အမက ဆီဖိုး 5000 ပေးမှ လိုက်ပြမှာ……………….

24-Dec-22
အမက ဆီဖိုး 5000 ပေးမှ လိုက်ပြမှာ……………….

အမက ဆီဖိုး 5000 ပေးမှ လိုက်ပြမှာ……………….
ဒီနေ့မနက်ရုံးရောက်ရောက်ချင်း laptopလေးဖွင့်ပြီးfacebookထဲသွားတော့ new feed မှာပထမဆုံး တွေ့လိုက်ရတဲ့ post လေးကိုကြည့်ပြီး စိတ်ထဲမှာတကယ်ကို?ရီရမလိုငိုရမလို? ပါပဲ။ ပထမတော့ ကိုယ်လဲ မြင်မြင်ချင်း ဟ…..ဘယ်လိုပွဲစားလဲဆိုပြီး ခွက်ထိုးခွက်လန်ရယ်မိသေးတယ် ရယ်ပြီးတော့ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို အေးအေးဆေးဆေးဆက်လုပ်နေတာပါပဲ (မလုပ်လို့လဲ မရဘူးလေ ကျွန်တော်က အမျိုးသမီးမျက်နှာတစ်ကမ္ဘာ လိုနေတဲ့ ကောင်ဆိုတော့ အိမ်သူသက်ထား ချစ်ဇနီးလေး ရွှေစိတ်တော် မညိုးပဲ အချစ်တိုးအောင် ကြိုးစားဖို့က ကျွန်တော့အဓိက တာဝန်ကိုဗျ? ) အိမ်သူသက်ထားကို မျက်နှာတစ်ကမ္ဘာလုပ်တာခနထားပြီး အဓိကပြောချင်တဲ့အေကြာင်းရာလေးကို ပြန်သွားမယ်နော် အဲ့တာနဲ့အလုပ်လုပ်နေရင်း အကြောင်းအရာတစ်ခုက ကျွန်တော့် အတွေးထဲကို မဖိတ်ခေါ်ဘဲ ဝင်ရောက် စိုးမိုးခဲ့ပါတယ် အက်ဒီ အတွေးဟာ ဘာလဲဆိုရင် ကျွန်တော်မပြောလဲ စာဖတ်သူ တို့သိပြီးသားဖြစ်မှာပါ မနက်ကတွေ့လိုက်ရတဲ့ Post အကြောင်း မဟုတ်ပါဘူး ?အပေါ့သွားချင်တာပါ မိုးအေးရင် ဆီးက ခနခန သွားချင်တယ် လေနော် ဟဲဟဲ…..ပြောင်တာပါဗျ
တကယ်တော့အဲအချိန် အပေါ့မသွားပဲအောင့်ထားခဲ့တာပါ ဒီလိုနဲ့ အလုပ်ဆက်လုပ်နေရင်း တကယ့်ကို မနက်က ဖတ်မိလိုက်တဲ့ “အမ ဆီဖိုး5000ပေးမှ လိုက်ပြမှာ “ ဆိုတဲ့ Post အကြောင်းက ခေါင်းထဲရောက်လာခဲ့ပါတယ်….ထိုအတွေးထဲသို့ နစ်မြုပ်နေစဉ် ကျွန်တော်ထင်မြင် မိသည်မှာ ထို post ကိုအပေါ်ယံအားဖြင့် အိမ်ခြံမြေလောက ထဲကမဟုတ်သော သာမာန်လူတစ်ယောက် ဖတ်မိလျှင် ဟာသတစ်ခုလို့ မြင်ပါလိမ့်မည် အိမ်ခြံမြေဝယ်ယူမည့် customer ဖက်ကကြည့်လိုက်မယ်ဆိုရင်တော့ ပွဲစားလုပ်နေပြီး ပုံကလဲ မပို့နိုင် လိုက်ပြဆိုတော့လဲ အမဆီဖိုး 5000 ထောင်ပေးမှတဲ့ ကဲဗျာ ဘယ်လောက်တောင် မခံမရပ်နိုင်စရာကောင်းလိုက်သလဲ အဲ့ဒီ အချိန် customer ရဲ့ စိတ်ထဲမှာ ဒီပွဲစားတော်တော် လူပါး၀တယ် သူတို့ပွဲစားလုပ်တာ ဘာပင်ပန်းလိုလဲ ပါးစပ်လေးပဲ စိုက်ရတာကို စသဖြင့် အတွေးပေါင်းများစွာ ဝင်ကောင်း ဝင်နေပါလိမ့်မယ် ။ အကျိုးဆောင် တွေကတော့ အေ့လေ့ သူပြောတာလဲ ဟုတ်တာပဲ ငါတို့လဲနောက်တစ်ခါ သူလိုလုပ်ရင်ကောင်းမလား ဆိုပြီး တွေးကိုတွေးကြမှာ မြေကြီးလက်မလွဲပဲဗျို့… အကျိုးဆောင်တွေမို့လို့ သူဖက်ကလိုက် ပြောကြတယ်လို့ ထင်ကြပါလိမ့်မယ် သို့ပေတည်း ဒီကိစ္စဟာ အကျိုးဆောင်တိုင်းလိုလို တွေ့ကြုံရတက်တဲ့ အဓိက ပြသာနာတစ်ရပ်ပါ။ ပုံနဲ့အချက်လက်ပြောပြပေးလိုက်ရင်ကျ တစ်ချို့ customer တွေကိုယ်တိုင်က အကွက်ကိုမြေပြင်မှာသွားရှာပြီး info ပေးတဲ့အကျိုးဆောင်ကိုမခါ်ဘဲ တိုက်ရိုက်သွားဝယ်တက်ကြတာတွေကလဲရှိသေးတာကို…။ Jarnak realtor အနေနဲ့ရော အိမ်ခြံမြေလုပ်ငန်းကို ဆယ်စုနှစ်နီးပါးထိလုပ်လာတဲ့ အတွေ့ကြုံ တွေကို အခြေခံပြီးတော့ရော အဲ့ဒီပြသနာကို ခေါင်းစဉ်သက်သက်ပေးရမယ်ဆိုရင်တော့ “ဝယ်သူသစ္စာမရှိခြင်း”လို့ပဲပြောရမယ်ထင်တယ်ဗျ။ ကျွန်တော်ကိုယ်တိုင် တစ်ခါတလေကျ customerကို ထီးဖြူဖိနပ်ပါးရုံမက ခြေတိုတဲ့ထိ အားရပါးရ မမော မပန်းလိုက်ပြ အခွင့်ကြုံရင် သဘောကောင်းစွာ အအေးဘာညာ ဝယ်တိုက်သေးဗျာ ကိုရဲ့လုပ်ငန်းကလဲ service ပေးတဲ့လုပ်ငန်းဖြစ်နေတော့ ငြိုငြင်လို့ မရဘူးလေနော် ကျွန်တော့် ပင်ကိုယ်စရိုက်ကလဲ ရုပ်ချောသဘောကောင်း တာကိုက အားနည်းချက်လိုဖြစ်နေတာကို? အဲ့လိုနဲ့ တစ်နေကုန် သူကြိုက်လိမ့်နိုးနိးနဲ့ စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်အောင် လိုက်ပြ ဒီနေ့မပြီးနောက်နေ့ထက်ပြ (3) ရက်လောက်ထိ လိုက်ပြပြီးတော့ သူကြိုက်တဲ့အကွက်လေးတွေ့ပြီ ယူမယ်ဆိုတော့ ဝမ်းသာအားရ ပိုင်ရှင်နဲ့ ဆက်သွယ်ပြီး ရောင်းမဲ့သူ ဝယ်မဲ့သူ စုံစုံလင်လင် လက်ဖက်ရည်ဆိုင်မှာတွေ့ကြတာပေါ့ဗျာ (လက်ဖက်ရည်ဖိုးလဲ ကျွန်တော်ပဲ လျှာရှည်ပြီး ရှင်းခဲ့တာပါ) မနက်ဖြန် ( ၉ )နာရီမှာ အရောင်းဝယ်စာချုပ်ချုပ်ကြမယ်ပေါ့ ။ဒီလိုနဲ့ နှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့တာ မနက်ဖြန်အရောင်းဝယ်ဖြစ်မှာဆိုတော့ ပြန်ရောက်တာနဲ့ အိမ်ကမိသားစုဝင် တွေကိုပါ ကိုယ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောပြပြီး ဝိုင်းဝမ်းသာနေကြတုန်း စောနကတွေ့ခဲ့တဲ့ customer ဆီကဖုန်းပြန် ဝင်လာရော စိတ်ထဲမှာတော့ ဒီcustomer ကွာ မနက်ကမှတွေ့လာတာ မနက်ဖြန်လဲတွေ့ရဦးမှာကို ဖုန်းပဲဆက် နေတယ်….ငါ့များကြိုက်နေလားမသိပူး လို့ မတွေးပါဘူးလို့ ဟုတ် အဝယ် cancel တာမဟုတ်ပါစေနဲ့လို့ပဲ တွေးရင်း ဖုန်းကိုရင်တမမနဲ့ ကိုင်လိုက်မှပဲ ရင်ထဲကအလုံးကြီး ကျသွားတော့တယ် ဟူး……… တော်သေးတာပေါ့ဗျာ တဂာယ် cancel သွားတာ မဝယ်ဖြစ်တော့ဘူးတဲ့လေ ။အော်…….ဖြစ်တက်တာပဲလေ သူတစ်ခုခု အဆင်မပြေဖြစ်သွားလို့နေမှာပါဆိုပြီး တရားနဲ့ပဲဖြေလိုက်ပါတယ် ။ နောက်တစ်ပတ်လောက် ကြာတော့ တခြားcustomer ကို ကိုယ်က အဲ့ခြံထပ်သွားပြကာမှသိလိုက်ရတာ ရှေ့တစ်ပတ်က ကျွန်တော် လိုက်ပြလိုက်တဲ့ ဧည့်သည်က ခြံကိုဝယ်သွားပါပြီတဲ့။ သူမဝယ်ဖြစ်ဘူး သူ့အကိုဝယ်တာပါဆိုပြီး ပိုင်ရှင်တိုက်ရိုက် ဝယ်သွားတာပါတဲ့ ခင်ဗျာ။ လူအများစုက အကျိုးဆောင်အလုပ်ကို သိပ်လွယ်တယ်လို့ ထင်ကြတာဗျ တကယ်တော့ ဒီအလုပ်က လူပင်ပန်းတာထက် စိတ်ပင်ပန်းတာပိုဆိုးတာ မျှော်လင့်ချက်ပန်လေးတွေကို ပျိုးပေးလိုက် ပျိုးပေးတဲ့ လက်ကပဲဖျတ်ဆီးသွားလိုက်နဲ့မို့ တော်ရုံတန်ရုံ Emotion များတဲ့သူဆို ဒီအလုပ်ကို လွယ်လွယ်လက်လျော့ကုန်ကြတာများတယ်ဗျ……….ဒါကြောင့် အိမ်ခြံမြေဝယ်ယူသူ ဘောစိများအနေနဲ့လဲ ကျတော်ရေးတဲ့ဒီစာလေးဖတ်ပြီး အကျိုးဆောင်တွေအပေါ် ရွှေ စိတ်တော်မညှိုးကြပါနဲ့လို့ ဂါ၀ရတရားရှေ့ထား ပြောကြားရင်း အကျိုးဆောင် များအားလုံးလဲ နေ့ရက်တိုင်းရောင်းပန်း ဝယ်ပန်းများ ပွင့်လန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခဗျ ။………..။
(ရင်တွင်းဖြစ်?)

jarnak real estate မှကူးယူဖော်ပြသည်။

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate