မယားစရိတ်

13-Aug-21
မယားစရိတ်
သားမယားအားလုပ်ကျွေးပြုစုရန်တာဝန်မှာ လင်ယောက်ျားတို့၏အရေးကြီးဆုံးသောတာဝန်ဖြစ်သည်။သားမယားအားထောက်ပံ့ခြင်းမပြုပဲထားသော လင်ယောက်ျားအား မယားဖြစ်သူသည်တရားမရုံးတွင်လည်းကောင်း၊ပြစ်မှုဆိုင်ရာရုံးတွင်လည်းကောင်း စားစရိတ်ရလိုမှုတရားစွဲဆိုနိုင်သည်။
မယားစရိတ်တောင်းခံရာတွင်တရားစွဲဆိုခြင်း(၂)မျိုးရှိသည်။
(၁)တရားမဥပဒေအရစွဲဆိုခြင်း
(၂)ပြစ်မှုဆိုင်ရာဥပဒေအရစွဲဆိုခြင်းတို့ဖြစ်သည်။
(၁)တရားမဥပဒေအရစွဲဆိုခြင်း
***********************
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်ဖြစ်သူသည် မယားဖြစ်သူအားထောက်ပံ့ရန်မှာတိကျစွာသတ်မှတ်ထားသည့်တာဝန်ဖြစ်သည်။ထို့ကြောင့် မိမိထံမှ ခွဲခြားနေထိုင်ကာ ထောက့်ပံ့ရန်ပျက်ကွက်သောလင်ယောက်ျားအပေါ် မယားဖြစ်သူကတရားမရုံးတွင် စားစရိတ်ရရန်စွဲဆိုနိုင်သည်ဟု 'မစောနွယ်နှင့်ဦးအောင်စိုး'စီရင်ထုံးတွင်ပြဆိုထားသည်။
သို့သော် မယားဖြစ်သူတွင် ကိုယ်ပိုင်အလုပ်အကိုင်နှင့်ဝင်ငွေရှိပြီး မိမိကိုယ်တိုင်စားသောက်နေထိုင်ခဲ့လျှင် မိမိကိုယ်မိမိထောက်ပံ့နိုင်သည့်အတွက် တရားမရုံးတွင် လင်ယောက်ျားအားစားစရိတ်အတွက်မစွဲနိုင်ဟု 'မောင်မွတ်ထော်နှင့်မဖွား'စီရင်ထုံးတွင်ဆုံးဖြတ်ထားသည်။'ဒေါက်တာသာမြနှင့်ဒေါ်ခင်ပု'စီရင်ထုံးအရာ တရားမရုံးတွင်တရားစွဲလျှင် ယောက်ျား၏အဆင့်အတန်းအလိုက် ဝင်ငွေ၏သုံးပုံတစ်ပုံ မယားဖြစ်သူ၌စားစရိတ်ရနိုင်သည်။
ထို့အမှုတွင်ပင်ဆက်လက်ဆုံးဖြတ်ထားသည်မှာ မယားသည်လင်အားစားစရိတ်ရရန်တရားစွဲဆိုနိုင်သော်လည်း သားသမီးများကမိဘများစားစရိတ်ရရန်မစွဲဆိုနိုင်ပေ။
စားစရိတ်ရမှုစွဲလျှင် စွဲဆိုသည့်နေ့မှသာလျှင်စတင်ရခွင့်ရှိသည်ဖြစ်ရာ တရားမစွဲဆိုမီ ထောက်ပံ့ခြင်းမပြုသည့်ကာလအတွက် စားစရိတ်အတွက် တရားမစွဲနိုင်ဟု'မစောနွယ်နှင့်မောင်အောင်စိုး' နှင့် 'ဒေါက်တာသာမြနှင့်ဒေါခင်ပု' စီရင်ထုံးတို့တွင်ဆုံးဖြတ်ထားသည်။
(၂)ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရတရားစွဲခြင်း
***********************************
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၈၈ အရ တရားစွဲဆိုခွင့်ပေးထားသည်မှာ အမှုကိုမြန်မြန်နှင့်ကျဉ်းကျဉ်းစစ်ဆေးပြီး မယားအားလိုအပ်သည့်အထောက်မပံ့ကိုမကြန့်ကြာပဲ စရိတ်အကုန်အကျနည်းစွာဖြင့်ရရှိနိုင်စေရန်အခွင့်အရေးပေးထားခြင်းဖြစ်သည်။တရားဝင် လင်မယားဟုတ်မဟုတ် ၊ ကွဲကွာ၍နေထိုင်သည်မနေသည် ၊ လင်လုပ်သူကအကြောင်းမလုံ လောက်ပဲထောက်ပံရန်ပျက်ကွက်သည် မပျက်ကွက်သည်များကို ပြစ်မှုဆိုင်ရာတရားရုံးက သင့်လျော်သောအမိန့်ချရမည်။ရှုပ်ထွေးနက်နဲသောပြဿများပေါ်ပေါက်လျှင် တရားရုံးများကသာအပြီးသတ်ဖြေရှင်းနိုင်သည်ဟု 'ကိုသန်းငွေနှင့်မခင်ရီ' စီရင်ထုံး 'မမြကြည်နှင့်ကိုအောင်မြင့်' နှင့် 'မတင်သိန်းနှင့်မောင်ဝင်းခိုင်'စီရင်ထူံးများတွင်ပြဆိုထားသည်။
'မောင်ဆုံနှင့်မသက်နု'စီရင်ထုံးအရ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေအရ မယားသည်လင်ယောက်ျားနှင့်လုံလောက်သောအကြောင်းကြောင့် လင်နှင့်ခွဲခွာနေထိုင်လျှင် မိမိ၏ ဝင်ငွေရှိစေကာမူ လင်ယောက်ျားထံမှစားစရိတ်တောင်းနိုင်သည်။
'မောင်စိန်လှိုင်နှင့်မတင်ရီ'စီရင်ထုံးအရာ ရာဇဝတ်ရုံးမှ မယားစရိတ်ပေးရာတွင် မယားဖြစ်သူ၏နေရေး၊ထိုင်ရေး၊ဝတ်ရေး၊စားသောက်ရေးများနှင်လင်ယောက်ျား၏ အလုပ်အကိုင်အဆင့်အတန်းနှင့်အညီ အပိုအလိုမရှိပဲ အမှန်တကယ် ကုန်ကျသည့်အတိုင်းဖြစ်စေရန်ညှိနှိုင်း၍ချိန်ဆပေးရသည်ဟုဆုံးဖြတ်သည်။
'ဦးဘိုကြိးနှင့်မလှလှ'(တရားဝင်မယားဖြစ်မှု)စီရင်ထုံးတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၈၈(စ)အရ လျှောက်ထားခံရသူ အလုပ်တာဝန်ဖြင့်ရှိနေသည့်ဒေသတွင်ဖြစ်စေ၊သို့မဟုတ် ၎င်းနေထိုင်သည့်ဒေသတွင်ဖြစ်စေ လျှောက်ထားခံရသူနှင့် လျှောက်ထားသူတို့သည် လင်မယားအဖြစ် နောက်ဆုံးအတူပေါင်းသင်းနေထိုင်ခဲ့သည့်ဒေသတွင်ဖြစ်စေ စားစရိတ်မှုကိုစွဲဆိုရမည်ဟုဆုံးဖြတ်ထားသည်။
မယားစားရိတ်တောင်းခံရာတွင် လင်မယားဟုတ်သည်မဟုတ်သည်မှာလည်း အလွန်အရေးကြီးသောအချက်ပင်ဖြစ်သည်။ဤတွင် 'လင်မယားဟုတ်မဟုတ် 'ဆိုရာတွင် ယောကျ်ားနှင့်မိန်းမတို့သည်တရားဝင်လင်မယား ဟုတ်မဟုတ်ကို စားစရိတ်တောင်းမှုများ ဆုံးဖြတ်ရာတွင်ပြစ်မှုဆိုင်ရာဥပဒေအရစွဲဆိုသောအမှုနှင့် တရားမဥပဒေအရစွဲဆိုသောအမှုများတွင်မတူကြချေ။ပြစ်မှုဆိုင်ရာဥပဒေအရစွဲဆိုသည့်အမှုတွင်ပင် ကွဲပြားစွာဆုံးဖြတ်ထားသည်ကိုတွေ့ရပါသည်။ 
"ဦးထွန်းစိန် နှင့် မစန်းမြင့်" စီရင်ထုံးအရဆိုသော်၊မယားစားရိတ်မှာတရားဝင်ထိမ်းမြားသည့် မယား၌သာရခွင့်ရှိသည်ဖြစ်ရာ စားရိတ်တောင်းဆိုသောမယားသည် တောင်းခံရသူယောကျ်ား နှင့် သက်ဆိုင်သည့်ဓလေ့ထုံးတမ်းအရ တရားဝင်မယားဖြစ်ကြောင်းထင်ရှားအောင်ပြရသည်။ 
သို့သော် "မောင်ပထန် နှင့် မစန်း" စီရင်ထုံးတွင် ဗုဒ္ဓဘာသာဝင်မိန်းမတစ်ယောက် နှင့် မဟာမေဒင်ယောကျ်ားတစ်ယောက် မဟာမေဒင်ဓလေ့ထုံးတမ်းအရထိမ်းမြားရာ ထိမ်းမြားမှုမှာတည်မြဲခိုင်မာမှုမရှိသော်လည်း တရားမဝင်သောထိမ်းမြားခြင်းမဟုတ်"နည်းလမ်းမကျသောထိမ်းမြားခြင်း"သာဖြစ်သည်ဟုယူဆ၍လင်ယောကျ်ားက မယားအားစားစရိတ်ပေးရသည်။"မမြမြကြည် နှင့် ကိုအောင်မြင့်" စီရင်ထုံးတွင်ထိမ်းမြားလက်ထပ်မှုသည် အရေးကြီးသည့်လူမှုကိစ္စဖြစ်သော်လည်း ရာဇဝတ်ရုံးတွင် မယားစားရိတ်လျှောက်ထားမှုထိမ်းမြားခြင်းကို တိတိကျကျပြသရန်မဖြစ်နိုင်" ဟုဆုံးဖြတ်ထားသည်။
"ကိုသန်းငွေနှင့် မခင်ရီ" စီရင်ထုံးတွင် ကိုသန်းငွေနှင့် မခင်ရီ နှစ်ဦးစလုံးမှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ပြီး၊ရန်ကုန်မြို့တော်ဟော်တယ်ကြီးတစ်ခုတွင် အထင်အရှားဧည့်ခံကျွေးမွေးခဲ့ကြပြီး လင်မယားအဖြစ်နှစ်နှစ်ခန့်အတူနေကြသည်။လင်မယားကွဲ၍မခင်ရီက စားစရိတ်ရရန်လျှောက်ထားရာ ကိုသန်းငွေကအတူတူပေါင်းသင်းနေထိုင်ခြင်းကို ဝန်ခံသော်လည်းခရစ်ယာန်ထိမ်းမြားလက်ထပ်ခြင်း အက်ဥပဒေပုဒ်မ (၄)နှင့် (၅)အရ ဘုန်းတော်ကြီး သို့မဟုတ် မှတ်ပုံတင်အရာရှိက ထိမ်းမြားမဆောင်ခဲ့၍ တရားဝင်မဟုတ်ကြောင်း၊စားစရိတ်မပေးထိုက်ကြောင်းချေပသည်။သို့သော်ရုံးတော်က ထိမ်းမြားလက်ထပ်မှုနှင့်သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက်များကို အတိအကျမလိုက်နာစေခဲ့ကာမူ လင်မယားအဖြစ်အထင်အရှားပေါင်းသင်းနေထိုင်ပါက စားစရိတ်လျှောက်ထားသည့်အမှုတွင် လက်ထပ်စဉ်ကနည်းလမ်းမကျခဲ့သည်ကို အခွင့်အရေးယူခွင့်မရှိဟုဆုံးဖြတ်ပြီး မယားစားရိတ်ပေးစေသည်။
စားစရိတ်ဆုံးရှုံးသောမယား
*******************
ပြစ်မှုဆိုင်ရာတရားရုံးတွင်တရားစွဲလျှင်မယားသည် တစ်လလျှင်ကျပ် ၅၀၀၀၀ အထိသာရနိုင်သည်။ သို့သော်မယားသည်
(၁) အခြားယောကျ်ားတစ်ယောက်နှင့်ကျူးလွန်နေထိုင်လျှင်သော်လည်းကောင်း၊
(၂)လုံလောက်သောအကြောင်းပြချက်မရှိပဲ လင်ယောကျ်ား နှင့်အတူနေထိုင်ရန်ငြင်းဆန်နေလျှင်သော်လည်းကောင်း၊
(၃)လင်ယောကျ်ား နှင့်နှစ်ဦးသဘောတူ ခွဲခြားနေထိုင်လျှင်သော်လည်းကောင်း စားစရိတ်ရခွင့်ဆုံးရှုံးသည်။
Credit
 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate