ရွေလျားပစ္စည်းမဟုတ်တဲ့ အိမ်၊ခြံ၊မြေ တွေမှာကျွန်တော်တို့ဘာလို့ ရင်းနှီးမြုပ်နှံသင့်တာလဲ…??

07-Jan-23
ရွေလျားပစ္စည်းမဟုတ်တဲ့ အိမ်၊ခြံ၊မြေ တွေမှာကျွန်တော်တို့ဘာလို့ ရင်းနှီးမြုပ်နှံသင့်တာလဲ…??

ရွေလျားပစ္စည်းမဟုတ်တဲ့ အိမ်၊ခြံ၊မြေ တွေမှာကျွန်တော်တို့ဘာလို့ ရင်းနှီးမြုပ်နှံသင့်တာလဲ…??
လူတိုင်းလိုလို ငွေရေး ကြေးရေးတွေရှာဖွေရခက်ခဲပြီး တဖြည်းဖြည်း စီးပွားရေးလုပ်လို့ မကောင်းတော့တဲ့ခေတ်ကြီးမှာ ကိုယ့်စီးပွားရေး တိုးတက်အောင်ပြုလုပ်နိုင်တဲ့နယ်ပယ်ကလဲ ကျဉ်းမြောင်းလာပါပြီ။??
တစ်နေ့ထက်တစ်နေ့ ပိုပြီးဆုတ်ယုတ်ပျက်ပြားလာတဲ့ စီးပွားရေး စျေးကွက်ကြောင့် မိမိစုဆောင်းထားတဲ့ငွေလေးကို အသုံးပြုပြီး အဝတ်စားဆိုင် စားသောက်ဆိုင် စတာတွေဖွင့်ဖို့ကလဲ အရင်ကတည်းက ဖွင့်ထားတဲ့ဆိုင်တွေတောင် အရောင်းပါး အဝယ်ပါးတဲ့ခေတ်ဖြစ်နေပြန်။
ဒါဆိုရင် ယခုလိုငွေကြေးတန်ဖိုးကျဆင်းနေတဲ့အခြေနေမှာ မိမိစုဆောင်းထားတဲ့ငွေလေးတွေကို အလိုလျောက်တိုးပွားအောင် ဘယ်လိုလုပ်နိုင်မလဲ။?
ပရိတ်သက်အယောက်တစ်ရာရဲ့အဖြေ...........…က?
အိမ်၊ခြံ၊မြေ နယ်ပယ်မှာ ရင်းနှီးမြုပ်နှံခြင်းပဲဖြစ်ပါတယ်။??
အောင်မြင်တဲ့စီးပွားရေးသမားတိုင်း အိမ်ခြံမြေလုပ်ငန်းမှာ စွန့်စားတယ် မဆိုလိုပါဘူး ဒါပေမဲ့ စီးပွားရေးလုပ်ငန်းရှင်တိုင်းကတော့ အိမ်၊ခြံ၊မြေ မှာ အနည်းဆုံး တစ်ခေါက်တစ်ခါ တော့ ရင်းနှီးမြုပ်နှံခြင်း လုပ်ခဲ့ကြတာချည်းပါပဲ ။ ကမ္ဘာကျော်ပုဂ္ဂိုလ် ဒေါ်နယ်ထရန့် တောင် သူ့ စီးပွားရေးအစမှာ realestate လုပ်ငန်းထဲကို ဝင်ရောက်ခဲ့ပါတယ်။ ?‍?
အိမ်ခြံမြေမှာရင်းနှီးမြုပ်နှံခြင်းကနေ ဘယ်လို ထူးခြားတဲ့ အကျိုးမြတ်တွေရရှိနိုင်မလဲ ..…??‍?
(1)သက်တောင့်သက်သာဖြင့်အမြတ်များများရရှိနိုင်ခြင်း 
အိမ်၊ခြံ၊မြေမှာ ရင်းနှီးမြုပ်နှံခြင်းက စိတ်ရောကိုယ်ပါ ပင်ပန်းခြင်းမရှိပဲ သင့်ဝင်ငွေကို smart ကျကျ တိုးတက်ပွားများအောင် လုပ်ပေးနိုင်ပါတယ်။အိမ်၊ခြံ၊မြေ စျေးတက်လာတာနဲ့အမျှ မိမိကဘာမှထွေထွေထူးထူးလိုက်လုပ်စရာမလို ခေါင်းခြောက်ခံစရာမလို ပဲ သင့်အိမ်၊ခြံ၊မြေ တန်ဖိုးကလဲ အချိန်နဲ့အမျှ မြင့်တက်လာမှာပါ။မိမိအချိန်ပေးရင်ပေးနိုင်သလောက် များပြားတဲ့အမြတ်ကို ရရှိနိုင်မှာဖြစ်ပြီး တစ်နှစ် နှစ်နှစ်ဆိုတဲ့ အချိန်လေးအတွင်းမှာတင် အရင်းနဲ့ထပ်တူကျတဲ့ အမြတ်ကိုပါရရှိနိုင်ပါတယ် ။?
(2) မိမိအတွက်တိကျခိုင်မာပြီးအကျိုးမြတ်ရဖို့သေချာတဲ့ရင်းနှီးမြုပ်နှံမှု့ဖြစ်ခြင်း 
ငွေတွေအသေမထားချင်ဘူးဆိုပြီး မိမိအသိမိတ်ဆွေလုပ်ငန်းထဲကို share ထည့်တာ ၊ ငွေတိုးချလိုက်တာ ကမှ သူတို့စီးပွားရေး အရှုံးပေါ်မလား ငါ့ချေးထားတာတွေပြန်ရပါ့မလားဆိုပြီး ပူပန်သောကများနေရဦးမှာပါ။ပိုင်ဆိုင်မှု့ခိုင်မာတဲ့အိမ်၊ခြံ၊မြေ ဝယ်ထားမယ်ဆိုရင်တော့ သင်အိပ်နေရင်တောင် သင့်အမြတ်တွေက တိုးပွားနေမှာပါမှာပဲ ဖြစ်ပါတယ်။?‍♂️?‍♀️
(3)မိမိအိမ်၊ခြံ၊မြေ မှ အပိုဝင်ငွေအလွယ်တစ်ကူရရှိနိုင်ခြင်း 
စျေးကျတယ်ဆိုတာမရှိတဲ့ အိမ်ခြံမြေကိုဝယ်ပြီး ဥထားရင် အချိန်တစ်ခုရောက်တဲ့အခါ စျေးကောင်းရမဲ့ အပြင် ကိုယ်ကမနေဖြစ်လို့ ငှားစားမယ်ဆိုရင်လဲ နေရင်းထိုင်ရင်း လစဉ်လတိုင်း ဝင်ငွေက အလိုလျောက်ရရှိနေမှာပဲ ဖြစ်ပါတယ်။ငှားလိုရတဲ့ငွေပိုလေးတွေကိုလဲ စိတ်ဆန္ဒရှိရင် အဆင်ပြေမဲ့ တစ်ခြားတစ်ဖက်မှာ ပြန်ပြီး ရင်းနှီးမှု့ပြုလို့ရပါသေးတယ်။??
(4) အိမ်ပိုင်ရှင်မှ စီးပွားရေးလုပ်ငန်းရှင် အဖြစ်သို့ .....
စီးပွားရှာတော်တဲ့သူတိုင်းက မိမိဝင်ငွေကို တစ်နေရာထဲမှာ မရပ်တန့်ကြပါဘူး ။ဒါကြောင့်မို့ကိုယ်က ပထမဆုံးရင်းနှီးတဲ့ အိမ် လေးကို မိမိကြိုက်စျေးမရမခြင်း ပြန်မထုတ်ခင်ထိ အငှားကို နှစ်ချုပ်နဲ့ထားမယ် အဲ့ဒီကရလာတဲ့ငွေကို တစ်နေရာမှာပြန်ရင်း ပြန်ရင်းလို့ရလာတဲ့အမြတ်တွေစုပြီး အိမ်၊ခြံ၊မြေထပ်ဝယ်မယ်ဆို သင့်ကအချိန်တိုအတွင်း ပိုင်ဆိုင်မှု့အိမ်ယာ နှစ်လုံးဖြစ်သွားမှာပါ။ထိုအချိန် ပထမကသင်ဝယ်ထားတဲ့ နေရာလေးကိုပြန်ရောင်းရင် သင်က သန်းချီတဲ့ အမြတ်ကိုရနေပါပြီ။ဒုတိယ နေရာကိုလဲ ထပ်အငှားချပြီး ပုံမှန်ဝင်ငွေရရှိနေပါပြီ။ How smart.......??
(5) မိမိမျိုးဆက်အတွက်ပါ ပျော်ရွှင်မှု့ကိုပေးနိုင်ခြင်း 
အပေါ်ကအချက်တွေအတိုင်းလုပ်ဆောင်မယ်ဆိုရင် သင်က သင့်ရဲ့အနာဂတ်မှာ မြေယာပိုင်ရှင် သန်းကြွယ်သူ​ေဋ္ဌးကြီး ဖြစ်လာမာပါ ဒါဆိုရင် မိမိမျိုးဆက် မိမိသားသမီးတွေရဲ့အနာဂတ်လဲ ပိုပြိး အဆင့်တန်းမြင့်မြင့်နေနိုင်ပြီး ၀တ္တရားရှိတဲ့ အမွေပေးဖို့ ကိစ္စအတွက်လဲ ခေါင်းကိုက်စရာမလိုတော့ဘူးပေါ့ ။မွေခံထိုက်တဲ့သား၊သမီးတွေကလဲ ပြန်ပြီး သူတို့အနာဂတ်အတွက် စိတ်ပူစရာမရှိနိုင်တော့ပါဘူး။??‍?‍?‍?
မြေကြီးကနေ ရွှေသီးလာမဲ့ နည်းလမ်းကို သိပြီးပြီဆိုတော့ ကိုယ်တိုင်အသုံးချဖို့အခွင့်ရေးက မိမိလက်ထဲမှာပဲရှိပါတယ်။ အိမ် ခြံ မြေ ရင်းနှီးမြုပ်နှံမှု့ဆိုတဲ့ နံရံကို စီးပွားရေးဆိုတဲ့ဘောလုံးနဲ့ပစ်ပေါက်ရင် အကျိုးမြတ်ဆိုတဲ့ တန်ပြန်သက်ရောက်မှု့တွေက သင့်နားကို တန်းတန်းမတ်မတ် ပြန်လည်ရောက်ရှိလာမှာမို့ အိမ်၊ခြံ၊မြေ ရင်းနှီးမြုပ်နှံမှု့လုပ်တော့မယ်ဆို မြန်မာနိုင်ငံအနှံ့အပြားက အိမ်ခြံမြေပေါင်း (48000)ကျော်ရှိပြီး မြန်မာ့အကောင်းဆုံး အိမ်ခြံမြေ ရောင်းဝယ်ငှား website ဖြစ်တဲ့  www.yuzanarland.com ကို သတိရလိုက်ပါ။?‍♀️??‍♂️

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate