ ၃၅ အရ တံဆိပ်ခေါင်းထမ်း​ဆောင်ခြင်း မရှိတဲ့ စာချုပ်စာတမ်းတွေကို သက်သေခံအဖြစ် လက်ခံခွင့်မရှိဘူးလိူ့ ဥပဒေ ပြဌာန်းထားတဲ့အတွက်ကြောင့် ဥပဒေ နှင့်အညီ ပြုလုပ်သင့်ကြောင်းအကြံပြုလိုပါတယ်
 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate