စရန်ငွေ ပေးရာတွင် "ရှေ့နေ" လိုအပ် ပါသလား။

စရန်ငွေ ပေးရာတွင် "ရှေ့နေ" လိုအပ် ပါသလား။

စရန်ငွေ ပေးရာတွင် "ရှေ့နေ" လိုအပ် ပါသလား။
အိမ်ခြံမြေ များရောင်း၀ယ်ကြတဲ့အခါမှာ 
များသောအားဖြင့် ရောင်းသူဘက်က 
စရန်ငွေ ပေးတဲ့နေ့မှာ တတ်ကျွမ်းသူများကို 
ခေါ်သွားဖို့ မေ့သွားတတ်ကြပါတယ်။
တကယ်တော့လည်း စရန်ငွေ ပေးတာက
 ၁၀သိန်း၊သိန်း၂၀စတိ ပေးခဲ့ကြတာမို့ 
ပွဲစားနဲ့ပဲ စရန်ငွေပေး စာချုပ်ချုပ်ဆို ကြပါတယ်။
ဒါကလည်း မိမိတို့ က ကြိုက်နေလို့ ၀ယ်ထားတဲ့
မြေကွက်ကို အခြားသူ တစ်ဦးက ကြားဖြတ်ပြီး 
၀ယ်သွားမှာစိုးလို့ ကြိုကာတဲ့သဘောပါ။
ဒီလိုစရန်ငွေ ပေးတဲ့ကိစ္စကို အကျိုးဆောင်ပွဲစား
တွေကတော့ အားပေးကြပါတယ်။ တကယ်ပွဲ
ဖြစ်ရင်တော့ အကျိုးဆောင်တွေကို 
ရောင်းသူက ပွဲခပေးရမှာအသေအချာပါပဲ။ 
အတုအပတွေပေါတဲ့ခေတ် မှာ စေ့စပ်မှ 
တန်ကာကျမှာပါ။ ဒီတော့ ၀ယ်သူတွေအနေနဲ့ 
အိမ်ခြံမြေ စာချုပ်စာတမ်း ရှေ့နေ (ဒါမှမဟုတ်) 
ကျွမ်းကျင်သူတွေကို ခေါ်ပြီး ပြသင့်ပါတယ်။ 
ဒါမှ ကျွမ်းကျင်သူတွေက ရောင်းသူရဲ့ 
ပိုင်ဆိုင်မှုစာချုပ်စာတမ်း ကို စစ်ဆေးပေးမှာပါ။
 ပြည့်စုံမှန်ကန်ရင် ၀ယ်ယူရန်ကိုသာ  တိုက်တွန်းပါမယ်။
စာချုပ်စာတမ်း မှာ မသင်္ကာစရာအချက်တွေ့မယ်ဆိုရင် 
(ဥပမာ- ဂရန်ပါမစ်၊ စာချုပ် တို့မှာပါတဲ့ ဋ္ဌာနဆိုင်ရာ 
အရာရှိလက်မှတ်တွေက တုပထားသလား၊ 
တံဆိပ် တုံးကရော၊ အထူးသစ်လွင်နေသလား၊
 စာရွက်စာတမ်း နဲ့ စာချုပ်မှာ ပါတဲ့ လက်ရေးလက်မှတ်တွေက 
တကယ့်မူရင်း အရာရှိက လက်မှတ်ထိုးပေးထားတာ 
ဟုတ်ရဲ့လား၊ အတုအပတွေလား) စသည်ဖြင့် 
စစ်ဆေးကြည့်ရပါတယ်။ 
-မရိုးဖြောင့်ဘူးဆိုရင်တော့ ၀ယ်ဖို့ကို ရှေ့ဆက်မတိုးသင့်ပါဘူး။ 
အဝေးကပဲ လွမ်းတာပိုကောင်းပါတယ်။ 
အားလုံးပဲ မှန်ကန်စွာ ဆောင်ရွက်တတ်ပါစေ။
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ 🙏
 

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate