လင်ဖြစ်သူက ကျိူးကြောင်းညီညွတ်တဲ့အကြောင်းပြချက် မရှိဘဲနဲ့ နေ အိမ်က စွန့်ခွာသွားရင်

13-Aug-21
လင်ဖြစ်သူက ကျိူးကြောင်းညီညွတ်တဲ့အကြောင်းပြချက် မရှိဘဲနဲ့ နေ အိမ်က စွန့်ခွာသွားရင်
(၁)ကျမတို့လင်မယားလက်ထပ်တာလေးငါးလပဲရှိပါသေးတယ်ရှင်
လူသိနတ်ကြားလက်ထပ်ပြီး အတူပေါင်းသင်းနေထိုင်ရင်း ကျမမှဘာအ
ပြစ်မှ မရှိဘဲ ဒင်း အိမ်ကထွက်သွားပါတယ်…ပတ်ဝန်းကျင်မှာ အရှက်
ရစေတဲ့အတွက် ဒင်းကို ဥပဒေအရ ဘယ်လိုအရေးယူရမလဲ ???
(၂)ကျမတို့လင်မယားမှာကလေးတစ်ယောက်ရှိပါတယ်…
ကျမ ဘာအပြစ်မှမလုပ်မိပါပဲ ဒင်း အိမ်ကထွက်သွားတာ ၁ နှစ်ကျော်ပါ
ပြီ … သူများသားသမီးယူထားပြီး အသားလွတ် ပစ်ထားလို့ သူ့ကို
ဥပဒေအရ ဘယ်လိုအရေးယူနိုင်မလဲ သိချင်လို့ပါ …
(၃)ကျမတို့မယူခင်ကတော့သီးသန့်အိမ်ခွဲနေမယ်ပြောပြီးအိမ်ထောင်
ပြုပြီးမှ ယောက္ခမအိမ်မှာနေရပါတယ် …မိသားစုကလဲများ လင်ရှာတဲ့
ပိုက်ဆံ ကျမကိုင်မသုံးရနဲ့ ယောင်းမတွေကလဲ ဆိုးမှဆိုးပါ …သည်း
မခံနိုင်တဲ့အဆုံး ကျမ ဆင်းလာပါတယ်…( အဲ့ဒါ မယားစရိတ် ကလေး
စရိတ် ) ရလိုပါတယ်ရှင် …
( စသဖြင့် စသဖြင့် ) ပြဿနာပေါင်းစုံ ကြုံတွေ့နေရတဲ့ လင်မယား
တွေ ဒု နဲ့ ဒေး ပါ …
မယားတွေရဲ့စိတ်မှာ လင်ယူတယ်ဆိုတာဟာ အားကိုးရှာတာ… ( တနည်းအားဖြင့် ) လုပ်ကိုင်ကျွေးမွေးမယ့် သူရှာတာပေါ့ …ကောင်း
နေတုန်းကတော့ အေးဆေး ( အဲ့ ) ကွိုင်တစ်ခုခုဖြစ်လာပြီဆိုရင် မယားတွေက မယားစရိတ် ကလေးစရိတ်တောင်းမယ်ချည် လုပ်တော့
တာ သဘာဝ …
( ဆိုတော့ကာ ) ????
အထက်က မေးခွန်းတွေ ဖြေပေးရမယ်ဆိုရင် …( ကျား ) နဲ့ ( မ )
သူချစ်ကိုယ်ချစ် / မိဘပေးစားလို့ စသဖြင့် အိမ်ထောင်ပြုကြတာပါ …
အိမ်ထောင်ရက်သားကျ တစ်ခုခုအဆင်မပြေ လင်သားက အိမ်ကဆင်း
သွားတော့မှ ( သူမပေါင်းချင်လို့ ဆင်းသွားတာ ) ဘာ ဥပဒေနဲ့မှ အရေးယူလို့ မရပါဘူး …
ဘေးပယောဂတွေကြောင့် ယူရတာမှ မဟုတ်တာ / ဘယ်သူကမှ မိမိ လည်ပင်းကို ဓားမိုးပြီးယူခိုင်းတာလဲ မဟုတ်တဲ့အတွက် အဖြေကတော့
( no bar ) ပါပဲ …
( ဒါဆို ) 
ကျမတို့က မိန်းမသား / ဒင်းကို အားကိုးလို့ / ဒင်း ရှာစာ စားချင်လို့
ယူတာ / ခုတော့ ကျမမှာ ကလေးတွေနဲ ှဒုက္ခပေါင်းစုံရောက်လို့/ ဒင်း
ကတော့ ဘယ်ဆီဘယ်ဝယ်ရောက်နေလဲ မသိ ( ဘယ်နှယ့်လုပ်ရပါ့ )
( ဟုတ်ကဲ့ )…
လင်ဖြစ်သူက ကျိူးကြောင်းညီညွတ်တဲ့အကြောင်းပြချက် မရှိဘဲနဲ့ နေ
အိမ်က စွန့်ခွာသွားရင် မယားက တရားရုံးမှာ မယားစရိတ် ကလေးစ
ရိတ်ရလိုမှု့ စွဲနိုင်ပါတယ် …
မယားစရိတ် / ကလေးစရိတ်စွဲလို့ရတယ်ဆိုပေမယ်လို့ အောက်ပါအ
ခြေအနေတွေမှာဆိုရင်တော့ မယားစရိတ် ကလေးစရိတ်ပေးဖို့ လင်
ဖြစ်သူက ငြင်းဆန်ခွင့်ရှိပါတယ် …
( 1 ) ကျိူးကြောင်းညီညွတ်မှု့မရှိတဲ့ အကြောင်းပြချက်နဲ့ နေအိမ်က
နေ မယားက စွန့်ခွာခဲ့ရင် …
( 2 ) လင်ယောကျာင်္း ထားတဲ့အရပ်မှာ မနေရင် …
၎င်း ၂ ချက်နဲ့ ငြိစွန်းခဲ့ရင် မယားဖြစ်သူက တောင်းဆိုခွင့် မရှိပါဘူး …
( မယားစရိတ် ကလေးစရိတ် ဘယ်လို ပေးသလဲ မပေးရင်ရော 
ဘာဖြစ်မလဲ ) ???
မယားစရိတ် / ကလေးစရိတ်ကို လင်ယောကျာင်္းရဲ့ဝင်ငွေပေါ်မူတည်
ပြီး တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရ ဆုံးဖြတ်ပေးတဲ့ငွေကို လ
စဉ်ပေးရပါတယ် ( အများအားဖြင့် ၅၀၀၀၀ /- ကျပ် ) စီ ပါ …
( ဟာ !! ကျုပ်တောင် အလုပ်မရှိလို့ မိဘအိမ်ကပ်စားနေတာ မပေး
နိုင်ပါဘူးဗျာ ) လို့ လာမပြောပါနဲ့ ( မပေးရင် ) ထောင်ကျပါမယ် …
မြန်မာစကားမှ စားစရာ မရှိ / လျော်စရာ ရှိလတ္တံ ဆိုတာ မယားစရိတ်
ကလေးစရိတ်ပေးရခြင်းကို ဆိုလိုတာပါ …
ကလေး သူ့ဘာသူရပ်တည်နိုင်တဲ့အရွယ်ထိ ပေးရပါတယ် …
( ကိုင်း ဒီလောက်တောင်လိုချင်နေလဲ ကျုပ် ဘုန်းကြီးအပြီး ဝတ်မယ်
ဗျာ ) ပြောမလား ??? ဝတ်လေ / ဝတ်လဲ တရားရုံးကနေတောင်းမှာ
ပဲ …ပေးနိုင်ရင်ပေး မပေးနိုင်ရင် လူထွက် ( ထောင်ချမှာပဲ )…
တစ်ခုသိစေချင်တာက …
လင်မယားကွာရှင်းပြီးသွားရင်တော့ မယားစရိတ် မရတော့ပါဘူး …
ကလေးစရိတ်ကတော့ ရနေမှာဖြစ်ပါကြောင်း မယားစရိတ် ကလေး
စရိတ်ငိလိုသူ အိမ်ထောင်ရှင်မများ အတွက် တင်ပြလိုက်ရပါတယ် …
( လေးစားလျက် ) 
Crd Sayar U khin win
 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate