တိုက်ခန်း ကြို့ပွိုင့် ဝယ်ချင် သူများ အတွက် ဆောင်ရန် / ရှောင်ရန် များ

တိုက်ခန်း ကြို့ပွိုင့် ဝယ်ချင် သူများ အတွက် ဆောင်ရန် / ရှောင်ရန် များ

တိုက်ခန်း ကြို့ပွိုင့် ဝယ်ချင် သူများ အတွက် ဆောင်ရန် / ရှောင်ရန် များ


( ၁  ) ။   တစ်နေ့ ကျွန်တော့် မိတ်ဆွေ တစ်ဦး မှ အလုံ မြို့နယ် ၊ အထက် ကြည့်မြင့် တိုင်လမ်း မှာ ကြို့ပွိုင့် ဝယ်ထား ကြောင်း ၊ကန်ထရိုက်တာ မှာ လိုင်စင်ရ ကန်ထရိုက်တာ ဖြစ်ကြောင်း ၊ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အဆောက် အုံ ဌာနမှယာယီ မြေရှင် အဖြစ် ထားရှိပြီး အဆောက်ဦး ဆောက်လုပ် လျက် ရှိကြောင်း ၊ယခု အခါ အဆောက်ဦး မှာပြီး သွားပြီး လူနေ ထိုင်ခွင့် BCC ကျပြီ ဖြစ်သော်လည်း ကန်ထရိုက် မှာ အခန်း လွှဲပြောင်း ပေးရန် ပျက်ကွက် ပြီး ၊ ရှောင်တိမ်း နေကြောင်း အကြံ တောင်း ပါတယ်။


         ကျွန်တော်လည်း တိုက်ခန်း အား လက်ရောက် ရယူ သင့်ကြောင်း အကြံပေး ပြီး အဆိုပါ တိုက်ခန်း နှင့် ပါတ်၍ သတင်းစာကြေငြာ ထည့်ခိုင်း လိုက်ပါတယ် ၊ သတင်းစာ ကြေငြာ သည့်အခါ ပိုင်ရှင်ဟု ဆိုသူ သုံးဦး ခန့် ပေါ်လာ ပါတယ် ။ စုစုပေါင်း လေးဦး စလုံးအား ကန်ထရိုက်တာ မှ စရံသာ ယူပြီး အပြီး စာချုပ်ချုပ် မပေးခဲ့ပါ စရံ ဟုဆိုရာတွင် ရောင်း ချသည့် တန်ဖိုးရဲ့ ၇၀%  အားကန်ထရိုက်တာ မှ လက်ခံ ရယူ ပြီးဖြစ် ပါတယ် ။   
ယခု အခါ တိုက်ခန်း ပိုင်ဆိုင်မူ့  နှင့် ပါတ်ပြီး တရားရုံး တွင် ဖြေရှင်း လျက် ရပါတယ် ။


( ၂ ) ။   တောင် ဥက္ကာလာပ မြို့နယ် တွင် မိတ်ဆွေ ကန်ထရိုက်တာ မှ တိုက်ခန်း ဆောက်လုပ် လျက်ရှိ ပါတယ် ၊ အိမ်ခြံ မြေအရောင်း အဝယ်ပါး သည့် ကာလ ရောက်သောအခါ တိုက်ခန်း  ကြိုပွိုင့် ဝယ်သူ ရှားပါး လာသဖြင့် တိုက်ခန်းအား ဆက်ဆောက်ရန် အခက်ခဲ ရှိလာပါတယ် ။ ကန်ထရိုက် တော်တော် များများမှာ ထိုစဉ်က ကြိုပွိုင့် ရောင်းချ ရငွေဖြင့် အဆောက်ဦး ဆောက်လုပ် ကြပါတယ် ။ ထိုကန်ထရိုက် မှ ၄င်း ပိုင် မြေ နှင့် အိမ်အား ရောင်းချပြီး ဆောက်လက်စ တိုက်များအား ဆက်ဆောက် ပါတယ် ။ 
နာမည်တော့ အပျက် မခံနိုင်ဘူး ၊ ငွေက အချိန် မရွေး ပြန်ရှာ လို့ရတယ် ကန်ထရိုက်တာ မှ ဟုပြော ပါတယ် ။
မြေရှင် နှင့် ကြိုပွိုင့် ဝယ်သူများ လည်း စိတ်ချမ်းသာ ကြသည် ပေါ့ ။


