ပိုင်ရှင် နဲ့ ဆက်စပ်မှု မရှိတော့တဲ့ စာချုပ်

ပိုင်ရှင် နဲ့ ဆက်စပ်မှု မရှိတော့တဲ့ စာချုပ်

ပိုင်ရှင် နဲ့ ဆက်စပ်မှု မရှိတော့တဲ့ စာချုပ်


မေး ။ ။        ကျွန်မ အကျိုးဆောင် လုပ်ခဲ့တဲ့အထဲမှာ အရပ်စာချုပ် နဲ့ ဝယ်ထားကြပြီး ပိုင်ရှင်နဲ့ ဆက်စပ်မှု မရှိတော့တဲ့ စာချုပ်တွေကိုသာ ကိုင်ထားကြသူတွေ တွေ့နေရပါတယ် ။ ဘယ်လို ဆက်လက် ဆောင်ရွက် ကြရမယ် ဆိုတာ သေချာမသိလို့ ဖြေပေးပါအုံး ဆရာ ။
ကျွန်မ သော်တာစံ ပါ


ဖြေ ။ ။         မသော်တာစံ မေးတာလည်း သိသင့်တဲ့ ကိစ္စပါပဲ ။ ရှေ.နေ တစ်ဦးဦးဌား လိုက်ရင်တော့ ပြီးတဲ့ ကိစ္စမျိုးပါ ။
အကုန်အကျ သက်သာရ လေအောင် ပွဲစားကိုမေး  ၊  ပွဲစားက တစ်ဆင့် ဆရာကို မေးတော့လည်း အဖြေတစ်ခုခုတော့ ရမှာပေါ။
ဒါပေမဲ့ ဆရာက ဥပဒေပညာရှင် မဟုတ်လေတော့ ဆောင်ပါးတွေ ထဲကလို စပ်ဆေး နဲ. ‌တွေ့နေမှာစိုးလို့ ဆရာရဲ့ အဖြေကိုလည်း ရှေ့နေရှေ့ရပ်တွေနဲ့ တိုင်ပင်ပြီးမှ လုပ်ကြပါလို့တော့ ကြိုကာထားချင်ပါတယ်။
ဆရာ သိသလောက် ဖြေပေးရမယ် ဆိုရင် လွန်ခဲ့တဲ့ ၁၀ နှစ် ဝန်းကျင်လောက်မှာ မြေတွေက စျေးသက်သာ သေးတာမို့ ဂရုစိုက်မလုပ်ခဲ့ကြဘူး ထင်ပါတယ် ။ ခုလို မေးခွန်းမျိုး မကြာခဏ မေးခံရလို့ပါ ။


              အဆက်အသွယ်တွေ ပြတ်နေတာချင်း တူပေမဲ့ ကိုယ်ဝယ်ခဲ့တဲ့ မူလ မြေအမျိုးအစားက လိုပါသေးတယ် ။ ကိုယ်ဝယ်ခဲ့တဲ့ မူလမြေတွေက ဘိုးဘွားပိုင်  ဖြစ်မယ် ဂရန် ရှိပြီး ဖြစ်မယ် ၊ စကွာတာ ဖြစ်မယ် ၊  လ / န  ၃၉ ရပြီး
မြေနဲ့ ၃  ( B )  ကင်းလွတ်ပြီးသား မြေတွေဆိုရင်တော့ လုပ်ရတာ  အဆင်ပြေမယ်။ 
ပထမ  အဆင့်ကတော့  ကိုယ်ဝယ်ထားတဲ့  မြေရဲ့  အမည်ပေါက်ပုဂ္ဂိုလ်ကိုသာ  နို.တစ် စာထုတ်လိုက်ပါ။ အဆက်အစပ်တွေ ကလည်း အဆင့်ဆင့်မို့ ဘယ်သူမှ လာမှာတော့ မဟုတ်ပါဘူး ။ မလာတော့မှ  သက်ဆိုင်ရာ
မြို့နယ်  တရားရုံးမှာ  “  အရောင်းအဝယ်   စာချုပ်ကို   မှတ်ပုံတင်  ပေးစေလိုမှု  ”  နဲ.   တရားမကြောင်းကနေ တရားစွဲပေါ့  ။  (  ဒါတွေ ရှေ့နေကြီးတွေ  ကျွမ်းကျင်ကြပါတယ် )  အနိုင်ဒီဂရီကလည်း  ရဖို့ ရာနှုန်းများ ပါတယ် ။ နိုင်တဲ့အခါကျမှ ဘီးလစ်က တစ်ဆင့် မြေပုံရာဇဝင်  ကူးနိုင်ပြီလေ ။


                အဲဒီ အနိုင် ဒီဂရီရယ် ၊  မြေပုံ မြေရာဇဝင်ရယ် ၊  ရာဖြတ်က  ဆုံးဖြတ်ပေးတဲ့  တန်းဖိုပါ  တံဆိပ်ခေါင်းကပ် ၊  အခွန်ဌာနက အခွန်ဆောင် ရမှာတွေကို ဆောင်ပြီးရင် မှတ်ပုံတင်စာချုပ်  ချုပ်လို့ ရသွားပြီမို့ လမ်းချောကို
ရောက်သွားပါပြီ ။  အဲဒီ လမ်းအတိုင်း မသွားဘဲ ထုံးမန်း မန်းသလို “ ဖြတ်လမ်း ” တွေ ထပ်လိုက်မယ် ဆိုရင် အဲဒါမှ “ စပ်ဆေး ” နဲ. သေချာတွေ့တော့မှာ။  ဒီမြေ အမျိုးအစား တွေမှာ အခုလိုလမ်းမျိုး လျောက်လို့မရဘူး ဆိုတာ မှတ်ထားပြီး ရှင်းပြလိုက်ပါတော့ လို့ ဖြေလိုက်ပါတယ်။


ဆရာကြီးဦးကြည်စိုး IC (အိမ်ဘုရင်)

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate