"ရဲစခန်းကိုအမှုတိုင်နည်း

13-Aug-21 အခြား

အသက်တစ်ရာမနေရ၊အမှုတစ်ရာကြုံရ

လူတစ်ခုပူမှုရယ်တဲ့ ဆယ်ကုဋေ

ဆိုတဲ့စကားပုံအတိုင်း လူတွေဟာ အမှုအခင်းတွေ

နဲ့ကြုံရတတ်ပါတယ်။မိမိကဘယ်လိုဘဲနောက်

ဆုတ်ရှောင်ရှားပေမယ့် တခါတရံမှာပြသနာဟာ

မိမိအိမ်ပေါ်ကိုဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်

လာတတ်ပါတယ်။ဒီလိုဆိုရင်အမှုဖြစ်ပြီပေါ့။

အမှုဖြစ်ပြီဆိုရင် နစ်နာသူကိုယ်တိုင်မှဖြစ်စေ၊နစ်

နာသူကိုယ်စားအခြားသူတစ်ဦးဦးကဖြစ်စေ မိမိနေ

ရာမှာရှိတဲ့ရဲစခန်း(အပိုင်ရဲစခန်း)ကိုသွားရောက်

တိုင်ကြားရပါတယ်။အကယ်၍မိမိရဲ့နစ်နာမှုကိုအ

ခြားနေရာတစ်ခုခုကိုရောက်ရှိပြီးမှသိတယ်ဆိုရင်

တော့ အနီးစပ်ဆုံးရဲစခန်းတစ်ခုခုကိုသွားရောက်

တိုင်ကြားရပါမယ်။အနီးစပ်ဆုံးရဲစခန်းကလည်း

"ဒါကငါ့အပိုင်နယ်မြေမဟုတ်ဘူး၊အပိုင်ရဲစခန်းကို

သွားဖွင့်ပါလို့" ငြင်းခွင့်မရှိပါဘူး။အမှုကိုလက်ခံ

ရေးဖွင့်ပြီး အပိုင်နယ်မြေရဲစခန်းကိုလုပ်ထုံးလုပ်

နည်းများနှင့်အညီလွှဲပြောင်းပေးပါလိမ့်မယ်။

အထက်မှာတင်ပြခဲ့သလို ရဲစခန်းကိုသွားရောက်

တိုင်ကြားရမယ်ဆိုပေမယ့် နစ်နာသူ သို့မဟုတ် နစ်

နာသူရဲ့ကိုယ်စားအမှုတိုင်ကြားလိုသူဟာ ရပ်ဝေး

ကိုရောက်နေမယ်ဆိုရင် ရဲစခန်းသို့ကိုယ်တိုင်လာ

ရောက်တိုင်ကြားရမယ်ဆိုတာအခက်အခဲဖြစ်လာ

မယ်၊နှောင့်နှေးကြန့်ကြာသွားမယ်။အမှုတစ်ခုဖြစ်

ပွားခြင်းကို ချက်ချင်းတိုင်ကြားတာနဲ့အချိန်ကာလ

ကြာပြီးမှတိုင်ကြားတာ တန်ဖိုးချင်းမတူနိုင်ပါဘူး။

ဒါကြောင့်အမှုတစ်ခုဖြစ်ပွားကြောင်းတိုင်ကြား

မယ်ဆိုရင် အောက်ဖော်ပြပါနည်းလမ်း(၄)ခုနဲ့တိုင်

ကြားခွင့်ရှိကြပါတယ်။ဒါတွေကတော့

၁။လူကိုယ်တိုင်သွားရောက်တိုင်ကြားခြင်း

၂။စာဖြင့်တိုင်ကြားခြင်း

၃။တယ်လီဖုန်းဖြင့်တိုင်ကြားခြင်း

၄။ကြေးနန်းစာဖြင့်တိုင်ကြားခြင်း တို့ဖြစ်ကြပါ

တယ်။

လူကိုယ်တိုင်သွားရောက်တိုင်ကြားခြင်းဆိုတာက

နစ်နာသူ သို့မဟုတ် နစ်နာသူကိုယ်စားအခြားသူဟာ

ပြစ်မှုဖြစ်ပွားတဲ့နေရာမှာရှိတဲ့ရဲစခန်းကိုသွားရောက်

တိုင်ကြားတာဖြစ်ပါတယ်။သက်ဆိုင်ရာရဲစခန်းကို

ရောက်ရင် တာဝန်မှူးရဲအရာရှိနဲ့တွေ့ဆုံပြီးအမှုတိုင်

လိုကြောင်းပြောရပါမယ်။တာဝန်မှူးရဲအရာရှိက

စခန်းမှူးကိုတင်ပြပြီးတိုင်ချက်လက်ခံပေးဖို့ညွှန်

ကြားပေးပါလိမ့်မယ်။စခန်းမှူးကိုယ်တိုင်ဒါမှမဟုတ်

တာဝန်မှူးရဲအရာရှိ ဒါမှမဟုတ် ဂါတ်စာရေးက အမှု

ဖြစ်စဉ်နဲ့ပတ်သက်လို့မေးမြန်းတဲ့အခါ အမှန်အ

တိုင်းပြောပြရုံပါဘဲ။တိုင်ချက်ကိုလက်ခံပြီးတဲ့အခါ

တိုင်ချက်ကိုလက်ခံသူဟာ ပြန်လည်ဖတ်ပြပြီး

"နောက်ထပ်ဘာကျန်သေးသလဲ"လို့မေးပါလိမ့်

မယ်။ကျန်နေသေးရင်ထပ်ပြောခွင့်ရှိပါသေးတယ်။

ထပ်ပြောစရာမရှိတော့ဘူးဆိုရင်တော့ မိမိရဲ့တိုင်

တန်းချက်အောက်မှာလက်မှတ်ထိုးပေးဖို့ပြောပါ

လိမ့်မယ်။တိုင်ချက်လက်ခံရေးမှတ်ယူသူပြောတဲ့

အတိုင်းလက်မှတ်ရေးထိုးပေးခဲ့ဖို့လိုအပ်ပါတယ်။

စာဖြင့်တိုင်ကြားတယ်ဆိုတာက နစ်နာသူ သို့မ

ဟုတ် နစ်နာသူရဲ့ကိုယ်စားအခြားသူဟာ ရပ်ဝေး

နေရာတစ်ခုခုကိုရောက်နေတယ်ဆိုရင် စာတိုက်မှ

ဖြစ်စေ အခြားသူတစ်ဦးဦးနဲ့ဖြစ်စေ ရဲစခန်းကို

စာပို့တိုင်ကြားတဲ့သဘောပါ။ဆိုလိုတာက အမှုတိုင်

ကြားသူက်ုယ်တိုင် ရဲစခန်းကိုမလာနိုင်တာကြောင့်

စာပို့တိုင်ကြားတဲ့သဘောပါ။ခုနေခါများမှာတော့

တိုင်ချက်ကိုတိုင်ချက်လက်ခံရေးမှတ်ယူသူကပြန်

လည်ဖတ်ပြခြင်းမရှိဘူး၊လက်မှတ်သာထိုးခဲ့ရတာ

အပေါ်မှာဘာရေးထားမှန်းမသိဘူး။ဒီလက်မှတ်

ကျွန်တော်လက်မှတ်မဟုတ်ဘူး စတဲ့အကြောင်း

တရားလေးတွေပေါ်လာလေတော့ လူကိုယ်တိုင်

ရဲစခန်းကိုလာရောက်တိုင်ကြားပါလျှက် "တိုင်စာ

ရေးလာခဲ့ပါ၊ခဏစောင့်ပါအုံးတိုင်စာရေးပေးပါ့

မယ်" လို့ပြောပြီး ရဲစခန်းတွေက တိုင်စာရေးပေး

နေကြရတဲ့ အခြေအနေတစ်ခုကိုရောက်နေကြပြီ။

အရပ်စကားနဲ့ပြောရင် "လူကိုယ်တိုင်လာတာ၊မှတ်

ပုံတင်တောင်းနေစရာမလိုလောက်ပါဘူး"

တယ်လီဖုန်းဖြင့်တိုင်ကြားတယ်ဆိုတာ အမှုတိုင်

လိုသူဟာ ရဲစခန်းကိုမလာနိုင်ဘူး။ရဲစခန်းကိုတယ်

လီဖုန်းနဲ့လှမ်းတိုင်တယ်။ရဲစခန်းတာဝန်ရှိသူ တာဝန်

မှူးရဲအရာရှိ သို့မဟုတ် ဂါတ်စာရေးကလက်ခံတယ်၊

လက်ခံသူက တိုင်ကြားသူရဲ့ အမည်၊အသက်၊မိဘ

အမည်၊အလုပ်အကိုင်၊နေရပ်လိပ်စာကိုမေးတယ်၊

ခိုင်ခိုင်လုံလုံဖြေကြားပေးတယ်။ဖုန်းလက်ခံသူဟာ

တိုင်ကြားခြင်းကိုလက်ခံပြီး စခန်းမှူးကိုတင်ပြကာ

ဖုန်းလက်ခံသူကိုယ်တိုင် တဆင့်ကြားသက်သေအ

ဖြစ် တရားလိုပြုလုပ်အမှုဖွင့်ပေးပါလိမ့်မယ်။အ

လွယ်တကူစျေးပေါပေါနဲ့ဝယ်လို့ရတဲ့ ဆင်းကဒ်

လေးတစ်ခုကိုဝယ်၊ဘေတစ်ထောင်ဖိုးလောက်

ထည့်၊ရဲစခန်းကို မဟုတ်က ဟုတ်ကတိုင်၊ပြီးရင်

ဆင်းကဒ်ကိုလွှင့်ပစ်လိုက် လုပ်မယ်ဆိုရင်တော့

သက်ဆိုင်ရာရဲစခန်းက ဒီလိုတယ်လီဖုန်းနဲ့တိုင်

ကြားတာကို အမှုဖွင့်ပေးဖို့အခက်အခဲရှိပါလိမ့်

မယ်။ပြည်သူတွေအနေနဲ့လည်း ဒါတွေကိုရှောင်

ကြဉ်ပြီး နိုင်ငံကြီးသားစိတ်ဓါတ်မွေးဖို့လိုပါတယ်။

ကြေးနန်းစာဖြင့်တိုင်ကြားတယ်ဆိုတာက

အမှုတိုင်လိုသူဟာ ရပ်ဝေးတစ်နေရာကိုရောက်နေ

လို့ မိမိရဲ့နစ်နာမှု သို့မဟုတ် အခြားသူရဲ့နစ်နာမှုကို

ဆက်သွယ်ရေးရုံးတွေကနေတဆင့်သက်ဆိုင်ရာ

ရဲစခန်းကို ကြေးနန်းစာဖြင့်ပေးပို့တိုင်ကြားတာ

ဖြစ်ပါတယ်။ကြေးနန်းစာကိုလက်ခံရယူတဲ့ စခန်း

မှူး သို့မဟုတ် တာဝန်မှူးရဲအရာရှိ သို့မဟုတ် ဂါတ်

စာရေးဟာ တဆင့်ကြားသက်သေအဖြစ်တရားလို

ပြုလုပ်အမှုဖွင့်ပေးပါလိမ့်မယ်။ပြည်သူတွေအနေ

နဲ့တော့ မှန်မှန်ကန်ကန်တိုင်တန်းဖို့၊ဖြစ်စဉ်မှန်ကန်

ဖို့၊မိမိရဲ့တိုင်ကြားမှုကို တာဝန်ယူဖို့ တာဝန်ခံဖို့လို

အပ်မှာဖြစ်ပါတယ်။အပေါ်ကအတိုင်းထပ်ပြီးတင်

ပြရလျှင် "လူတိုင်းနိုင်ငံကြီးသားစိတ်မွေးကြဖို့"

ပါဘဲ။

လိုရင်းကိုရှင်းပြရရင် ရဲစခန်းမှာအမှုတိုင်မယ်

ဆိုရင် လူကိုယ်တိုင်သွားတိုင်ပါ။ရဲစခန်းရဲတာဝန်ရှိ

သူထံအမှန်ကိုအမှန်အတိုင်းမခြွင်းမချန်ပြောပြပါ။

ဘယ်သူ့ဆီကိုမှသွားပြီးစာရေးပေးရန်အကူအညီ

တောင်းဖို့မလိုအပ်ပါဘူး။

Credit-OriginalUploder

 

 

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate