ဘယ်လိုဝယ်ဝယ် အဓိကကတော့ မိမိဝယ်ယူမယ့်မြေကို ဂရုတစိုက်လေ့လာ စီစစ်ပြီးမှ ဝယ်ယူသင့်တာပေါ့

ဘယ်လိုဝယ်ဝယ် အဓိကကတော့ မိမိဝယ်ယူမယ့်မြေကို ဂရုတစိုက်လေ့လာ စီစစ်ပြီးမှ ဝယ်ယူသင့်တာပေါ့

အိမ်ခြံမြေဝယ်ချင်ပေမယ့် ဟိုသိမ်းဒီသိမ်းတွေမြင်နေရပြီး
တစ်ချို့ဆိုအိမ်ဆောက်ပြီးတာတောင်ဖြိုချခံရတာတွေ 
တွေ့ရတာကြောင့် မိမိဝယ်ယူမယ့် မြေလည်း 
အဲဒီလိုမခိုင်မာတာတွေဖြစ်မှာစိုးရိမ်တတ်ကြပါတယ်။
အိမ်ခြံမြေမဝယ်ခင်အစကတည်းက စစ်ဆေးချက်တွေပြုလုပ်ပြီး
ဂရုတစိုက်ဝယ်ယူခဲ့မယ်ဆိုလျှင် ဒီအခက်အခဲတွေက ဘာမှမဟုတ်ပါဘူး။
များသောအားဖြင့် အိမ်ခြံမြေ ဝယ်ယူသူအများစုဟာ 
ကာလအချိန်ကြာတဲ့အခါ မြေစျေးတွေကတက်တတ်ကြတာကြောင့် 
မတက်ခင်မှာကြိုတင်ဝယ်ယူထားပြီး ဝယ်ဥထားတတ်ကြပါတယ်။
နောက်တစ်ခုကတော့ ကိုယ်အတည်တကျနေထိုင်မယ့်နေရာ
တစ်သက်တာအတွက် ရွေးချယ်ဝယ်ယူကြပါတယ်။
ဘယ်လိုဝယ်ဝယ် အဓိကကတော့ မိမိဝယ်ယူမယ့်မြေကို
(၁)ပိုင်ဆိုင်မှု့စာရွက်စာတမ်းခိုင်ခိုင်မာမာရှိရဲ့လား
(ဥပမာ-ဂရန်မြေဝယ်ယူမယ်ဆိုရင်လည်း ဂရန် သက်တမ်းကုန်နေတာတွေဆိုရင် 
ဆုံးရှုံးနိုင်ပါတယ်)
(၂) ဝယ်ယူတဲ့အိမ်ခြံမြေက မိမိအပြင်အခြားသူတစ်ဦးအပေါ်ရောင်းချထားမှု့ရှိနေလား။
(၃) လင်မယားနှစ်ယောက်ပိုင်ဖြစ်ပြီး တစ်ဦးမသိဘဲတစ်ဦးကရောင်းချတာလား။
(ပထမအိမ်ထောင်ရှိတုန်းကပိုင်ဆိုင်မှု့လားစသဖြင့်ပေါ့) 
စတာတွေအပြင်ကိုမှ စာချုပ်ချုပ်ဆိုရေးသားတဲ့အခါမှလည်း သေချာလေးအသေးစိတ်စီစစ်လေ့လာပြီးမှ ချုပ်ဆို ဝယ်ယူသင့်ပါတယ်။
ဖြစ်နေတာတွေကတော့ ပုံစံ(၇)တွေကိုအကွက်ရိုက်ပြီး ရောင်းချနေတာကနေဖြစ်တာပါ 
ချုပ်ဆိုတော့လည်း အရပ်လူကြီးတွေနဲ့ချုပ်ဆိုခဲ့ကြပြီးနောက်ပြသာနာဖြစ်တော့ 
အရပ်လူကြီးတွေလည်းဘယ်ရောက်ကုန်မှန်းမသိ ပြသာနာထုတ်ရင်မှာပိုက်ပြီး
အရှုံးခံရတဲ့သူတွေလည်းတပုံကြီးပါ။ ပုံစံ(၇)ဆိုတာက စိုက်ပျိုးရေးမြေတွေပါ
စိုက်ပျိုးဖို့အတွက် ချထားတဲ့မြေမှာ အိမ်ဆောက်မယ် စီးပွားရေးလုပ်မယ်ဆိုရင်တော့
သိမ်းခံရမှာပါပဲ။အခြားနည်း လျှောက်ပြီးရင်လည်း ချပေးတဲ့အတိုင်းမလုပ်တာတွေက 
တစ်ချိန်မှာ ဒုက္ခရောက်စေနိုင်ပါတယ်။(အခုကတော့အခြားနည်းလျှောက်ခွင့်ကပိတ်ထား
ပါတယ်လို့ဆိုပါတယ်)အဲတော့ စိုက်ပျိုးဖို့ပေးရင် စိုက်ပျိုးရမှပါ။
ခေတ်အဆက်ဆက်ဖြစ်ထွန်းလာခဲ့တဲ့ အိမ်ခြံမြေလောကကြီးကလည်း ထင်သလောက်မလွယ်လှပါ။သတိကြီးကြီးထားရမယ့်အရာထဲမှာတန်ဖိုးလည်းကြီးပြီး မရွှေ့မပြောင်းနိုင်တဲ့ အိမ်ခြံမြေလည်းအပါအဝင်ပါ။
ကိုယ်တိုင်မသိခဲ့လို့ လူတွေလည်းအိမ်ဆောက်ပြီးနေနေကြတာဘဲ 
ဘာမှမှမဖြစ်တာ စတဲ့ပေါ့လျော့မှု့တွေအပါအဝင် မဖြစ်လောက်ပါဘူးစတဲ့
မရေရာတဲ့ယုံကြည်မှု့တွေ အဲတာတွေကြောင့် ဆုံးရှုံးကြရပါတယ်။
နောက်ဆုံးဘယ်သူမှမကယ်နိုင်ဖြစ်ရတာ ဒါတွေကြောင့်ပါ။
တစ်ချို့ကြတော့လည်း အိမ်ခြံမြေနှင့်ပတ်သက်ပြီး ဘာအကြောင်းတစ်စုံတစ်စမှနားမလည်ပါဘဲ လူတွေနေနေတယ်အိမ်ဆောက်လို့ရတယ်ဆိုတာနဲ့ဝယ်ယူကြပြီး အိမ်ကောင်းကောင်းတွေဆောက် နေနေကြရော၊နောက်တော့ ပြသာနာဖြစ်ပြီး ဖြိုရမယ်ဆိုတော့ အရင် ဝယ်ယူတုန်း
က ပါဝင်ခဲ့တဲ့ သူတွေကိုလည်း အကူအညီသွားတောင်း ဘာမှ လုပ်မပေးနိုင်ကြတော့ပါဘူး။
အဓိကအားဖြင့်တော့ မိမိကိုယ်သာအားကိုးရာ ဆိုသည့်အတိုင်း ဘယ်တစ်ဦးတစ်ယောက်ကိုမှ မယုံမိဘဲ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးပြီးအိမ်ခြံမြေဝယ်မယ်ဆိုရင်ကိုယ်ဝယ်ယူမယ့်မြေလေးတော့သေချာလေးလေ့လာကာ စီစစ်ဝယ်ယူသင့်ပါတယ်။
အိမ်ခြံမြေလောကကြီးမှာလည်း ရောင်းမှားဝယ်မှား မဖြစ်ဘဲ 
ကောင်းကောင်း အကျိုးဖြစ်ထွန်းကြပါစေ။
yuzanarland.co

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate