ရောင်းသူသည်

13-Aug-21
ရောင်းသူသည်
(၁)အခြားသူတစ်ဦးအားအဌားချထားခြင်း
(၂)အခမဲ့ခွင့်ပြုချက်ဖြင့် ထားခြင်းများလည်း ရှိနိုင်သည်။ ထို့ကြောင့်မိမိဝယ်ယူမည့်အိမ်ခြံမြေပေါ်တွင်ရောင်းချမည့်သူနှင့်ယင်း၏မိသားစုဝင်များ နေထိုင်ခြင်းမဟုတ်လျှင် ယင်းတို့အနေဖြင့် မည်သည့်အခွင့်အရေးဖြင့်နေထိုင်ကြောင်းကို နေထိုင်သူများကို ကိုယ်တိုင်တွေ့ဆုံ၍ မေးမြန်းစုံစမ်းရန်လိုအပ်ပါသည်။ 
အရောင်းအဝယ်ပြုလုပ်သည့် မြေပေါ်တွင် ရောင်းသူအပြင် အခြားသူများနေထိုင်ပါက ယင်းတို့ အနေဖြင့် မည်သည့်ဆိုင်ရေးဆိုင်ခွင့်အရ နေထိုင််နေခြင်း ဖြစ်ကြောင်းကိုသေချာစွာစုံစမ်းပြီးမှ ဝယ်ယူသင့်ပါသည်။ 
ရောင်းသူသည် အရောင်းဝယ်ပြုလုပ်မည့် အိမ်ခြံမြေပေါ်တွင် အဌားချထားခြင်း အခြားသူများအား အခမဲ့ ခွင့်ပြုထားခြင်း တို့ရှိပါက ယင်းတို့ကို ဦးစွာအိမ်ခြံ / တိုက်ခန်းများမှ ဖယ်ရှားစေပြီးမှသာလျှင် 
စရန်ငွေပေး၍ဝယ်ယူသင့်ပါသည်။ 
ထိုသို့ စုံစမ်းမေးမြန်းရန်အခက်ခဲရှိပါက
ရောင်းသူလက်ရှိနေထိုင်ခြင်းမရှိသော အိမ်ခြံမြေကွက်ကို ဝယ်ယူရန်မသင့်ကြောင်း အကြံပြုလိုပါသည်။ 
မရွေ့မပြောင်းနိုင်သော ပစ္စည်း၊ ရွေ့ပြောင်းနိုင်သော ပစ္စည်းများဝယ်ယူမည်ဆိုပါက သတိပြုမည့်အချက်များစွာရှိပါသည်။ 
စိစစ်ရမည့် စာရွက်စာတမ်း ဆောင်ရွက်ရမည့်အချက်များ စာချုပ်အရေးအသား စသဖြင့် ရှိပါသည်။ 
မည်သည့်အချက်များစိစစ်ရမည်ကို ကိစ္စတစ်ခုခြင်းအလိုက် မိမိဝယ်ယူမည့်အိမ်ခြံမြေ အနေထားအလိုက် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ 
မိမိငွေသည်သူတပါးလက်သို့မရောက်မီ လုံ့လဝီရိယ ပြုသင့်ပါသည်။ 
အိမ်ခြံမြေဝယ်ယူမည်ဆိုပါက အဓိကပြုလုပ်သင့်သည့် အချက်တစ်ချက်သည် 
မိမိဝယ်ယူမည့်ခြံသည် ရောင်းသူလက်ဝယ်တွင်ရှိမရှိ စုံစမ်းရန်ဖြစ်ပါသည်။ 
CREDIT 
(ဆက်လက်ဖော်ပြပါမည်)
 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate