ကျွန်မ အမျိုးသား က အွန်လိုင်း က တဆင့် ရည်းစား ထားပြီး အပျို ကောင်မလေး တစ်ယောက် ကို ခိုးယူ ထွက်ပြေး ပါတယ် ။

ကျွန်မ အမျိုးသား က အွန်လိုင်း က တဆင့် ရည်းစား ထားပြီး အပျို ကောင်မလေး တစ်ယောက် ကို ခိုးယူ ထွက်ပြေး ပါတယ် ။

       ကျွန်မ အမျိုးသား က အွန်လိုင်း က တဆင့် ရည်းစား ထားပြီး အပျို ကောင်မလေး တစ်ယောက် ကို ခိုးယူ ထွက်ပြေး ပါတယ် ။ ကျွန်မတို့ နှစ်ယောက် ပေါင်းသင်း စဉ် ကတည်းက ယောက္ခမ ဖြစ်သူက သဘော မတူပါ ။ နောက် တစ်ယောက် ခိုးပြေး တော့ ယောက္ခမကလည်း သားရှင် မိဘအနေ နဲ့ နယ်အထိ လိုက် သွားပြီး မင်္ဂလာပွဲ လုပ်ပေး ခဲ့ပါတယ် ။ ကျွန်မ အမျိုးသားကို တစ်လင် တစ်မယားဥပဒေ နဲ့ တရားစွဲ နိုင်တယ် ဆိုတာကို နားလည် ပါတယ် ။ ဒါပေမဲ့ တရားဝင် မယားရှိ ရက်သား နဲ့ နောက် မိန်းမတောင်းပေးတဲ့ ယောက္ခမကို အရေးယူ လို့ ရ မရ ဆို တာကို သိပါရစေ ။


===========================


        ဒီနေရာ မှာ ဥပဒေ ပြဿနာ ကို နည်းနည်း ပြောချင် ပါတယ် ။ ပထမ တစ်ချက်က တစ်လင် တစ်မယား စနစ် ဥပဒေ သည် အိမ်ထောင် ရှိတဲ့ လူတွေ ကိုပဲ ဖောက်ဖျက် တာကို စွဲလို့ ရသလား  ။ အိမ်ထောင် မရှိတဲ့ အပျို လူပျို တွေကော ဒီဥပဒေနဲ့ စွဲလို့ရမရဆိုတဲ့ ပြဿနာ တွေ ရှိပါတယ် ။ ကျွန်တော် ဖက် ကတော့ ပြတ်ပြတ် သားသား ကျွန်တော် အယူ အဆကို တင်ပြ ချင်ပါတယ် ။ တစ်လင် တစ်မယား စနစ် ဥပဒေမှာ ပုဒ်မ ၁၀ ဆိုတာ ရှိပါတယ် ။ ပုဒ်မ ၁၀ က အိမ်ထောင် ပြုပြီး တော့မှ နောက်ထပ် အိမ်ထောင် ပြုတဲ့ ပုဂ္ဂိုလ်ပေါ့ ။ အဲ့ဒီ ပုဂ္ဂိုလ်က ယောကျာ်း လည်း ဖြစ်ချင် ဖြစ် မယ် ၊ မိန်းမလည်း ဖြစ်ချင် ဖြစ်မယ် ။ ဆိုလိုတာက အိမ်ထောင် ရှိတဲ့ သူက ပြုလိုက်တာ ။ 


          နောက် တစ်ခုက ပုဒ်မ ၁၀ ။  ပုဒ်မ၁၀ ကတော့ မည်သူ မဆိုပဲ  ။ သူက ဘာလဲ ဆိုတော့ ပထမ အိမ်ထောင် ရှိပြီး တော့ ထပ်မံ အိမ်ထောင် ပြုမယ် ဆိုရင် တော့ ခုနက ပြောသလိုပဲ အပျိုလူပျို လဲပါတယ် ။ အပျို လူပျိုလဲ ပုဒ်မ ၁၂ အရ ပေါ့နော်  ။ ၁၂ထဲမှာ ငြိတယ် ။ ဘာဖြစ် လို့လဲ ဆိုတော့ .. ခက်တာက အပျို လူပျို ဆိုသော်လည်းပဲ တစ်ခါ တစ်ခါကျတော့ တစ်လင် တစ်မယား စနစ် ဥပဒေ ရဲ့ရည်ရွယ်ချက်က အိမ်ထောင် တစ်ခုကို မြဲစေ ချင်တဲ့ အခါကျ တော့ ခုနကပြောတဲ့ လူလွတ် တဲ့ ပုဂ္ဂိုလ် တွေက မရရအောင် ဒီအိမ်ထောင်ရှင် ယောကျာ်း ကို သော်လည်း ကောင်း ၊ အိမ်ထောင် ရှင် မိန်းမကို သော်လည်း ကောင်း  နည်းမျိုးစုံ နဲ့ ကြိုးစား ပြီးတော့ လုပ်တဲ့ ကိစ္စမျိုး တွေကို သူတို့ကို ချန်လှပ် ထားခဲ့ လို့တော့ မဖြစ်ဘူး ။ 

 

           မဖြစ်ဘူး ဆိုတဲ့ အခါကျတော့ ဘာပဲပြောပြော.. တစ်လင် တစ်မယား စနစ်ကို ကျူးလွန် တဲ့ အခါမှာ မသိလို့ ပြုလိုက်တာ ကိုလည်း  ဥပဒေအရ အကာအကွယ် ပေးထား တယ် ။ ဒီဟာ သိလို့လုပ် မယ်ဆိုရင်တော့ တစ်ဖက်က အိမ်ထောင် ရှိခဲ့တယ် ဆိုရင်တော့ တဖက်က လူလွတ်တို့ ဘာတို့ အိမ်ထောင် မရှိတဲ့ သူတို့တွေကို အရေး ယူလိုရတယ်လို့ ကျွန်တော် အနေနဲ့ ပုဒ်မ ၁၂ သည် ၁၀ နဲ့ ခြားနားမှု လိုရင်း အဓိပ္ပာယ် လို့ ယူဆ ပါတယ် ။ 


            သူ မေးတဲ့ မေးခွန်းကို ထောက်ကြည့် မယ် ဆိုရင်တော့ ယောက္ခမ ကိုယ်တိုင် ကိုက အစကတည်း ကိုက သဘော မတူဘူး ။ သဘော မတူလို့  ပြီးတော့မှ သူက ဒီဟာ ကို နောက်ထပ် အိမ်ထောင်  တစ်ခုကို တောင်းရမ်း  ပေးတယ် ။ ခမ်းခမ်းနားနား မဟုတ်သည် တိုင်အောင် မင်္ဂလာဆောင် ပေးတယ်.. ဆိုတဲ့ အပေါ်မှာ တစ်ဖက်က အမြင်နဲ့ ကြည့် လိုက်ရင် .. အားပေးတဲ့ သဘောမျိုး ဖြစ်တယ် ။ အားပေးတယ် ဆိုတဲ့ သဘောမျိုး မှာ ဥပဒေအရ သူ့ကို အားပေး ကူညီမှု နဲ့ ဝင် မဝင်ပေါ့ ။ ဝင်မဝင် ဆိုတဲ့ အခါ ကျတော့ ကျွန်တော်တို့က ဥပဒေရဲ့ သဘောတရား အရ ပြစ်မှု ဆိုင်ရာ ဥပဒေ ရဲ့ အတွေး အခေါ်အရ အားပေး ကူညီတာ သည် crime  ။ 

 

             သူလဲ ပြစ်မှုပဲ  ။ ဒါကြောင့် မို့လို့ ရာဇသတ်ကြီး မှာလဲ အားပေး ကူညီမှုကို ထည့်သွင်း ပြီးတော့ ပြဋ္ဌာန်း ထားတယ် ။ တစ်ကယ်လို့ အားပေး ကူညီတဲ့ ပုဂ္ဂိုလ်သည် ဘယ်လောက် အတိုင်း အတာ သည် အပြစ်ပေး နိုင်တယ်ဆိုရင် မူရင်းပုဒ်မမှာ ပြဋ္ဌာန်းထား တဲ့ ဥပဒေ ပြစ်မှုအတိုင်း ပဲအပြစ်ပေး နိုင်တယ် ။ ဟိုမှာ ထောင်တစ်သက် ဆိုရင်လည်း ဒီမှာလည်း အားပေး ကူညီမှုကို ထောင်တစ်သက် ။ ပြစ်မှု ရဲ့ အယူအဆ သဘော တရား အရ ကြည့်မယ်ဆိုရင်  ပြစ်မှုတိုင်း..ပြစ်မှုတိုင် မှာ ခုနက ပြောတဲ့အားပေး ကူညီ တဲ့ပုဂ္ဂိုလ်တို့ ၊ ပူးပေါင်း ကြံစည် တဲ့ပုဂ္ဂိုလ်တို့ ဆိုတာ တွေက ရှိတယ် ။ 


             ဒီ နေရာ မှာ တစ်ချို့က ပြောတာ ပေါ့  ။ ဒီ အထဲမှာ အားပေး ကူညီမှုကို အရေးယူ ရမယ်လို့ ပြဋ္ဌာန်း ထားတာ မရှိဘူးလို့ ပြောလို့ မရဘူး ။ ဘာဖြစ် လို့လဲ ဆိုတော့ တစ်ကယ် လို့ အားပေး ကူညီ တဲ့ ပုဂ္ဂိုလ် မျိုးကို အရေး မယူ စေချင်ရင် ဒီအထဲမှာထည့် .. ဥပမာ မယား ခိုးမှု  ၊ မယားခိုး မှုမှာ ကျတော့ ယောကျာ်း ကို စွဲလို့ ရတယ် ။ မိန်းမက ပြစ်မှု မရောက် ဘူးလို့ ဥပဒေ ထဲမှာကို ထည့်ရေးထားတာ ။ မယား ကိုတော့ မယားခိုး မှုမှာ အားပေး ကူညီမှု နဲ့ စွဲလို့ မရဘူးလို့ ထည့်ရေး ထားတယ် ။ တစ်ကယ် လို့ အားပေး ကူညီတဲ့ ပုဂ္ဂိုလ်ကို အခုလို ဥပဒေ တွေမှာ မစွဲစေချင်ရင် ဥပဒေတွေ ထည့်ပြီးပြဋ္ဌာန်း ထားဖို့တော့ လိုတယ်။ သို့မဟုတ် မစွဲရဘူးလို့ တားမြစ်ထားတဲ့ဟာ ရှိဖို့လိုတယ် ။ တားမြစ် ထား တာ မရှိဘူး ဆိုရင် တော့ ကျင့်ထုံး ဥပဒေ အရ သွားမယ် ။

 

             ရာဇသတ်ကြီး ဥပဒေ အရ သွားမယ် ဆိုရင်တော့ ကုဒ်ကတော့ ဒီကျင့်ထုံးကိုပဲ လုပ်ရတာ။ ဆန်ကျင်မှုဖြစ်ခဲ့ရင်တော့  အထူးဥပဒေအရ လွှမ်းမိုးချင်ရင်လွှမ်းမိုး မယ်။ သို့သော် ဟိုထဲမှာ တိတိကျကျ မပြဋ္ဌာန်း ဘူး ဆိုရင်တော့.. ဒါက ဥပဒေအရ ပြောတာပါ ။ ယောက္ခမ ကို အားပေး ကူညီမှု နဲ့ စွဲဖို့ မဟုတ်ပါဘူး ။ သို့သော်လည်း စွဲမယ်ဆိုရင်တော့ စွဲလို့ရပါတယ်။ တရားရုံးကနေပြီးတော့ သူရဲ့စဉ်းခြင်တုံ တရားအရ သူက အခြေအနေကြည့်ပြီးတော့ အမှုကို ဆန်းစစ် ပြီး ကွန်ပရို မိုက် လုပ်ချင် လည်း လုပ်မှာပေါ့ ။ တရားရုံးက ညှိနှုန်း ဖျန်ဖြေတဲ့ အပိုင်းလေး တွေလဲ လာ ပါတယ် ။ ဒီလိုအမှုတွေက ညှှိုနှိုင်း ဖျန်ဖြေမှု နဲ့ သွားဖို့ ကောင်း ပါတယ် ။


# DVBlawlab  # DVBtvnews  # တစ်လင် တစ်မယာ  # အားပေးကူညီမှု
 

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate