မွေးဖွားသူအမည်စာရင်းတိုးခြင်း

14-Feb-24 အခြား
မွေးဖွားသူအမည်စာရင်းတိုးခြင်း

မွေးဖွားသူအမည်စာရင်းတိုးခြင်း
(၁)အိမ်ထောင်ဦးစီးကိုယ်တိုင် လာရောက်ရမည်။
 သို့ရာတွင် အိမ်ထောင်ဦးစီးကိုယ်တိုင် ခိုင်လုံသော 
အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက 
အိမ်ထောင်စု၀င်များထဲမှ အသက်(၁၈)နှစ်ပြည့်ပြီးသူ
 တစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့်
 စေလွှတ်ရမည်။
(၂)ကိုယ်စားလှယ်လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ်
လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု 
အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရမည်။
(၃)အိမ်ထောင်ဦးစီး၏ လျှောက်လွှာပါရှိရမည်။
(၄)မိဘနှစ်ပါး၏ အမည်ပါရှိသော အိမ်ထောင်စုလူဦးရေစာရင်း 
အိမ်လက်ခံ မူရင်းနှင့် မိတ္တူပါရှိရမည်။

(၅)မိဘနှစ်ပါး ၊ အိမ်ထောင်စုလူဦးရေစာရင်း သီးခြားတစ်ခုစီရှိပါက 
လူဦးရေတိုးမည့်မိဘ၏ အိမ်ထောင်စုလူဦးရေးစာရင်း အိမ်လက်ခံမူရင်း ၊ 
မိတ္တူနှင့် လူဦးရေစာရင်းတိုးရန် မလိုသည့် မိဘ၏ 
အိမ်ထောင်စုလူဦးရေစာရင်း မိတ္တူပါရှိရမည်။
(၆)ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ
 ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
 ပါရှိရမည်။မွေးဖွားကြောင်း ပုံစံ-၁(က) (သို့မဟုတ်)မွေးစာရင်းလက်မှတ် 
မူရင်းနှင့် မိတ္တူပါရှိရမည်။
လျှောက်လွှာပုံစံတွေက ‌လဝကရုံးတွေမှာထုတ်ယူလို့ရပါတယ်။
မယူအားရင် ယခုပိုစ့်မှာ ဓာတ်ပုံများထည့်ပေးထားပါတယ်။
နီးစပ်ရာ မိတ္တူဆိုင်မှာprintသွားထုတ်လိုက်ပါ။
အဆင်ပြေကြပါစေ။


Credit- ဥပဒေရေးရာ။

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate