? (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အားကြိုဆိုရေးသားသည် ?

04-Jan-23
? (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အားကြိုဆိုရေးသားသည် ?

? (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အားကြိုဆိုရေးသားသည် ?
⚡️မြန်မာနိုင်ငံသည် 1886 ဇန်နဝါရီလ(1)ရက်နေ့တွင် အင်္ဂလိပ်တို့၏  အတိအလင်းနယ်ချဲ့ကျူးကျော်ခြင်းကိုခံခဲ့ရပြီး မြန်မာဘုရင် သီပေါမင်းနှင့် မိဖုရားစုဖုရားလတ်တို့ကို အန္ဒိယနိုင်ငံ ရတနာဂီရီ သို့ ခေါ်ဆောင်ခြင်းခံခဲ့ရပါတယ်။
?ထိုအချိန်မှစ၍ မြန်မာနိုင်ငံသည် အင်္ဂလိပ်တို့ရဲ့ ကျွန်ပြုခြင်းကို 62 နှစ် တိုင်အောင် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဒဏ်ကို ရက်ရက်စက်စက် ခံစားခဲ့ကြရပြီး ၁၉၄၈-ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့ရောက်မှသာလျှင် စစ်မှန်သောလွတ်လပ်ရေးကိုရရှိခဲ့သည်။ 
⚡️နယ်ချဲ့တိုင်းတစ်ပါးသား လူဖြူတို့၏ စိုးမိုးချုပ်ကိုင်မှု့အောက်မှ လွတ်မြောက်လာခဲ့သောနေ့ကို လွတ်လပ်ရေးနေ့ ဟူ၍ သတ်မှတ်ခဲ့သည်။
?ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက်၊ တနင်္ဂနွေနေ့သည် မြန်မာနိုင်ငံ၏လုံး၀လွတ်လပ်သော အချုပ်ချာအာဏာပိုင် ပြည်ထောင်စု သမ္မတနိုင်ငံအဖြစ်သို့ အတိလင်းရောက်ရှိသေ ာနေ့ထူးနေ့မြတ်တစ်ရက် ဖြစ်လေသည်။
⚡️ထိုနေ့ရက်လေးသည် မြန်မာနိုင်ငံဖွား ပြည်ထောင်စုတိုင်းရင်းသား အားလုံးအတွက် တန်ဖိုးအရှိဆုံးရက်လေးဖြစ်တာနဲ့အညီ မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ရွာများတွင် ထိုနေ့ကို မှတ်တမ်းတင်သော မော်ကွန်းကျောက်စာတိုင်များ စိုက်ထူကြပြီးလျှင် အောက်ပါအတိုင်း ကမ္ဗည်း ထိုးထားကြသည်။
?ဂြီသက္ကရာဇ် တစ်ထောင့်သုံးရာကိုးခုနှစ် ၊ ပြာသိုလဆုတ် (၉)ရက် ၊ တနင်္ဂနွေနေ့အား ဤငါတို့မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ် အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးအဖြစ် ကောင်းစွာရောက်သတည်း။
⚡️ကျွန်ုပ်တို့ ယနေ့ခေတ်မြန်မာနိုင်ငံသားများသည် ဗိုလ်ချုပ်အောင်ဆန်းအပါဝင် မိမိတို့၏ ဘိုးဘေးများ အသက်သွေးချွေးများကို ရင်းကာ အရယူပေးခဲ့သော လွတ်လပ်ရေးဟူသော အရာကို တန်ဖိုးထားရကောင်းမှန်း မေ့လျော့မှန်းမသိမေ့လျော့နေကြသည် ။
?နယ်ချဲ့ မျက်နှာဖြူ အင်္ဂလိပ်တို့သည် ကျွန်ုပ်တို့၏ မြန်မာနိုင်ငံအောက်ပိုင်းကို နှစ်ပေါင်း (100) ကျော် မြန်မာနိုင်ငံအထက်ပိုင်းကို နှစ်ပေါင်း (60)ကျော်ကြာအောင် ကျွန်ပြုခဲ့ကြပါတယ်။
⚡️မြန်မာခေါင်းဆောင်ကြီးများ၏ အမျိုးမျိုးသော ကြိုးပမ်းမှု တို့ကြောင့်ရရှိခဲ့သော ဤလွတ်လပ်ရေးကို တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်ထောင်စုကြီး တိုးတက်ဖွံ့ဖြိုးစေရန်မှာ ပြည်ထောင်စုသားအားလုံး၏ တာဝန်ဖြစ်ပါတာနှင့် အညီ လွတ်လပ်ရေးနေ့ကို မေ့လျော့ခြင်းမရှိကြစေရန် ၊ အမြဲသတိရကြစေရန် လွတ်လပ်ရေးနေ့အထိန်းမှတ်အဖြစ် နိုင်ငံတစ်ဝှမ်းက လွတ်လပ်ရေးကျောက်တိုင်များ ဘောလုံးကွင်များတွင် အားကစားပြိုင်ပွဲများ ပြေး ခုန်ပစ် ပြိုင်ပွဲများကို နှစ်စဉ် နှစ်တိုင်း ကျင်းပလျက်ရှိသည်။
?  နိုင်ငံတော်အစိုးရကလဲ လည်း နိုင်ငံ၏တာဝန်ကို ထူးချွန်စွာထမ်းဆောင်သူတို့အား ထိုနေ့တွင် ဘွဲ့ထူး ဂုဏ်ထူး နှင့် ဆုလာဘ်များ ပေးအပ်ချီးမြှင့်လေသည်။
 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate