အိမ် ခြံ မြေ ရောင်း၊ ဝယ် ၊ငှား ပြုလုပ်တဲ့အခါမှာ အကျိုးဆောင်လိုအပ်ပါသလား………..

အိမ် ခြံ မြေ ရောင်း ၊ ဝယ် ၊ ငှား ပြုလုပ်တဲ့အခါမှာ အကျိုးဆောင်လိုအပ်ပါသလား………..
အိမ် ခြံ မြေ ရောင်း ၊ ဝယ် ၊ ငှား ပြုလုပ်တော့မယ်ဆိုရင် တချို့လူတော်တော်များများက
အကျိုးဆောင်တွေကို ကြောက်ပြီး ပိုင်ရှင်တိုက်ရိုက်ကို ပိုပြီး အားသန်ကြပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ အတွေ့အကြုံတစ်ခုအရ ပြောရမယ်ဆိုရင် ဝယ်လက်လာလို့
လိုက်ပြတဲ့အခါ အကျိုးဆောင်က ရှိရင်းစွဲဈေးထက် ပိုပြီးရောင်းလိုက်တယ် (အိမ် ခြံ မြေ
လောကစကားနဲ့ ပြောရရင်တော့ ပွဲညွှန့်တင်ပြီး ရောင်းလိုက်တာပေါ့) အဲ့တာကို ဝယ်သူက
နောက်ပိုင်း အချက်အလက်တွေကို ကြည့်ပြီးသိသွားတော့ စကားပုံတောင် ရှိသေးတယ်
လေနော် ဘူးအပေါက်တစ်ရာ ကိုသာ ပိတ်လို့ရမယ် လူပါးစပ် တစ်ပေါက်ကို ပိတ်လို့မရဘူး
ဆိုတော့ တော်တော်များများလည်း သိကုန်ပြီး အကျိုးဆောင်ဆိုရင်ကို လန့်ကုန်တာပေါ့
ဒါပေမဲ့ အဲ့ဒီအကျိုးဆောင်အကြောင်းကို သေချာစုံစမ်းကြည့်တော့ လိုင်စင်မရှိတဲ့သူ အရပ်ခေါ်
စကားနဲ့ ပြောရမယ်ဆိုရင်တော့ ပွဲစားပေါ့ ။ အဲ့တာကြောင့် အိမ် ခြံ မြေ ဝယ်ယူတော့မယ်ဆိုရင်
အဲ့ဒီလိုအရပ်ပွဲစားတွေနဲ့ မချိတ်ဆက်မိစေဖို့တော့ သတိပေးလိုက်ပါရစေ။
ကိုယ်က အိမ် ခြံ မြေ ဝယ်ယူတော့မယ်ဆိုရင် အဓိက ကတော့ လိုင်စင်ရှိပြီးသား ယုံကြည်စိတ်ချ
ရတဲ့ Agency ကိုတော့ သတိထားပြီးရွေးချယ်ရပါမယ် ။ ဒါဆိုရင်ပြောလိမ့်မယ်” Agency
မပါပဲနဲ့ကော ဝယ်လို့မရဘူးလား” “ရတာပေါ့ “ အဲ့တာဆို ကိုယ်လိုချင်တဲ့ မြေနေရာအနေ
အထားကိုရဖို့ အချိန်ကုန်ခံနိုင်ရမယ် ၊ လူပင်ပန်းခံနိုင်ရမယ်၊ စာရွက်စာတမ်းအသေးစိတ်ကိုလည်း
လိုက်လံစစ်ဆေးနိုင်ရမယ် နောက်ပြီး ပြဿနာကြုံလာပါကလည်း ဖြေရှင်းနိုင်မယ်ဆိုရင်တော့
အကျိုးဆောင်မလိုတော့ဘူးပေါ့ ။ ဒါပေမဲ့ လူတော်တော်များများက နားပူတော့မခံနိုင်ဘူး ကျောပူဘဲ
ခံမယ်ဆိုတဲ့သူတွေချည်းပဲ အကျိုးဆောင်ခ ပေးရင်ပေးရပါစေ မိမိတို့လိုချင်တဲ့အရာကို အခန့်သင့်လေး
သက်တောင့်သက်သာ လိုချင်ကြတာပဲ။
အကျိုးဆောင်သာပါမယ်ဆိုရင် ကိုယ်လိုချင်တဲ့ data အချက်အလက်လေးကို ပြောရုံနဲ့ ခူးပြီးချက်ပြီး
နွှင်ပြီး ပါးစပ်ထဲထည့်ပြီး ကိုယ်ကဝါးပြီး မြိုချလိုက်ရုံလေးပါပဲနော်။
နောက်ပြီး စာရွက်စာတမ်း ကိစ္စနဲ့ တကယ်လို့ ပြဿနာတွေရှိလာရင်လည်း
တာဝန်ယူဖြေရှင်းပေးမှာ ဆိုတော့ ဘာမှစိတ်ပူစရာမလိုတော့ဘူးပေါ့။
အပေါ်မှာပြောခဲ့သလို “အိမ် ခြံ မြေ ရောင်း ၊ ဝယ် ၊ ငှား ပြုလုပ်တဲ့အခါမှာ အကျိုးဆောင်လိုအပ်
ပါသလား” ဆိုတဲ့မေးခွန်းကိုဖြေရမယ်ဆိုရင်တော့ လိုင်စင်ရှိပြီး ကျင့်ဝတ်နဲ့အညီ လုပ်ဆောင်နေတဲ့
အကျိုးဆောင်ကိုတော့ တကယ်ပဲလိုအပ်ပါတယ်။သူတို့နဲ့ လုပ်ဆောင်မယ်ဆိုရင်တော့ စိတ်ချမ်းသာမှု
ရမဲ့အပြင် တာဝန်ယူမှုတာဝန်ခံမှုလည်း အပြည့်ရှိတော့ မိတ်ေဆွတို့ဘက်က အကျိုးဆောင် ရွေးမမှားဖို့ပဲ လိုပါမယ်နော်။
#realestate
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...