( ၃ ) ။   သင်္ဃန်းကျွန် မြို့နယ် မှာ[ ၅ ] ထပ်တိုက် အဆောက်ဦး အား ကန်ထရိုက်တာ မှ [ ၅ ] ထပ် ခေါင်မိုး မိုးပြီး ၊ ဘေး မကာ ရသေးခင် ထွက်ပြေး သွားပါတယ် ၊ ကန်ထရိုက်တာ နှင့် စာချုပ်ချုပ် စဉ်က မြေရှင် အသိအမှတ်ပြု လက်မှတ် မထိုးထား ပါ ၊ မြေရှင်ကစိတ်ထား ကောင်း ပါတယ် ၊ ကြိုပွိုင့် ဝယ်သူများ ကိုခေါ်ပြီး  ကန်ထရိုက် သို့ ပေးရမည့် ငွေကျန် များအား
၄င်းကို ပေးရန် ၊ ၄င်းမှ ဦးစီးပြီး ၊ တိုက်အား ပြီးအောင် ဆောက်မည် ဖြစ်ကြောင်း ၊ ထိုငွေ နှင့် မလောက် ပါက အချိုး ကြ ကျခံပြီး ဆက်ဆောင်မည် ပြောပါတယ် ၊ သဘော မတူသူ ကို တိုက်ခန်း မပေး နိုင်ကြောင်း ၊ အားလုံး သဘော တူစွာဖြင့် ဆက်ဆောက် သဖြင့် ယခုတော့ အဆိုပါ တိုက်မှာ လူများ နေနေ ပါပြီး ။ အခြား ဖြစ်စဉ် များ အများ ကြီးရှိ ပါတယ် ။ ဆောက် လုပ်တဲ့ လူရဲ့ စိတ်စေတနာ နဲ့ ဆိုင်သလို ၊ နောက်ခံ ဓန အင်အား နဲ့ လည်း ဆိုင်ပါတယ် ၊  နောင်ဖြစ် ပေါ်လာမည့် ကိစ္စကို ကြိုတင် ရောင်းဝယ် ၍မရပါ ၊  ဝယ်သူ အရှုံးဖြစ်ပါတယ် ။

 

မိတ်ဆွေ အနေဖြင့် ကြို့ပွိုင့် တိုက်ခန်း မဖြစ်မနေ ဝယ်တော့ မည်ဆိုလျင်


၁ - စရံ ပေး စာချုပ်ချုပ် ချိန်ထဲက မြေရုံးကို အကြောင်း ကြားပါ ။
၂ - သတင်းစာ ကြေငြာပါ ။
၃- တိုက်ခန်း ဘယ် အထပ်ပြီးမှ စရံဘယ်လောက် ပေးရ မည်ကို စာချုပ်ထဲ ထည့်ချုပ်ပါ ၊
၄- မြေရှင် နဲ့ ကန်ထရိုက် စာချုပ် မူရင်း တောင်းကြည့် ပြီး ၊ မိတ္တူ တောင်းပါ ( အထောက် ထား အနေနဲ့ ) 
၅-ကန်ထရိုက် အကြောင်း စုံစမ်းပါ ။
၆-စာချုပ်ထဲတွင်တိုက်ခန်းပြီးရမည့်နေ့ ၊တိုက်ခန်းအပ်မည့်နေ့၊

လူ နေထိုင်ခွင် BCC  ရရှိမည့် နေ အတိအကျ ၊ သို့မဟုတ် ခန့်မှန်း နေ့စွဲ ထည့်ပါ ၊
၇- စာချုပ် ပါ စည်ကမ်း ချက် ချိုးဖောက်သူ
မှခံ ရသူ သို့ပေးရန် အဖိုး စားနား ပါပါစေ ၊
၈- ဖြစ်နိုင်ရင် တော့ မိတ်ဆွေ အနေဖြင့်  ရှေ့နေ ဖြင့် ဝယ်ယူ ရင်တော့ အကောင်းဆုံးပါ ။
[ ယခု အချိန်ထိ  ကန်ထရိုက် တိုက်ခန်း များအား နာမည် ဂုဏ်သတင်း ကောင်းစွာဖြင့် ဆက်လက် ဆောက်လုပ် လျက်ရှိသောကန်ထရိုက်တာ အများ အပြား ရှိပါတယ် ]


မိတ်ဆွေများ အမှား ကင်းစွာဖြင့် ဝယ်ယူ နိုင် ကြပါစေ
 

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate