ဆရာရှင့် ။ ကွာရှင်းစာချုပ်မှာ မျက်နှာချင်း အသိသက်သေတွေနဲ့ မဟုတ်ဘဲ ယောကျာ်းဖက်က တစ်ခြမ်း လက်မှတ်ထိုးထားတဲ့စာချုပ်မှာ ကျွန်မ လက်မှတ်ထိုးပေးလိုက်တဲ့အတွက် အဲဒီစာချုပ် တရား၀င်ပါသလား

12-Aug-21
ဆရာရှင့် ။ ကွာရှင်းစာချုပ်မှာ မျက်နှာချင်း အသိသက်သေတွေနဲ့ မဟုတ်ဘဲ ယောကျာ်းဖက်က တစ်ခြမ်း လက်မှတ်ထိုးထားတဲ့စာချုပ်မှာ ကျွန်မ လက်မှတ်ထိုးပေးလိုက်တဲ့အတွက် အဲဒီစာချုပ် တရား၀င်ပါသလား
နောင်မှာ ဘယ်လိုအခြေအနေမျိုး ဖြစ်လာနိုင်သလဲဆိုတာ သိပါရစေ ။
ကျွန်တော်တို့ မြန်မာ့ဓလေ့ထံုံးတမ်းဥပဒေက အင်မတန်ရိုးစင်းပြီးတော့ လက်တွေ့ဆန်ပါတယ်။ 
လင်မယားကွာ တဲ့အကြောင်းကို ပြောရရင် နှစ်ဦးသဘောတူ ကွာတယ်။ 
ဟိုခေတ်က ရှိတယ် ဂြိုဟ်ပြေ၊ နာမ်ပြေဆိုပြီး ခဏကွာ နေတယ်။ 
အမှန်တော့ ကြွေးပူတွေတောင်းပြီး လင်မယားကွဲရင်လည်း ဂြိုဟ်ပြေ၊နာမ်ပြေလို့ ပြကြတာပေါ့ဗျာ။ 
နောက်အိမ်ထောင်ရေးတစ်ခုခုကျူးလွန်တယ်။ 
ရက်စက်မှုတွေကျူးလွန်တယ်။ 
ဒီသုံးနည်းနဲ့ကွာကြတယ်။ 
အဲဒီ တော့ လင်မယားကွာတဲ့အခါမှာ စာချုပ်စာတမ်းလုပ်ရမယ်လို့ ဓလေ့ထုံးတမ်းဥပဒေက ဆိုမထားပါဘူး။ 
နှစ်ဦး သဘောတူရင် အချိန်မရွေးကွာ .. ၁၉၆၄ မှာ ဒေါ်အမ ဆိုတဲ့အမှုရှိတယ်။ ၁၉၆၆ မှာ ဦးစံနဲ့ မလှချစ် ဆိုတဲ့အမှု ရှိတယ်။ စာချုပ်စာတမ်းကို မလိုဘူးလို့ ပြောထားပြီးသားပါ။ အဲလိုဆိုရင် တရားရုံး ဒီကရီလည်း မလိုပါဘူး။ 
ဒါပေမဲ့ စာချုပ်ချုပ်မယ်ဆိုရင် တံဆိပ်ခေါင်းဥပဒေ ဇယားအပိုဒ် ၂၉ အရ တံဆိပ်ခေါင်းနဲ့ ကွာရှင်းစာချုပ် ချုပ်ရပါ မယ်။ဘယ်လောက်တန်နဲ့ ချုပ်ရမလဲဆိုရင် ခေတ်အလိုက်ပြောင်းတယ်၊ ဟိုးအရင်က ၅ကျပ်၊ နောက်၁၅ကျပ်၊ ခု၂၅ နောက် ၂၀၀ စသဖြင့် သတ်မှတ်ထားတဲ့ အချိန်ကာလ အပြောင်းအလဲအလိုက် တံဆိပ်ခေါင်းပေါ်မှာ ထိုး ရမယ်။ ခုပြောတဲ့နည်းက တကယ်တမ်းသဘာဝမကျပါဘူး။ အဲလိုဆိုရင် နောက်ဆက်တွဲဘာဖြစ်နိုင်လဲဆိုတော့ စိတ်ထားပေါ်မှုတည်မယ်၊ ပြဿနာပေါ်နိုင်ပါတယ်။ သို့သော် တကယ်သာ ကွာရှင်းပြတ်စဲတယ်ဆိုရင် ဒီစာချုပ် ကို ဖယ်လိုက်ပါ၊ တစ်ခြမ်းပဲထိုးထိုး သက်သေဘယ်လိုပဲပါပါ၊ မပါပါ။ သူတို့နှစ်ယောက်က “ဘယ်သူရှေ့မှာ ဘယ်လို ပြောပြီးပြတ်ပါတယ်” ဆိုရင် ဓလေ့ထုံးတမ်းဥပဒေက စာကအဓိကမကျပါဘူးလို့ ဖြေကြားပေးချင်ပါ တယ်။ 
ဒီလိုကွာပြီးမှ “တစ်လင်တစ်မယားဥပဒေနဲ့ စွဲခွင့်မရှိဘူးဟေ့” ဆိုပြီး တစ်ချက်လွတ်ပြောလို့မရပါဘူး။ ဥပဒေနဲ့ အညီ ဖြစ်စေချင်ရင်တော့ အဲလို့ကွာရှင်းပြတ်စဲပြီးကြောင်း စာချုပ်စာတမ်း လုပ်ထားတာသည် စိတ်ချရဆုံးဖြစ်ပါ တယ်။ ကွာရှင်းစာချုပ်မဟုတ်ဘူးနော် “သူတို့နှစ်ယောက်သည် ဓလေ့ထုံးတမ်းအတိုင်းကွာရှင်းပြတ်စဲလိုက်သည် ၊ ထိုသို့ကွာရှင်းပြတ်စဲကြောင်း ဘယ်သူဘယ်ဝါ၊ အရပ်လူကြီးဘယ်သူ ရှေ့တွင်ရေးသည်ဆိုပြီး လက်မှတ်ထိုး လိုက်ရင်တော့” စွဲလို့မရတော့ပါဘူး။
DVBlawlab,ဦးကျော်ငြိမ်း(တရားလွှတ်တော်ရှေ့နေ)

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate