အိမ်ခြံမြေအရောင်းအ၀ယ် စာချုပ်ချုပ်ဆိုရာတွင် ပါ၀င်သင့်သည့် အဓိကအချက်(၁၀)ချက် (အမှုရဖို့စိတ်မဝင်စားနဲ့ အမှုမဖြစ်အောင်သာ ကာကွယ်ပေးလိုက်ပါ)

15-Feb-24

ရခဲ့ဖူးတဲ့အဆုံးအမလေးပါ။ 
(အမှုရဖို့စိတ်မဝင်စားနဲ့ အမှုမဖြစ်အောင်သာ
ကာကွယ်ပေးလိုက်ပါ)
အဲ့ဒီအဆုံးအမ အတိုင်း အတတ်နိုင်ဆုံးအမှားအနည်းဆုံး 
စာချုပ်ချုပ်ဆိုလျှင် ပါဝင်ထည့်သွင်းရမည့် အချက်များကို 
ဖော်ပြပေးလိုက်ပါတယ်။ 
မှန်ကန်စွာရောင်းဝယ်နိုင်ကြပါစေ။ )
အိမ်ခြံမြေအရောင်းအ၀ယ် စာချုပ်ချုပ်ဆိုရာတွင် 
ပါ၀င်သင့်သည့် အဓိကအချက်(၁၀)ချက်
၁။ ပြည့်စုံတိကျသော စာချုပ်ခေါင်းစဉ် ရေးသားရန်
၂။ စာချုပ် ချုပ်ဆိုသည့် နေ့ရက်၊ လ၊ ခုနှစ်သက္ကရာဇ်တို့ကို မှန်ကန်စွာရေးသားရန်
၃။ စာချုပ်ပြုလုပ်ချုပ်ဆိုသည့်နေရာကို ရေးသားရန်
၄။ စာချုပ်တွင် ပါ၀င်လက်မှတ်ရေးထိုးသူများအားလုံး (သက်သေများအပါအ၀င်) ၏ အမည်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ တို့ကိုပြည့်စုံမှန်ကန်စေရန် သက်ဆိုင်သူများအားလုံးကို ပြသစိစစ်အတည်ပြုပြီးမှ ရေးသားရန်
၅။ ရောင်းချသည့်တန်ဖိုးငွေ၊ စရန်ငွေ၊ ကျန်ငွေ စသည့်ငွေကြေးပမာဏများ ရေးသားရာတွင် ကိန်းဂဏန်းဖြင့်ရေးသားရမည့်အပြင်၊ (ကွင်းစ၊ ကွင်းပိတ်အတွင်း) စာသားဖြင့်ပါ ရေးသားဖေါ်ပြရန်
၆။ ငွေချေရန်နေ့ရက် စသည့် နေ့ရက်အချိန်ရွေးချယ်မှုကို လုပ်ငန်းဆောင်ရွက်ရန်နှင့် နှစ်ဦးနှစ်ဖက် အမှန်တကယ် အဆင်ပြေမည့်နေ့ရက်အချိန်ကာလကို သေချာစွာဆွေးနွေးရွေးချယ်သတ်မှတ်ပြီး တိကျစွာဖေါ်ပြရန်
၇။ စာချုပ်တွင်ပါ၀င်ထည့်သွင်းချုပ်ဆိုမည့် ကမ်းလှမ်းချက်နှင့် သဘောတူညီချက်များ၊ လိုက်နာရန်ကတိ၀န်ခံချက်များ၊ အပြန်အလှန်သဘောတူညီချက်များ၊ ဆောင်ရွက်ရန်တာ၀န်များ၊ ပျက်ကွက်မှုများရှိပါက ပျက်ကွက်မှုအတွက်နစ်နာသူသို့ ဆောင်ရွက်ပေးရန်များ၊ ပျက်ကွက်မှုအတွက်နစ်နာသူသို့ ပေးရန်အကျိုးခံစားခွင့်များ စသည့်အချက်များကို ပြည့်စုံ တိကျ ခိုင်မာစွာ ရေးသားရန်
၈။ အရောင်းအ၀ယ်ပြုလုပ်သည့်ပစ္စည်းစာရင်း (အိမ်ခြံမြေ) နှင့် သက်ဆိုင်သည့်အချက်အလက်အပြည့်အစုံ (အလားလေးရပ်အပါအ၀င်)တို့ကို ပြည့်စုံမှန်ကန်စွာရေးသားရန်
၉။ စာချုပ်ပါ အချက်များသည် ချုပ်ဆိုသည့်စာချုပ်ကိုပျက်ပြယ်စေသည့် အချက်များမပါစေရန်
၁၀။ စရန်ပေးသူ၊ စရန်လက်ခံသူ၊ ရောင်းသူ၊ ၀ယ်သူ၊ သက်သေများ စသည့်စာချုပ်တွင်ပါ၀င်လက်မှတ်ရေးထိုးမည့်သူများသည် စာချုပ်ပါ အကြောင်းအရာများအားလုံးကို အသေးစိတ်စစ်ဆေးဖတ်ရှုကာ နားလည်လက်ခံသဘောတူမှသာလျှင် မိမိလက်မှတ်ရေးထိုးရမည့်နေရာတွင် စာချုပ် ချုပ်ဆို လက်မှတ်ရေးထိုး ၍ လက်ဝဲဘက်လက်မဖြင့် လက်ဗွေနှိပ်ရန်
 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!