မိုဘိုင်းငွေရေးကြေးရေးလိမ်လည်ခံမှုများ ရှိပါက လုပ်​ဆောင်ရမည့်အဆင့်များ

15-Feb-24 အခြား
မိုဘိုင်းငွေရေးကြေးရေးလိမ်လည်ခံမှုများ ရှိပါက လုပ်​ဆောင်ရမည့်အဆင့်များ

မိုဘိုင်းငွေရေးကြေးရေးလိမ်လည်ခံမှုများ
ရှိပါက လုပ်​ဆောင်ရမည့်အဆင့်များ
မိမိ၏ မိုဘိုင်းငွေကြေးစာရင်းမှ ငွေများ
လိမ်လည်ခြင်းခံရပါက ဝန်ဆောင်မှုပေး​
နေသည့် အဖွဲ့အစည်း၏ (စုံစမ်းမေးမြန်း
သည့်စင်တာ) တိုင်တန်းချက်လက်ခံသည့်
စင်တာသို့ ဆက်သွယ်အကြောင်းကြား
ရမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှအသိပေး
ထုတ်ပြန်ထားသည်။
ထို့သို့ အကြောင်းကြားပြီးပါကတိုင်တန်းချက်
လက်ခံသည့်စင်တာမှ တောင်းခံသည့် အချက်
အလက်များကို ချက်ခြင်းပံ့ပိုးပေးရန်နှင့်
 သက်ဆိုင်ရာနယ်မြေ ရဲစခန်းတွင်အမှုဖွင့်ရ
မည်ဟုလည်း ဗဟိုဘဏ်က ဆိုသည်။
သ‌က်ဆိုင်ရာနယ်မြေရဲစခန်းမှ လိမ်လည်
ခံရသူ၏ တိုင်တန်းချက်ကိုရရှိပါက ချက်ခြင်း
အမှုဖွင့်ဆောင်ရွက်ပေးရန်၊ အမှုဖွင့်လှစ်ပြီး
သည်နှင့် ချက်ခြင်းရဲကဖုန်းဖြင့်ဖြစ်စေ၊ 
ဖတ်စ်ဖြင့်ဖြစ်စေ၊ email ဖြင့်ဖြစ်စေ
သက်ဆိုင်ရာဘဏ်နှင့် မိုဘိုင်း ငွေရေး
ကြေးရေး‌ဝန်ဆောင်မှုပေးသည့် ဝန်ဆောင်မှု့
အဖွဲ့အစည်းသို့ အကြောင်းကြားရမည်
ဖြစ်သည်။
ထို့ပြင် တိုင်တန်းချက်လက်ခံ ဆောင်ရွက်
သည့်အဖွဲ့အစည်းအနေဖြင့် လိမ်လည်
ခံရသူ၏အကြောင်းကြားချက်နှင့် အချက်
အလက်များကိုလက်ခံရရှိပါက 
-စာရင်းပိုင်ရှင်မှန်/မမှန်၊အချက်အလက်များ
မှန်ကန်မှုရှိမရှိစစ်ဆေးခြင်း
-မှန်ကန်ပါက မိမိတို့သက်ဆိုင်ရာ 
လုပ်ငန်းဆောင်ရွက်သည့်ဌာနသို့ ချက်ခြင်း
တင်ပြရမည်ဖြစ်ခြင်း
-တိုင်ကြားသူ၏ သတင်းပေးပို့ချက်များသည်
 မှန်ကန်ခြင်းရှိ/မရှိ ၊‌လိမ်လည်သူဟု သံသယ
ဖြစ်ဖွယ်ပေါ်ပေါက်ခြင်းရှိမရှိနှင့် လိမ်လည်သူနှင့်
 ဆက်နွယ်သည်ဟု သံသယဖြစ်ဖွယ်အကြောင်း
 ပေါ်ပေါက်ခြင်းရှိမရှိတို့ကို စစ်ဆေးခြင်း
-မှန်ကန်ပါက တိုင်ကြားသူ၊လိမ်လည်သည်ဟု 
သံသယရှိသူနှင့် ဆက်နွယ်သူတို့၏ငွေစာရင်းများ
ကို  ချက်ခြင်းယာယီတားဆီးခြင်း
-ယာယီတားဆီးခြင်းကို (၇၂) နာရီကြာ
ထိန်းသိမ်းထားရှိခြင်းတို့ပါဝင်​ကြောင်းသိရသည်။
ငွေစာရင်းယာယီတားဆီးပြီးပါက အဆိုပါ
 ငွေစာရင်းဆိုင်ရာ အချက်အလက်များနှင့်
 ယင်းငွေစာရင်းများ၏ လွှဲပြောင်း
ဆောင်ရွက်မှု့များကို မြန်မာနိုင်ငံတော်ဗဟို
ဘဏ်နှင့် ငွေကြေးဆိုင်ရာ စုံစမ်း
ထောက်လှမ်းရေးအဖွဲ့သို့ သံသယဖြစ်ဖွယ်
 လွှဲပြောင်းဆောင်ရွက်မှုအဖြစ် (၂၄) နာရီ
အတွင်း သတင်းပေးပို့ရမည်ဖြစ်သည်။
လိမ်လည်ခံရသူမှ ရဲစခန်းတွင် အမှုဖွင့်လှစ်
ထားကြောင်း သက်ဆိုင်ရာရဲစခန်းမှအကြောင်း
ကြားလာခြင်းမရှိပါက ယာယီတားဆီးသည့်
ငွေစာရင်းများအား ၇၂ နာရီ နောက်ပိုင်းတွင်
 ပြန်လည်ဖွင့်လှစ်ပေးရမည်ဖြစ်ကြောင်း
 သိရသည်။
ဗဟိုဘဏ်သည် လိမ်လည်ထုတ်ယူခြင်း
ခံရသူ၏ နစ်နာဆုံးရှုံးမှုကို ကာကွယ်နိုင်
ရေးအတွက် မသမာသူများက ဆက်သွယ်
ဆောင်ရွက်သူ(မိုဘိုင်းငွေရေးကြေးရေး
ဝန်ဆောင်မှုကို ရယူသည့်ပုဂ္ဂိုလ် သို့မဟုတ် 
အဖွဲ့အစည်း)၏ မိုဘိုင်းငွေကြေး စာရင်းမှ
ငွေများကို နည်းအမျိုးမျိုးအသုံးပြု၍
 လိမ်လည်ရယူခြင်း ဖြစ်ပွားပေါ်ပေါက်ပါက
 အချိန်နှင့်တပြေးညီ အရေးယူဆောင်ရွက်
နိုင်ရန် ငွေရေးကြေးရေးအဖွဲ့အစည်းများ 
ဥပဒေပုဒ်မ ၁၃၂ ၊ ပုဒ်မ (ခ)အရ အပ်နှင်း
ထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ 
ဤ လမ်းညွှန်ချက်ကို ထုတ်ပြန်လိုက်ခြင်း
ဖြစ်ကြောင်း သိရသည်။

Popular news မှကူးယူဖော်ပြပါသည်။

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate