(အများပြည်သူတို့သိမှတ်ဖွယ်ရာ ဥပဒေ ပုဒ်မ ၂၉၄/၅၀၆)
13-Aug-21

အရပ်ထဲတွင် ဆဲဆိုရန်ဖြစ်ကြသူတို့အတွက် ဥပဒေမှ ဒီတိုင်းမထားပါ။ပြဿနာဖြစ်ခဲ့လျှင် ရပ်ကွက်ရုံးသို့တိုင်ကြားခံရ၍ ဖြေရှင်းကြသူတို့အတွက် ကိစ္စမရှိသော်လည်း ရိုးရိုးရုံးတွင် ကျေအေးမပေးနိုင်သူတို့မှာ တရားရုံးသို့ရောက်တတ်ကြသည်။
ထိုအခါ တရားရုံးတွင် စွဲဆိုခံရသောပုဒ်မတို့မှာ ရာဇသတ်ကြီးပုဒ်မ-၂၉၄ / ရာဇသတ်ကြီးပုဒ်မ-၅၀၆ တို့နှင့် စွဲဆိုဖြေရှင်းထုချေကြရသည်။
ထို့ပြင် ပြဿနာဖြစ်ပွားရာတွင် လက်ပါသူတို့အတွက် ပုဒ်မ-၃၂၃/ပုဒ်မ-၃၂၄ စသဖြင့် တုတ်ဓားပါလျှင် ပုဒ်မ-၃၂၅/ပုဒ်မ-၃၂၆ စသည်တို့ဖြင့် ကြီးလေးစွာ ပြစ်ဒဏ်ချမှတ်ခြင်း ခံရတတ်သည်။
ယခုတင်ပြလိုသည်မှာ ပုဒ်မ-၂၉၄(ညစ်ညမ်းစွာဆဲဆိုမှု) နှင့် ပုဒ်မ-၅၀၆(ခြိမ်းခြောက်မှု) တို့ဖြစ်သည်။
ပုဒ်မ-၂၉၄ မှာ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် (၃ လ) နှင့် ငွေဒဏ်တို့ချမှတ်နိုင်ပြီး ပုဒ်မ-၅၀၆ မှာ ပြစ်မှုထင်ရှားလျှင် (၂ နှစ်) ထိ ထောင်ဒဏ် နှင့် ငွေဒဏ်တစ်မျိုးမျိုးလဲ ချမှတ်နိုင်သည်။
ပုဒ်မနှစ်ခုလုံးမှာ ရဲအရေးပိုင်သော ပုဒ်မများဖြစ်၍ ပြဿနာဖြစ်ပွားရာနေရာရှိ အပိုင်ရဲစခန်းသို့ သွားရောက်တိုင်ကြားအမှု့ဖွင့်နိုင်ပါသည်(ရဲမှအမှုမဖွင့်ပေးလျှင် မြိုနယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုနိုင်ပါသည်)။
ထို့ပြင် စွပ်စွဲခံရသူမှ လာရောက်မဖြေရှင်းလျှင် ဖမ်းဝရမ်းထုတ်၍ ဖမ်းဆီးနိုင်ပါသည်။ အာမခံရသော ပုဒ်မများဖြစ်သောကြောင့် စခန်းတွင်ရဲအာမခံ တရားရုံးသို့ရောက်ရှိလျှင် ရုံးအာမခံလုပ်ရန်လိုအပ်ပါသည်(အာမခံအကြောင်းနှင့် အာမခံမည်သို့လုပ်ရပုံများကို နောက်postများတွင်ရေးသားပေးပါမည်)။
ပြစ်မှု့ဆိုင်ရာဥပဒေပါ ပုဒ်မ-၂၉၄ နှင့် ပုဒ်မ-၅၀၆ ဖွင့်ဆိုချက်
………………………………………………………………………
ရာဇသတ်ကြီးပုဒ်မ-၂၉၄ ။ ။
မည်သူမဆို………… အခြားသူများ စိတ်ငြိုငြင်အောင် --
(က) အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင် ညစ်ညမ်းသောပြုလုပ်မှု တစ်ခုခုကိုပြုလုပ်လျှင် သို့မဟုတ်
(ခ) အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင်ဖြစ်စေ အနီးအနားတွင်ဖြစ်စေ ညစ်ညမ်းသော ကဗျာ လင်္ကာ သီချင်း စကား တစ်မျိုးမျိုးကိုရွတ်ဆိုခြင်း သီဆိုခြင်း ပြောဆိုခြင်း တစ်ခုခုပြုလျှင် ထိုသူကို သုံးလထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ရာဇသတ်ကြီးပုဒ်မ-၅၀၆ ။ ။ (ရာဇဝတ်မကင်းသောခြောက်လှန့်မှု)
မည်သူမဆို………… ရာဇဝတ်မကင်းသော ခြောက်လှန့်မှုကို ကျူးလွန်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ည််