လိုင်စင် မြေ

လိုင်စင် မြေ

လိုင်စင် မြေ

 

အစိုးရမှ စီမံချထား နိုင်သောမြေ ( Land of the disposal of 

Government ) များကို အောက် မြန်မာပြည် မြို့နှင့် ကျေးရွာ

မြေများ အက်ဥပဒေပုဒ်မ ၁၆ ( ခ )အရ အခွန်တော် အရာရှိက 

ခေတ္တယာယီ သဘော လိုင်စင်ထုတ် ပေးနိုင်ခွင့် ရှိပါသည် ။ 

မြေငှား ဂရန်တွင် ပစ္စည်းလွှဲပြောင်း ပေးပိုင်ခွင့် သဘော ပါရှိပြီး 

လိုင်စင်တွင်မူ ပစ္စည်းလွှဲပြောင်း ပေးပိုင်ခွင့် မရှိဘဲ ခေတ္တအသုံး

ပြုခွင့် သက်သက်မျှသာ ပေးထားခြင်း ဖြစ်ပါသည် ။ လိုင်စင် 

ထုတ်ပေးထားတဲ့ မြေကို နှစ်တို ၊ နှစ်ရှည် ဂရန်ရရှိရန် လျှောက်

ထားတဲ့အခါ ၎င်းအား လိုင်စင်ရပြီး ဖြစ်၍ မြေငှားစာချုပ် ထုတ်

ပေးရမည်ဟု ဥပဒေ ပြဌာန်းချက် မရှိပါဘူး ။ ဥပဒေက ပေးထား

သော အခွင့်အရေးမျှ ကိုသာ လိုင်စင်သမားမှ ရရှိနိုင်ပြီး လိုင်စင်

ပါ အခွင့်အရေးထက် ပို၍ တောင်းပိုင်ခွင့် မရှိပါ ။

 

ပါမစ် မြေ

 

အစိုးရမှ ချထားပေး ပိုင်ခွင့် ရှိသော Disposal Land ကို အသုံးပြု

နိုင်မည့် အခွင့်အရေး Right of Land မှာ အောက်မြန်မာပြည် မြို့နှင့် 

ကျေးရွာမြေများ အက်ဥပဒေ ပုဒ်မ- ၄( ၇ ) ၊ ပုဒ်မ - ၇ ( က )နဲ့ ပုဒ်မ 

- ၁၆ ( က )၊ ( ခ ) တို့အရ Grant၊ Lease၊ License ဟူ၍ ( ၃ )မျိုးဖြင့်

သာ သုံးစွဲခွင့် ရရှိနိုင် ပါသည် ။ ဒါပေမဲ့ မြို့သစ်တွေ အကွက်ရိုက် 

တဲ့အခါ ချပေးလေ့ရှိတဲ့ ပါမစ်မြေဆိုတာ ရှိပြန်သေးတယ် ။ ပါမစ်မြေကို

 သိနားလည်ဖို. ခုခေတ်မှာ အရေးပါလာ ပါတယ် ။ နဝတ တက်လာပြီး 

မြို့နယ်တိုင်း လိုလိုမှာ မြို့သစ် ရွာသစ်တွေ တည်ထောင်ကြ တဲ့အခါ 

အကွက်ရိုက်ပြီး မြေပါမစ် ထုတ်ပေးကြ တဲ့အတွက် မြို့သစ် မြေချ

ပါမစ်တွေ တစ်ပြည်လုံး ပလူပျံလာ ပါတယ် ။ ပါမစ် ဆိုတာဟာ 

မြေနေရာချ ထားပေးသည့် အမိန့်သာ ဖြစ်ပြီး တရားဝင်မြေ အသုံးပြုခွင့် 

အမိန့် ၊ မြေပိုင်ဆိုင်ခွင့် အမိန့် မဟုတ်ပါဘူး ။ မြို့မြေ အတွင်း မြေပိုင်

ဆိုင်ခွင့် ၊ နေထိုင်ခွင့်နဲ့ ပတ်သက်လို့ ၁၈၉၈ ခုနှစ် အောက်မြန်မာ 

ပြည်မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ အခန်း - ၂ ၊ ပုဒ်မ- ၇ ၊ 

ပုဒ်မ- ၈ နဲ့ ပုဒ်မ - ၁၆ တို့အရ သတ်မှတ် ထားရာမှာ ပါမစ်ကို ဖော်ပြ

ထားတာ မတွေ့ပါဘူး ။

 

အစိုးရ မြေကို အသုံးပြုနိုင်ဖို့က သတ်မှတ် ကာလ တစ်ခုအတွက် မြေ

ငှားရမ်း သုံးစွဲခွင့် ရရှိဖို့ ဂရန်စာချုပ် ချုပ်ဆို ငှားရမ်း ရပါတယ် ။ အစိုးရ

ကိုယ်စား မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေပါ အမိန့်ကြော်ငြာ စာများ

အရ ခန့်အပ်တာဝန် ပေးထားတဲ့ အခွန်တော် အရာရှိနဲ့ မြေအသုံးပြုမဲ့ 

ကာယကံရှင်အကြား လက်မှတ်ရေးထိုး ချုပ်ဆိုထားတဲ့ မြေငှားရမ်း 

သုံးစွဲခွင့် ဂရန်စာချုပ် ၊ အငှားစာချုပ် လိုအပ်ပါတယ် ။ ပါမစ် ကျတော့ 

ဥပဒေမှာ မည်သူက မည်သို့ ထုတ်ပေးရန် ဆိုတဲ့ ပြဌာန်းချက် မရှိတော့ကာ 

ကော်လိပ်တော်များက ဥပဒေကို ကျော်လွန်ပြီး လက်မှတ်ရေးထိုး ထုတ်

ပေးလို့မရပါဘူး။ ဒါကြောင့် ပါမစ်ကို ကော်လိပ်တော်က ထုတ်ပေး 

လေ့မရှိဘဲ မြို့မြေချ ထားရေး ကော်မတီကသာ ချထားပေးတာ သတိမူရမှာ  

ဖြစ်ပါတယ် ။ ပါမစ်မြေဟာ ဂရန်အဆင့် မဟုတ်ပါဘူး ။ ပါမစ်ရသူဟာ 

မြေကွက်မှာ နေထိုင်တယ်လို့ ချထားခံရသူသာ ဖြစ်ပြီး ၊ အစိုးရမြေကို 

တရားဝင် သုံးစွဲခွင့် မရရှိသေးဟု ဆိုနိုင်ပါတယ် ။ လိုင်စင်ကမှ မြေကို 

ခေတ္တ အသုံးပြုခွင့် ၃ နှစ်လို့ ပါရှိသေးတာမို့ ပါမစ်ဟာ လိုင်စင် 

လောက်တောင် အာနိသင် မရှိပါဘူး ။ ပါမစ်နဲ့ မြေချထားရာမှာ သတ်မှတ်

ကာလ အတွင်း ချထား မြေကွက်ကို အဆောက်အဦး မဆောက်ရင် မြေချ

ထားမှုကို ပြန်ဖျက်သိမ်း နိုင်ပါသည် ။ မြေချထား ခံရသူ ၊ ပါမစ်ရရှိသူက 

မိမိအမည်နှင့် မြေကို တရားဝင် သုံးစွဲခွင့် ရလိုရင်ဖြင့် အငှားဂရန် ၊ ဂရန် ၊ 

ဒါမှမဟုတ် လိုင်စင်တစ်ခုခု ထပ်လျှောက်ရမှာ ဖြစ်ပါတယ် ။

ပါမစ်နဲ့  ချထား မြေကွက်များကို အမွေဆက်ခံခွင့် ၊ လွှဲပြောင်း ပိုင်ခွင့် 

မရှိပါဘူး ။ ပါမစ်မြေကို ရောင်းဝယ် လွှဲပြောင်းရာတွင် တရားဝင် 

စာချုပ် စာတမ်း တောင် လုပ်ခွင့် မပေးရပါဘူး ။

 

Credit: Ko Zaw ( Nat Mauk)

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate