King of Real Estate သို့မဟုတ် အိမ် ခြံ မြေ ဘုရင် Warren Buffet

02-Sep-23 အခြား
King of Real Estate သို့မဟုတ် အိမ် ခြံ မြေ ဘုရင် Warren Buffet

King of Real Estate သို့မဟုတ် အိမ် ခြံ မြေဘုရင် Warren Buffet
Warren Buffet ကို 1930ဩဂုတ်လ 30ရက်၊ နီဘရာစကာပြည်နယ် Omaha တွင်မွေးဖွားခဲ့ပါသည်။Orcal Of Omaha ဟု မကြာခဏတင်စား ရည်ညွှန်းလေ့ရှိသော  Warren Buffet သည် အအောင်မြင်ဆုံး ရင်းနှီးမြှပ်နှံသူများထဲမှ တစ်ဉီးအဖြစ် သတ်မှတ်ထားခံရပါသည်။
စတော့ရှယ်ယာဝယ်ယူမှု့များ နှင့်ပတ်သက်လျှင် ဒဏ္ဍာရီဆန်ဆန်စွမ်းရည်များကြောင့် Buffet ၏ ဘဏ္ဍာရေးဆိုင်ရာ စွမ်းဆောင်မှု့များကို လူအများက အတော်ပင် စိတ်ဝင်စားခဲ့ကြသည်။ 1962 ခုနှစ်တွင် Buffet သည် Berkshire Hathaway ကို ရင်နှီးမြှုပ်နှံမှု့ မိတ်ဖက်အဖြစ် ဖွဲ့ စည်းပြီးနောက် အခြားကွဲပြားသော လုပ်ငန်းများကိုလည်း လုပ်ကိုင်ခဲ့ပါသေးသည်။ စတော့ရှယ်ရှာများနှင့် စီးပွားရေးလုပ်ငန်းများသည် ၎င်း၏ အာရုံစူးစိုက်မူ့အဖြစ် ဆက်လက်တည်ရှိနေသော်လည်း Buffet ၏ အိမ် ခြံ မြေလုပ်ငန်းတွင် စွန့်စားလုပ်ကိုင်မူ့သည် ၎င်း၏ စီးပွားရေးဆိုင်ရာစွမ်းရည်ကို ပိုမိုပြသနိုင်ခဲ့ သည်။
Buffet ၏ အိမ် ခြံ မြေ ဝယ်ယူမှု့များထဲမှ အစောပိုင်းကာလတွင် အထင်ရှားဆုံးဝယ်ယူမှု့ကြီးမှာ Nebraska Furnituer Mart တွင် အစုရှယ်ရာ ကြီးကြီးမားမား အပါအဝင် အိမ် ခြံ မြေ အကောင်းစားများကို ပိုင်ဆိုင်ခွင့်ပေးသော National Indemnity ကိုဝယ်ယူခြင်းဖြစ်ပြီး 1980ခုနှစ်များတွင် Hathaway ၏ Brodcasting Company ကိုဝယ်ယူခြင်းသည် Buffet ၏ အိမ် ခြံ မြေခရီး အတွက်အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ခဲ့ပြီး  ဒီလှုပ်ရှားမှု့က သူ့ကို အပန်းဖြဉယျာဉ်များနှင့် အဖိုးတန်အိမ်ယာများကို ပိုင်ဆိုင်မူ့ရရှိစေခဲ့သည့် အပြင်   သူ၏အိမ် ခြံ မြေ လုပ်ငန်းစုများကို ကျယ်ပြန့်စေခဲ့သည်။သူ၏နောက်ထပ် အိမ် ခြံ မြေ နှင့်ပတ်သက်ပြီး Investment ကျွမ်းကျင်မူ့ ဉပမာ တစ်ခုမှာ Massachusetts New Bedford ရှိ အထည်အလိပ်စက်ရုံဟောင်းကို ဝယ်ယူပြီး Berkshire Hathaway ၏ ကော်ပိုရိတ်ရုံးချုပ်အဖြစ် ဆင်းရဲနေသော ပိုင်ဆိုင်မူ့များ သို့မဟုတ် တန်ဖိုးနည်း အဆောက်အအုံ့များကို  တန်ဖိုးမြင့် ပိုင်ဆိုင်မူ့များအဖြစ်သို့ ပြောင်းလဲပေးနိုင်ကြောင်း ပြသခဲ့သည်။2012 စက်တင်ဘာလ နောက်ဆုံးထား ကောက်ယူထားသော စစ်တမ်းများအရ Warren Buffet ၏ပိုင်ဆိုင်မူ့သည် ဒေါ်လာ 100 ဘီလီယံခန့် ရှိမည်ဟု ပညာရှင်များက ခန့်မှန်းထားကြသည်။
အထက်ပါ အချက်များကို ထောက်ခြင်းအားဖြင့် Warren Buffet ၏ အိမ် ခြံ မြေ လုပ်ငန်းတွင် အောင်မြင်မူ့များသည် သူ၏စိတ်အားထက်သန်သော ရင်းနှီးမြှုပ်နှံမှု့ စွမ်းရည်များနှင့်  တန်ဖိုးမဖြတ်နိုင်သော အိမ် ခြံ မြေ များကို ဖော်ထုတ်နိုင်မှု့ တို့ကြောင့် ဖြစ်သည်။အိမ် ခြံ မြေ လောကတွင် အောင်မြင်မူ့ရရှိနိုင်ရန် Buffet ကျင့်သုံးခဲ့သော နည်းဗျူဟာ တစ်ချို့ကို ဖော်ပြပါမည် ။
1. ရေရှည်တွင် တည်ငြိမ်သော ဝင်ငွေရရှိနိုင်ရန် အလားလာရှိသည့် အိမ် ခြံ မြေ များကိုရှာဖွေသည်။
2. ဗျူဟာမြောက် ဝယ်ယူမူ့များ ပြုလုပ်သည်။
3. တန်ဖိုးနည်း အဆောက်အဉီးများကို ပြုပြင်ပြီး တန်ဖိုးမြင့် အဆောက်အဉီးများ အဖြစ်ပြောင်းလဲသည် ။
4. အိမ် ခြံ မြေနှင့်ပတ်သက်ပြီး ရေရှည် ချဉ်းကပ်နည်းများကို သေချာအာရုံစိုက်ကာ လိုက်နာကျင့်သုံးသည် ။
ယခုဖော်ပြခဲ့သော အချက်များကို မိမိဉာဏ်ရှိသလို အသုံးချပြီး အိမ် ခြံ မြေကို စိတ်ဝင်စားသော ရင်းနှီးမြှုပ်နှ့ံသူ အိမ် ခြံ မြေ သူဌေးလောင်းများလည်း Warren Buffet ကဲ့သို့ ဘီလီယံနာကြီး ဖြစ်နိုင်ကြပါစေ။ 
                                       # King of Real Estate
                                          # Warren Buffet
                                            #အိမ်ခြံမြေဘုရင်

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate