တိုက်ခန်းအပြီးသတ် အရောင်းအဝယ် ပြုလုပ်ပြီးနောက် မူလပိုင်ရှင် ( ရောင်းသူ ) အား တိုက်ခန်းတွင် ဆက်လက် နေထိုင်ခွင့်မပြုသင့်ခြင်း။

တိုက်ခန်းအပြီးသတ် အရောင်းအဝယ် ပြုလုပ်ပြီးနောက် မူလပိုင်ရှင် ( ရောင်းသူ ) အား တိုက်ခန်းတွင် ဆက်လက် နေထိုင်ခွင့်မပြုသင့်ခြင်း။

       တိုက်ခန်းအပြီးသတ် အရောင်းအဝယ် ပြုလုပ်ပြီးနောက် မူလပိုင်ရှင် ( ရောင်းသူ ) အား တိုက်ခန်းတွင် ဆက်လက် နေထိုင်ခွင့်မပြုသင့်ခြင်း။
တိုက်ခန်းပြသနာများကို များစွာ ရေးသားတင်ပြ ဖူးသည်။ သို့သော် ပြသနာများက ရှိမြဲရှိဆဲ ။ ထိုပြသနာများထဲမှ တစ်ခုကတော့ ရောင်းသူကို အရောင်းအဝယ် ပြုလုပ်သည့် တိုက်ခန်းတွင် အကြောင်း တခုခုကြောင့် ( ခေတ္တ ) နေထိုင်ခွင့်ပြုရာမှ မဆင်းတော့သဖြင့် ဖြစ်ပေါ်ရသည့် ပြသနာဖြစ်ပါသည်။


     ထိုသို့ ပြသနာဖြစ်ရခြင်းမှာလည်း မြန်မာလူမျိုးများ၏ အားနည်းချက် တစ်ခုဖြစ်သည့် အားနာသည့်စိတ် နှင့် မိမိစိတ်ကဲ့သို့သဘောထားကာ ကိုယ်ချင်း စာစိတ်ဖြင့် နေထိုင်ခွင့် ပြုကြခြင်းကြောင့် ဖြစ်သည်။
ထိုသို့နေထိုင်ခွင့်ပြုရာတွင် မှန်မှန်ကန်ကန်ဖြင့် ဆင်းသွားသူများ ရှိသကဲ့သို့ အကြောင်းအမျိုးမျိုးပြ၍ တမင်မဆင်းတော့ပဲ ညစ်နေသူများလည်းရှိသည်။


  တိုက်ခန်းဝယ်ယူကြရာတွင် ဝယ်ယူသူ အများစုသည် ငွေပိုငွေလျံရှိ၍ ဝယ်ယူကြခြင်းမဟုတ်ပဲ မိမိတို့၏ ချွေးနည်းစာဖြင့် နေထိုင်ရန်အတွက် ဝယ်ယူကြသူများ ဖြစ်ကြသည်။
ဝယ်ယူသူ အများစုသည် တိုက်ခန်း မဝယ်ယူမှီတွင် အိမ်ငှား၍ နေထိုင်ကြသူများ ဖြစ်ကြသည် ။ အိမ်ငှားကာလ မပြည့်မှီ တိုက်ခန်းကို ဝယ်ယူကြခြင်းဖြစ်ပြီး အိမ်ငှား စရိတ် ထပ်မံမကုန်ကြရန် အတွက် အငှားကာလ မပြည့်မှီ တိုက်ခန်းအသစ်သို့ ပြောင်းရွေ့ရန် စိတ်ကူးပြီး ဝယ်ယူကြခြင်း ဖြစ်သည်။


      ထိုသို့ စိတ်ကူးဖြင့် ဝယ်ယူပြီးနောက် ရောင်းသူက အခန်းသစ် ရှာ၍ မရသေးသဖြင့် ( ၃ ) ရက် သို့မဟုတ် ( ၁ ) ပတ်ခန့် နေထိုင်ခွင့် ပြုပါရန်နှင့် ရက်ပြည့်လျင် ဆင်းပေးမည် ဖြစ်ကြောင်းဖြင့် အကူအညီတောင်း တတ်ကြသည်။


      ဝယ်ယူသူကလည်း ၎င်းအနေဖြင့် ငှားရမ်းထားသည့် အိမ်တွင် ရက်မပြည့်သေးသဖြင့် ဆက်လက် နေထိုင်ခွင့် ရနေသေးသဖြင့် ရောင်းသူ၏ အခက်အခဲကို စာနာသောအားဖြင့် ရောင်းသူ တောင်းဆိုသည့် ခေတ္တနေထိုင်ခွင့်ကို ယုံကြည်စွာဖြင့် ခွင့်ပြု လက်ခံတတ်ကြသည်။
ထိုသို့ အခြေအနေတွင် ခေတ္တ နေထိုင်ခွင့်ပြုထားသော ‌မူလပိုင်ရှင်က ၎င်း၏ ကတိအတိုင်း မှန်မှန်ကန်ကန် ဆင်းသွားလျင် ပြသနာမရှိနိုင်သော် လည်း အကြောင်းအမျိုးမျိုး ပြ၍ မဆင်းပဲနေလျင် ဝယ်ယူသူထံတွင် ထိခိုက်နစ်နာစရာ ကိစ္စရပ်များ ကြုံတွေ့လာရတော့မည်မှာ 

မလွဲဧကန်ပင် ဖြစ်ပါသည်။


    ဝယ်ယူသူအနေဖြင့် ပထမဆုံး ကြုံတွေ့ရမည့် ပြသနာမှာ ငှားထည့် အိမ်ခန်းသည် ရက်ပြည့်ပြီဖြစ်၍ ဆင်းရမည် ဖြစ်သည်။ ရက်အနည်းငယ် နေခွင့်ပြုပါရန် တောင်းဆို၍ ရသည်မဟုတ်။ ဆက်ငှားပါမှ နေထိုင်ခွင့် ပြုမည် ဖြစ်သည်။ ဆက်လက် ငှားရမ်းရာတွင်လည်း ( ၁ ) ပတ် ( ၁၀ ) ရက် ငှား၍မရ။ အနည်းဆုံး( ၃ ) လ ငှားရမည်ဖြစ်၍ ကုန်ကျစရိတ် အပိုရှိလာမည် ဖြစ်သည်။
ဒုတိယ ကြုံရမည့် ပြသနာမှာ ခေတ္တနေထိုင် ခွင့်ပြုထားခြင်းခံရသူက မထွက်ခွာတော့လျင် တရားစွဲဆိုရတော့မည် ဖြစ်သည့်အတွက် အချိန် နှင့် ငွေကြေး ထပ်မံ ကုန်ကျရတော့မည် ဖြစ်သည်။


  တတိယပြသနာမှာ ၀ယ်ယူထားသည့် အခန်းကလည်း မရသည့်အပြင် စုထားသည့် ငွေကလည်းကုန်ပြီး တရားစွဲရသည့်အတွက် ထပ်မံကုန်ကျစရိတ်များ ရှိသည်ဖြစ်၍ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း နှင့် ကြုံတွေ့ရမည် ဖြစ်သည်။
သို့ဖြစ်ရာ ထိုပြသနာများနှင့် မကြုံတွေ့နိုင်စေရန် အတွက် 


၁။    ဝယ်ယူသူများ အနေဖြင့် မိမိကိုယ်တိုင် မကျွမ်းကျင်လျင် ရှေ့နေငှားပါ။ ရှေ့နေခ မနှမျောပါနှင့် ။ ရှေ့နေခသည် တိုက်ခန်းဖိုး၏ ၁၀၀ ပုံ ၁ ပုံသာ မရှိပါ။ ပြသနာဖြစ်လာလျင် ထို့ထက်မက များစွာ ကုန်ကြရသည့်အပြင် စိတ်ဆင်းရဲရသည့် ဒုက္ခပါ အဆစ် ရပါလိမ့်မည်။


၂။    ရောင်းသူက လက်ရှိ နေစရာမရှိသေး၍ လည်းကောင်း ။ သို့မဟုတ် အခြားအကြောင်း တစ်ခုခုဖြင့် လည်းကောင်း ခေတ္တနေထိုင်ခွင့်တောင်းလာပါက ပြတ်သားစွာ ငြင်းဆိုပါ။
    ငွေအပြေအကြေ ပေးချေသည့်နေ့တွင် တိုက်ခန်းအား လက်ရောက်ယူပါ ။ မူလပိုင်ရှင်ကို မည်သည့် အကြောင်းနှင့်မျှ တိုက်ခန်းတွင်ထပ်မထားပါနဲ့ ။ ခေတ္တ နေထိုင်ခွင့် မပြုပါနဲ့။
      အကယ်၍ ရောင်းသူမှာ မိမိနှင့်မျက်နှာ နာရမည့်သူ ဖြစ်၍လည်းကောင်း ။ အားနာသဖြင့် လည်းကောင်း ဆက်လက်ထားလိုပါက အခြား တိုက်ခန်းတစ်ခုအား ငှားပေးလိုက်ပါ။ 
      ထိုသို့ ပြုလုပ်ခြင်းအားဖြင့် ဝယ်သူအနေဖြင့် တိုက်ခန်းအား လက်လွတ်ဆုံးရူံးခြင်းမှ ကင်းဝေးနိုင်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
အများသူငှာအကျိုးကို ရည်ရွယ်လျက်
 

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate