အိုးအိမ်မှာဂရန်လျှာက်ဖို့ ဘာတွေလိုအပ်ပါသလဲ။ဘယ်လောက်ကုန်ကျပါသလဲ။

14-Aug-21
အိုးအိမ်မှာဂရန်လျှာက်ဖို့ ဘာတွေလိုအပ်ပါသလဲ။ဘယ်လောက်ကုန်ကျပါသလဲ။
အိုးအိမ်မှာဂရန်လျှာက်ဖို့ ဘာတွေလိုအပ်ပါသလဲ။ဘယ်လောက်ကုန်ကျပါသလဲ။ တရားဝင်သွင်းရတာ၊ တရားမဝင်သွင်းရတာစသဖြင့်ဘယ်လောက်ကြာတတ်ပါသလဲ။ဂရန်လျှာက်ဖို့ မြေအကျယ်အနည်းဆုံးဘယ်လောက်ရှိရပါသလဲ။လျှောက်ဖို့ရည်ရွယ်တာက (၂၀ X ၄၀) အကွက်ပါ။ ဗဟန်းဘိုစိန်မှန်။ဆရာစံအနောက်ပါ။ အခုလက်ရှိကဘိုးဘွားပိုင်ပါ။ အရပ်စာချုပ်နဲ့ပါ။
မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း မြေယာနဲ့ပတ်သက်ပြီး တရားဝင်ပိုင်ဆိုင်မှုရှိဖို့အတွက် တည်ဆဲဥပဒေအရ ဘိုးဘွားပိုင်မြေကို မှတ်ပုံတင်အရောင်းအဝယ်စာချုပ်နဲ့ ဝယ်ထားသူဖြစ်ရမှာဖြစ်ပြီး လက်ရှိနေထိုင်သူဖြစ်ရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထား ကြောင်းသိရပါတယ်။ လျှောက်ထားလိုသည့်မြေသည် အနည်းဆုံး စတုရန်းပေ (၂၀×၆၀)ဧရိယာ ရှိရပါမယ်။
လူနေအိမ်ရာတွေက ဘိုးဘွားပိုင်မြေ၊ ဂရန်မြေနဲ့ပါမစ်မြေတွေဖြစ်ကြပြီး အများစုမှာ ဘိုးဘွားပိုင်မြေတွေဖြစ်ကြပါတယ်။ ဘိုးဘွားပိုင်မြေပေါ်မှာ နေထိုင်သူတွေက မှတ်ပုံတင်အရောင်းအဝယ်စာချုပ်နဲ့ ဝယ်ယူနေထိုင်သူတွေ၊ အရပ်စာချုပ်အဆင်ဆင့်နဲ့ ဝယ်ယူနေထိုင်သူတွေရှိသလို အထောက်အထားမရှိဘဲ ဘိုးဘွားဘီဘင်လက်ထက်ကတည်းကစပြီးတော့ လက်ဆင့်ကမ်းနေထိုင်သူတွေရှိကြပါတယ်ဘိုးဘပိုင်မြေများကို အမည်ပြောင်းလျှောက်ထားလာပါက အောက်ဖော်ပြပါ အတိုင်း အမျိုးအစားများခွဲခြား၍ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်−
(၁) အမည်ပြောင်း၊
(၂) ဦးပိုင်ခွဲအမည်ပြောင်း(ဦးပိုင်တစ်ခုကို ခွဲစိတ်၍ အမည်ပြောင်းလျှောက် ထားခြင်း)
(၃) အမည်ဖြည့်စွက်ခြင်း(မူလအမည်ပေါ်က်အပြင် နောက်ထပ်တစ်ဦး၊ နှစ်ဦးအမည်ဖြင့် အမည်ထပ်မံဖြည့်စွက်လျှောက်ထားခြင်း)
(၄) အမည်ပယ်ဖျက်ခြင်း(မူလနှစ်ဦး၊ သုံးဦးအမည်ပေါက်မှ တစ်ဦးဦးအား ပယ်ဖျက်ပေးရန် လျှောင်ထားခြင်း)။
၂။ ဘိုးဘပိုင်မြေအမည်ပြောင်း လျှောက်ထားရာတွင် အောက်ဖော်ပြပါ စာချုပ် စာတမ်းများနှင့် အထောက်အထားများ လိုအပ်ပါသည်-
(၁) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူမှန်၊
(၂) မြေပုံ၊ မြေရာဇဝင်မူရင်း၊
(၃) အမွေဆက်ခံခြင်းဖြစ်ပါက အဆင့်ဆင့်အမွေဆက်ခံမှုစာချုပ်စာတမ်း မိတ္တူ၊
(၄) အရောင်းအဝယ်ဖြစ်ပါက အဆင့်ဆင့်အရောင်းအဝယ်ပြုလုပ်သည့် မှတ်ပုံတင် စာချုပ်မိတ္တူမှန်၊
(၅) အပေး၊ စွန့်လွှတ်၊ အမည်ပြောင်းဖြစ်ပါက မှတ်ပုံတင်ပေးကမ်း စွန့်လွှတ် စာချုပ်မိတ္တူမှန်၊
(၆) တရားရုံးဒဂရီ(သို့မဟုတ်) တရားမပုံစံ(၁၀၆) (တရားရုံးမှအမည်ပြောင်း ပေးရန်အကြောင်းကြားစာ)
(၇) အမည်ပေါက်သေဆုံးပါက သေစာရင်းမိတ္တူမှန်၊
(၈) အိမ်ထောင်စုဇယား မိတ္တူမှန်၊
(၉) အဆောက်အဦဓါတ်ပုံ၊
(၁၀) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်။
၃။ အထက်ဖော်ပြပါ အထောက်အထားများဖြင့် အမှုတွဲတည်ဆောက်ပြီး သတင်းစာ ကြော်ငြာ၍ ကန့်ကွက်မှုမရှိ၊ အရှုပ်အရှင်းမရှိပါက အမည်ပေါက် ဆောင်ရွက် ပေးနိုင်ပါသည်။
 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate