မိဘများကွယ်လွန်ပြီးဖြစ်သော်လည်း အမွေမခွဲရသေးပါ။

15-Aug-21
 မိဘများကွယ်လွန်ပြီးဖြစ်သော်လည်း အမွေမခွဲရသေးပါ။ မောင်နှမ ၅ ယောက်ရှိပါတယ် ။ အမွေဆိုင် ပစ္စည်းများအနက် ခြံမြေတစ်ကွက်ကို အကိုကြီးဖြစ်သူက လွန်ခဲ့တဲ့နှစ်ကတည်းက ရောင်းစားခဲ့ပါတယ် ။ လိမ်လည်မှုနဲ့ တရားစွဲလို့ရပါသလား
သားသမီး ၃ ယောက်ရှိတယ်ဆိုပါစို့။ 
မိဘတွေဆုံးရင် သူတို့ခံစားခွင့်ရှိတာပေါ့။ အစ်ကိုကြီးက အပြင်မှာနေ တယ်၊ ဂရန်ကလည်းသူဆီမှာ ရှိတယ်။ ဘာလုပ်တတ်လဲဆိုတော့ သားသမီး ကျွန်တော် တစ်ဦးတည်း ရှိပါတယ် ဆိုတဲ့အနေနဲ့ ကျမ်းကျိန်တယ်၊ သူ့နာမည်နဲ့ ပြောင်းတာတွေလုပ်တယ်၊ သူတစ်ဦးတည်းပိုင်တဲ့ အနေနဲ့ပြန် ရောင်းတာမျိုးတွေလုပ်တယ်။ အဲဒီလိုလုပ်တော့ ကျန်တဲ့သားသမီးက သိချင်မှသိမယ်၊ ဝယ်တဲ့သူကလည်း ဝယ်တာပေါ့။ အဲလို့ဆိုရင် သက်ဆိုင်ရာကို တိုင်ရမှာပေါ့။
အဲလိုတိုင်ရင် ဝယ်လိုက်တဲ့သူကလည်း ရောင်းတဲ့သူကို သူ့တစ်ဦးတည်းပိုင်ပစ္စည်းဆိုပြီး လိမ်လည် ရောင်းတဲ့ အတွက် တရားစွဲလို့ရတယ်။ ကျန်တဲ့မောင်နှမတွေက သူ့ကို လိမ်လည်မှုနဲ့ တရားစွဲဖို့ ခက်ပါတယ်။ မရပါဘူး။ သက်ဆိုင်ရာက နေပြီး မြေစာရင်းရုံးမှာ သူ့နာမည်ပြောင်းတယ်ဆိုရင် မြေစာရင်းရုံးက သူ့ကိုစွဲရမှာပါ။ မမှန်မ ကန် ကျမ်းကျိန်ပြီးလျှောက်တဲ့အတွက် မြေစာရင်းရုံးက သူ့ကိုစွဲ။ ဝယ်လိုက်တဲ့ သူကလည်း စွဲ၊ မောင်နှစ်မ တွေကတော့ လိမ်လည်နေတယ်ဆိုတာကို သက်သေပြဖို့ အထောက်အထားတွေ သက်ဆိုင်ရာသိအောင် ကြော်ငြာရမယ်၊ တိုင်ရပါမယ်။ အဲလို့ပဲ လုပ်လို့ရမယ်လို့ ဖြေကြားချင်ပါတယ်။
Crd# dvbtvnews # lawlab #
 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate